Connect with us

North America

ထရမ့်က “အီရန်အပေါ် ကြီးမားသောတိုက်ခိုက်မှု အသစ်လုပ်ဆောင်ရန် စဉ်းစားနေသည်” ဟု သတင်းဖော်ပြခံရ

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံပြီးနောက် ထွက်ခွာလာသော အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က “အီရန်အပေါ် ကြီးမားသောတိုက်ခိုက်မှု အသစ်လုပ်ဆောင်ရန် စဉ်းစားနေသည်” ဟု အမေရိကန် CNN သတင်းဌာနက ဇန်နဝါရီ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ထရမ့် စဉ်းစားနေသည့် ရွေးချယ်ချက်များတွင် အီရန် အကြီးအကဲနှင့် လုံခြုံရေးအရာရှိများအား လေကြောင်းတိုက်ခိုက်ခြင်းနှင့် အီရန် နျူကလီးယား အဆောက်အဦနှင့် အစိုးရအဖွဲ့အစည်းများအား တိုက်ခိုက်ခြင်းတို့ ပါဝင်ကြောင်း၊ သို့သော် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်း၊ အမေရိကန် ရေတပ် “Abraham Lincoln” လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုအား သက်ဆိုင်ရာဒေသ၌ ဖြန့်ကြက်နေရာချထားပြီးနောက် ၎င်း၏ စစ်ရေးရွေးချယ်ချက် အတိုင်းအတာသည် တိုးချဲ့လာပြီဖြစ်ကြောင်း သတင်းတွင် သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

သတင်းတွင် အမေရိကန် အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကိုလည်း ကိုးကား၍ အမေရိကန်စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်စစ်တပ်များ အီရန်၏ လက်တုံ့ပြန်မှုခံရခြင်းအား ကာကွယ်ရန်အတွက် ထိုဒေသ၌ “Patriot” ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ် အပါအဝင် လေကြောင်းကာကွယ်ရေးစနစ်အား အဆက်မပြတ် ဖြန့်ကြက်နေရာချထားခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသ၌ “THAAD” ပဲ့ထိန်းဒုံးကျည် ကြားဖြတ်ဟန့်တားရေးစနစ် တစ်စုံ သို့မဟုတ် အစုံများစွာ ဖြန့်ကြက်နေရာချထားရန် စီစဉ်နေကြောင်း၊ ထိုမတိုင်မီ အမေရိကန်နှင့် အီရန်သည် အီရန် နျူကလီးယားအစီအစဉ်နှင့် ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်မှုအား ကန့်သတ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုသည် တိုးတက်မှု မရရှိခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

——————
(Chinese Version)
特朗普被曝“正考虑对伊朗发动新的重大打击”
新华社华盛顿1月28日电 据美国有线电视新闻网28日报道,美国总统特朗普“正考虑对伊朗发动新的重大打击”。
报道援引消息人士的话说,特朗普正在考虑的选项包括空袭伊朗领导人和安全官员,以及袭击伊朗核设施和政府机构,但尚未做出最终决定。自美国海军“亚伯拉罕·林肯”号航空母舰打击群在相关地区部署以来,他的军事选项范围已经扩大。
报道还援引一名美国官员的话说,美军一直在向中东地区部署包括“爱国者”防空系统在内的防空系统,以保护该地区美军免受伊朗报复。此外,美国还计划向中东地区部署一套或多套“萨德”反导系统。此前美国和伊朗就限制伊朗核计划和弹道导弹生产的谈判未能取得进展。(完)
图说:1月22日,美国总统特朗普在瑞士达沃斯与乌克兰总统泽连斯基会谈后离开。新华社记者 彭子洋 摄