Europe
“စွမ်းအင်များအပေါ် အပစ်အခတ်ရပ်စဲရေး” အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း ဇယ်လန်းစကီး ဆို
ကိဗ်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ပြင်းထန်သော အအေးဒဏ်ကို ယူကရိန်း ဖြတ်ကျော်နိုင်ရန်၊ ယူကရိန်းမြို့တော် ကိဗ်နှင့် အခြားမြို့နယ်များအား လေကြောင်းတိုက်ခိုက်မှုများကို ရက်သတ္တပတ်တစ်ပတ်ကြာ ရပ်ဆိုင်းရန် ရုရှားက သဘောတူခဲ့ကြောင်းအမေရိကန်သမ္မတ ထရမ့်က ပြောကြားခဲ့သည် ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ “ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
ဇယ်လန်းစကီးက ဤအပစ်အခတ်ရပ်စဲရေးသည် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများနှင့် သက်ဆိုင်မှုရှိကြောင်း၊ “စွမ်းအင်ဟာ လူနေမှုဘဝရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။ ၎င်းက အမေရိကန်အပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး ယူကရိန်း-အမေရိကန်-ရုရှား သုံးနိုင်ငံသည် ယူအေအီး မြို့တော် အဘူဒါဘီတွင် ပြီးခဲ့သည့်ရက်သတ္တပတ် တွေ့ဆုံဆွေးနွေးမှုအတွင်း စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် ဆွေးနွေးခဲ့ဖူးကြောင်း ဖော်ပြခဲ့သည်။
ဇယ်လန်းစကီးက ယူကရိန်းအနေဖြင့် ဤအပစ်အခတ်ရပ်စဲရေး ကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း၊ ထိုကဲ့သို့သော “အခြေအနေတင်းမာမှုလျှော့ချရေး အစီအမံတွေက စစ်ပွဲအား အမှန်တကယ် အဆုံးသတ်ရေးကို ဦးတည်ဖို့ အထောက်အကူပြုတယ်” ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
ရုရှားစစ်တပ်သည် ဇန်နဝါရီ ၂၈ ရက်တွင် ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် အမိန့် ရရှိခဲ့ကြောင်း Ukrainska Pravda သတင်းဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ရုရှားမီဒီယာများ၏ သတင်းများကို ကိုးကား၍ ဖော်ပြခဲ့သည်။ သို့သော် ယူကရိန်းအစိုးရဘက်က ဤသတင်းကို အတည်မပြုရသေးပေ။
ယူကရိန်းသည် “အစွန်းရောက် အအေးဒဏ်” ကိုခံစားရလျက်ရှိကြောင်း၊ “သီတင်းပတ်တစ်ပတ်အတွင်း ကိဗ်နဲ့ အခြားမြို့တော်တွေကို ပစ်ခတ်မှုတွေ မလုပ်ဖို့ ကျွန်တော်ကိုယ်တိုင် ပူတင်ကို တောင်းဆိုခဲ့တယ်၊ သူသဘောတူလိုက်ပြီ” ဟု အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၂၉ ရက်တွင် အိမ်ဖြူတော်၌ ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
泽连斯基期待“能源停火”得到落实
新华社基辅1月29日电(记者李东旭)乌克兰总统泽连斯基29日晚在社交媒体发文说,美国总统特朗普称俄罗斯同意一周内暂停空袭乌首都基辅及其他城镇、以便乌方渡过严寒,“我们期待这一协议得到落实”。
泽连斯基表示,这一停火事关乌克兰能源基础设施,“能源是生活的基础”。他对美方表示感谢,并提到,乌美俄三方上周在阿联酋首都阿布扎比会谈期间曾讨论暂停袭击能源基础设施。
泽连斯基说,乌方期待这一停火承诺得到落实,认为这类“局势降级举措有助于真正朝着结束战争的方向迈进”。
《乌克兰真理报》29日援引俄罗斯媒体报道,称俄军28日收到暂停空袭乌方能源基础设施的命令。但乌克兰官方尚未确认这一消息。
美国总统特朗普29日在白宫举行内阁会议时说,乌克兰正遭受“极度严寒”,“我亲自请求普京总统在一周内不要向基辅及其他城镇开火,他同意了”。(完)
图说:2025年5月15日,乌克兰总统泽连斯基在土耳其安卡拉的乌克兰大使馆举行新闻发布会。新华社发(穆斯塔法·卡亚摄)
