Connect with us

International Organizations

အန္တရာယ်ရှိသောစစ်ရေးလှုပ်ရှားမှုများက အရှေ့အလယ်ပိုင်းဒေသကို နက်ရှိုင်းသော ချောက်အတွင်းသို့သာ တွန်းပို့မည်ဖြစ်ကြောင်း တရုတ်ကိုယ်စားလှယ် သတိပေး

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံး (ရှေ့တန်း၊ အလယ်) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရှေ့အလယ်ပိုင်းအရေး တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အင်းအားဖြင့် ပြဿနာများကို ဖြေရှင်းမရကြောင်း၊ အန္တရာယ်ရှိသော မည်သည့်စစ်ရေးလှုပ်ရှားမှုမဆို အရှေ့အလယ်ပိုင်းဒေသကို ကြိုတင်ခန့်မှန်း၍မရသော နက်ရှိုင်းသည့် ချောက်အတွင်းသို့သာ တွန်းပို့မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇန်နဝါရီ ၂၈ ရက် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ပါဝင် ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် အီရန်အခြေအနေသည် ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်မှုကို ဖြစ်ပေါ်စေပြီး အရှေ့အလယ်ပိုင်းဒေသ စစ်မက်မိုးတိမ်များ စုဝေးပြည့်နှက်ကာ အခြေအနေတင်းမာမှုအငွေ့အသက်မှာ အဆက်မပြတ် ဆိုးရွားလာကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အီရန်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ရာ အီရန်အရေးကိစ္စကို အီရန်ပြည်သူများက ကိုယ်တိုင်ဆုံးဖြတ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီရန်က နိုင်ငံတည်ငြိမ်ရေးကို ထိန်းသိမ်းခြင်း၊ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ခြင်းတို့အား ထောက်ခံအားပေးသလို မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးက “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူများကို အခိုင်အမာ လိုက်နာရန်၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ရန်၊ နိုင်ငံတကာဆက်ဆံရေးတွင် အင်အားသုံးမည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် အသုံးပြုခြင်းကို ဆန့်ကျင်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်စသည့် သက်ဆိုင်ရာဘက်က နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဒေသတွင်းနိုင်ငံများ၏ တောင်းဆိုချက်များကို မှန်ကန်စွာ ရှုမြင်ရန်၊ အရှေ့အလယ်ပိုင်းဒေသ အေးချမ်းတည်ငြိမ်ရေးကို အကျိုးပြုသည့် ကိစ္စရပ်များကို ပိုမိုလုပ်ဆောင်ရန်၊ ပဋိပက္ခ နှိုးဆွခြင်း၊ မီးလောင်ရာလေပင့်ခြင်းကို ရှောင်ကြဉ်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသသည် အရှေ့အလယ်ပိုင်းဒေသပြည်သူများ၏ အရှေ့အလယ်ပိုင်းဖြစ်ပြီး အင်အားကြီးနိုင်ငံများ အားချင်းယှဉ်ပြိုင်ရာကွင်းပြင်မဟုတ်သလို ယင်းဒေသတွင်း ပြင်ပမှနိုင်ငံများ၏ ပထဝီဝင်နိုင်ငံရေး လုယက်ယှဉ်ပြိုင်မှုအတွင်း နစ်နာသူများလည်း မဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အရှေ့အလယ်ပိုင်းဒေသပြည်သူများ၏ ကိုယ်ပိုင်ရွေးချယ်မှုကို လေးစားရန်၊ ဒေသတွင်းနိုင်ငံများ၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်မှုများကို အလေးထား ရှုမြင်ရန်၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးအား မြှင့်တင်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ အတူတကွ ပါဝင်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………….
(Chinese Version)
中国代表警告:军事冒险行动只会将中东推向深渊
新华社联合国1月28日电 中国常驻联合国代表傅聪28日在安理会中东问题公开辩论会上发言说,武力解决不了问题,任何军事冒险行动只会将中东地区推向不可预知的深渊。
傅聪说,当前,伊朗局势引发广泛关注,中东地区战云密布,紧张气氛不断加剧。伊朗是独立的主权国家,伊朗的事情应由伊朗人民自主决定。中方希望并支持伊朗保持国家稳定,支持维护伊朗主权、安全和领土完整。
他说,中方呼吁各方恪守《联合国宪章》宗旨和原则,反对干涉别国内政,反对在国际关系中使用或威胁使用武力。中方希望美方等有关方面正视国际社会和地区国家呼声,多做有利于中东和平稳定的事,避免激化矛盾、火上浇油。
傅聪说,中东是中东人民的中东,不是大国博弈的角斗场,也不应成为域外国家地缘争夺的受害者。中方愿同国际社会一道,尊重中东人民的自主选择,重视地区国家的合理关切,共同为促进中东和平稳定发挥建设性作用。(完)
图说:2025年10月23日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在联合国安理会中东问题公开辩论会上发言。新华社记者 张凤国 摄