Asia
ဒေသတွင်းပြဿနာများနှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် ထိုင်းနှင့်ကမ္ဘောဒီးယား ယာယီရွှေ့ဆိုင်းထားဟု ထိုင်းနိုင်ငံ အမှတ် (၁) စစ်ဒေသ ဆို
ဘန်ကောက်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနှင့် မူလက ဇန်နဝါရီ ၂၉ ရက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည့် ဒေသတွင်းပြဿနာများနှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေထိုးရန် ယာယီရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံ အမှတ် (၁) စစ်ဒေသက ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ အမှတ် (၁) စစ်ဒေသနှင့် ကမ္ဘောဒီးယား အမှတ် (၅) စစ်ဒေသတို့သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဖြစ်သော ကမ္ဘောဒီးယားဘက်ရှိ Poipet နယ်စပ်ဂိတ်တွင် ထိုင်း-ကမ္ဘောဒီးယား ဒေသဆိုင်ရာ နယ်စပ်ရေးရာကော်မတီ (RBC) အတွင်းရေးမှူးရုံး အစည်းအဝေးကို ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ပြီး ဒေသတွင်း နယ်စပ်ပြဿနာများကို ညှိနှိုင်းဆွေးနွေးဖြေရှင်းကာ နားလည်မှုစာချွန်လွှာမူကြမ်းကို ရေးသားခဲ့သည်။ အကယ်၍ နှစ်ဖက်သည် ယင်းမူကြမ်းအပေါ် သဘောတူညီမှုရရှိပါက ဇန်နဝါရီ ၂၉ ရက်တွင် လက်မှတ်ရေးထိုး၍ အတူတကွ အကောင်အထည်ဖော်မည်ဖြစ်သည်။
အကြောင်းအရာ အချို့တွင် တစ်ဆင့်တိုး ညှိနှိုင်းဆွေးနွေးရန်လိုအပ်ဆဲဖြစ်သောကြောင့် ထိုနေ့တွင် သက်ဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေထိုးခဲ့ခြင်း မရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုင်း-ကမ္ဘောဒီးယား ဒေသဆိုင်ရာ နယ်စပ်ရေးရာကော်မတီ (RBC) သည် သင့်လျော်သောအချိန်တွင် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားပြီး သက်ဆိုင်ရာ မူကြမ်းကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ တရားဝင် လက်မှတ်မရေးထိုးမီ ထိုင်းနိုင်ငံ အမှတ် (၁) စစ်ဒေသသည် ယင်းမတိုင်မီ နယ်စပ်အထွေထွေကော်မတီ (GBC) အထူးအစည်းအဝေးတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ လက်မှတ်ရေးထိုးခဲ့သော ပူးတွဲကြေညာချက်ကို ဆက်လက်လိုက်နာသွားမည်ဖြစ်ပြီး နယ်စပ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(Chinese Version)
泰国第一军区:泰柬暂缓签署涉地区问题谅解备忘录
新华社曼谷1月29日电(记者赵彩琳 常天童)泰国第一军区29日发布声明说,原定于当日同柬埔寨方面签署的涉地区问题谅解备忘录暂缓进行。
27日至28日,泰国第一军区与柬埔寨第五军区在泰柬交界的柬埔寨波贝边境口岸举行泰柬边界委员会秘书处会议,商讨解决地区边境问题并起草谅解备忘录草案。若双方就草案达成共识,将于29日签署并共同执行。
声明说,因仍有部分议题需进一步磋商,当天未签署相关文件。泰柬边界委员会将择机再进行会谈并签署相关草案。正式签署前,泰国第一军区将继续遵守此前泰柬双方在边界总委员会特别会议上签署的联合声明,维护边境和平与稳定。(完)
图说:这是12月27日在泰国尖竹汶府边境口岸拍摄的谈判现场。新华社记者 孙玮彤 摄
