Africa & Middle East
တောင်အာဖရိကနိုင်ငံရှိ မျိုးသုဉ်းရန်အန္တရာယ် အလွန်ရှိသော အာဖရိကပင်ဂွင်းငှက်များ ကြက်ငှက်တုပ်ကွေး ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရ
ကိပ်တောင်း၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
တောင်အာဖရိက ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်ကြသော အာဖရိကပင်ဂွင်းငှက်များသည် ကြက်ငှက်တုပ်ကွေး ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ဤ မျိုးသုဉ်းရန်အန္တရာယ်သော မျိုးစိတ်၏ အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း တောင်အာဖရိက တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ တောင်အာဖရိက ကမ်းရိုးတန်းငှက်များ ထိန်းသိမ်းစောင့်ရှောက်ရေးဖောင်ဒေးရှင်း (SANCCOB) က မကြာသေးမီရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှစ၍ အာဖရိကပင်ဂွင်းငှက် ၂၃ ကောင်၏ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်စစ်ဆေးမှုတွင် ဗိုင်းရပ်စ်ရှိကြောင်း အဖြေထွက်ခဲ့ရာ ယင်းအနက်အနည်းဆုံး ၉ ကောင် သေဆုံးခဲ့ကြောင်း SANCCOB ၏ ကြေညာချက်တွင် ဖော်ပြထားကြောင်း တောင်အာဖရိကမီဒီယာ၏ ဇန်နဝါရီ ၂၇ ရက် သတင်းဖော်ပြချက်အရ သိရသည်။ အာဖရိကပင်ဂွင်းငှက်များ သားပေါက်ရာနေရာတွင် ကြက်ငှက်တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားခြင်းက ယင်းမျိုးစိတ်များအပေါ် ပျက်စီးမှုဖြစ်စေသော ထိုးနှက်မှုများဖြစ်စေသည်ဟု ယင်းအဖွဲ့က သတိပေးခဲ့သည်။
အာဖရိကပင်ဂွင်းငှက်၊ သိပ္ပံအမည် Spheniscus demersus သည် တစ်ခုတည်းသော အာဖရိကတွင် တွေ့ရသည့် ပင်ဂွင်းငှက်မျိုးစိတ်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အာဖရိကပင်ဂွင်းငှက်များ၏ ကမ္ဘာတစ်ဝန်း မျိုးပွားအတွဲအရေအတွက်သည် အတွဲ ၁၀,၀၀၀ အောက်သို့ ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့ရာ ကမ္ဘာ့သဘာဝထိန်းသိမ်းရေးဆိုင်ရာသမဂ္ဂ (IUCN) က ၂၀၂၄ ခုနှစ်တွင် ယင်းအား မျိုးသုဉ်းလုနီးပါးဖြစ်သော မျိုးစိတ် အနီရောင်အမည်စာရင်းတွင် ထည့်သွင်းစေခဲ့ပြီး “အလွန်အန္တရာယ်” ရှိသည်ဟု အဆင့်သတ်မှတ်ခဲ့သည်။ လက်ရှိ လျော့ကျသည့် မြန်နှုန်းအရဆိုလျှင် တောရိုင်းအာဖရိကပင်ဂွင်းငှက်များသည် ၂၀၃၅ ခုနှစ်တွင် မျိုးသုဉ်းသွားနိုင်ခြေရှိကြောင်း SANCCOB စသည့် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက လွန်ခဲ့သည့်နှစ် ဇွန်လတွင် ပြောကြားခဲ့သည်။ (Xinhua)


……………………………….
(Chinese Version)
南非极度濒危的非洲企鹅正面临禽流感威胁
新华社开普敦1月28日电(记者王晓梅 王雷)南非动物保护组织南部非洲海岸鸟类保护基金会近日发表声明说,生活在南非沿海的非洲企鹅正面临禽流感威胁,这一极度濒危物种的处境令人担忧。
据南非媒体27日报道,南部非洲海岸鸟类保护基金会的声明说,自2025年9月以来,已有23只非洲企鹅的禽流感病毒检测呈阳性,其中至少9只死亡。该组织警告说,非洲企鹅繁殖地内暴发禽流感疫情将对该种群造成毁灭性打击。
非洲企鹅学名斑嘴环企鹅,是唯一一种分布于非洲的企鹅。2023年,非洲企鹅的全球繁殖对数量首次跌破1万对,促使世界自然保护联盟2024年将其列入濒危物种红色名录,评级为“极危”。南部非洲海岸鸟类保护基金会等动物保护组织去年6月表示,按照目前的减少速度,野生非洲企鹅很可能到2035年就会灭绝。(完)
图说:这是1月24日在南非开普敦西蒙镇海滩上拍摄的非洲企鹅。新华社记者 邓冰雪 摄
