Europe
ဂရင်းလန်းကျွန်း သဘောတူညီချက် ဟူသည်မရှိ၊ နယ်မြေပိုင်နက် အချုပ်အခြာအာဏာက မျဉ်းနီဖြစ်သည်ဟု ဒိန်းမတ် ဝန်ကြီးချုပ် ဆို
ပဲရစ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Mette Frederiksen သည် ဇန်နဝါရီ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံသို့ ခရီးစဉ် သွားရောက်သည့်ကာလအတွင်း France 2 ရုပ်မြင်သံကြားဌာန၏ မေးမြန်းမှုကို ဖြေကြားရာ၌ နေတိုးအဖွဲ့နှင့် အမေရိကန် သမ္မတ ထရမ့်တို့ ရရှိထားသည့် ဂရင်းလန်းကျွန်း သဘောတူညီချက် ဟူသည်မရှိကြောင်း၊ နယ်မြေပိုင်နက် အချုပ်အခြာအာဏာသည် အငြင်းပွားမှုအား ဖြေရှင်းရာတွင် ကျော်ဖြတ်၍မရသော “မျဉ်းနီ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်က လတ်တလောရက်ပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နှင့် အနာဂတ်တွင် ဂရင်းလန်းကျွန်းနှင့်စပ်လျဉ်းသော သဘောတူညီချက်ရရှိရန်အတွက် မူဘောင်ချမှတ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပေါ် Mette Frederiksen က ထိုကဲ့သို့ သဘောတူညီချက်တစ်ခုမရှိကြောင်း၊ သက်ဆိုင်ရာဘက်များက ဖြေရှင်းမှုနည်းလမ်းရှာဖွေရန်အတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြောင်း၊ နေတိုးအဖွဲ့အနေဖြင့် ၎င်းကိုယ်တိုင်က ဂရင်းကျွန်း၌ တည်ရှိမှုအားမြှင့်တင်ရန်အတွက် သဘောထားဖော်ပြမှုသည် “အပြုသဘောဆောင်” ကြောင်း၊ သို့သော် ဂရင်းလန်းကျွန်းနှင့် စပ်လျဉ်း၍ နေတိုးအဖွဲ့က ထရမ့်နှင့် ညှိနှိုင်းဆွေးနွေးပိုင်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းသည် နေတိုးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ အမေရိကန် ကာကွယ်ရေးနှင့် အစုအဖွဲ့လိုက် ကာကွယ်ရေး စသည့်ကဏ္ဍလုပ်ငန်းနှင့်စပ်လျဉ်း၍ နေတိုးအဖွဲ့မူဘောင်အောက်တွင် လုပ်ဆောင်နိုင်ကြောင်း Mette Frederiksen က ဆိုသည်။ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် အမျိုးသားရေး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်သည် “မဖြစ်မနေ လေးစားမှုရရှိရမည့်မျဉ်းနီ” ဖြစ်ကြောင်း၊ “အလိုလိုက် အလျှော့ပေး၍မရ” ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
ထရမ့်၏ ဂရင်းလန်းကျွန်းအား တပ်မက်သော ပြောဆိုချက်ကို Mette Frederiksen က “လက်တွေ့ထက် ကျော်လွန်နေသည်” ဟု ပြောကြားခဲ့သည်။ ဥရောပအနေဖြင့် ဂရင်းလန်းကျွန်း အရေးကိစ္စတွင် စည်းလုံးညီညွတ်မှုကို ဖော်ပြခဲ့ကြောင်း၊ ယင်းသည် လက်ရှိအခြေအနေတွင် “အသုံးဝင်တဲ့အပြင် ပိုပြီးလိုအပ်တယ်” ဟု ၎င်းက ဆိုခဲ့သလို ဥရောပအနေဖြင့် မိမိကိုယ်တိုင်ကာကွယ်ရေးတည်ဆောက်မှုကို မြှင့်တင်သင့်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။ (Xinhua)
—————–
(Chinese Version)
丹麦首相:没有所谓格陵兰岛协议 领土主权是红线
新华社巴黎1月28日电(记者乔本孝)丹麦首相弗雷泽里克森28日访问法国期间接受法国电视二台采访时表示,没有所谓北约和美国总统特朗普达成的格陵兰岛协议,领土主权是解决争端不可逾越的“红线”。
特朗普近日在社交媒体发文称,他已同北约秘书长吕特就未来达成有关格陵兰岛的协议制定框架。对此弗雷泽里克森说,没有这样一个协议。相关方同意为寻求解决方案成立工作组,北约就加强自身在格陵兰岛存在的表态是“积极的”,但北约没有权限与特朗普就格陵兰岛进行谈判。
弗雷泽里克森说,格陵兰岛是北约的一部分,关于美国国防和集体防御等方面工作,都可以在北约框架下进行。她强调,国家主权和民族自决权是“必须得到尊重的红线”,“不可能妥协”。
弗雷泽里克森将特朗普觊觎格陵兰岛的言论形容为“超现实”。她说,欧洲在格陵兰岛问题上展现出团结,这在当前形势下“不仅有用,更是必要的”。她还呼吁欧洲加强自身防务建设。(完)
图说:这是1月14日拍摄的丹麦自治领地格陵兰岛首府努克市郊景色。新华社发(安德斯·孔斯豪格摄)
