North America
အစ္စရေးသို့ ကန်ဒေါ်လာ ၆.၆၇ ဘီလီယံတန်ဖိုးရှိ စစ်ဘက်သုံးပစ္စည်းရောင်းချမှုအစီအစဉ် အမေရိကန် အတည်ပြု
ဝါရှင်တန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးထံ ကန်ဒေါ်လာ စုစုပေါင်းတန်ဖိုး ၆.၆၇ ဘီလီယံအထိရှိသော အကြီးစား စစ်ဘက်သုံးပစ္စည်း ရောင်းချမှု အစီအစဉ်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း၊ ယင်းအနက် Apache တိုက်ခိုက်ရေးရဟတ်ယာဉ် ၃၀ စင်းနှင့် ပူးတွဲအပေါ့စားနည်းဗျူဟာယာဉ် ၃,၂၅၀ စင်း ပါဝင်ကြောင်း အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနခွဲတစ်ခုဖြစ်သော ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DSCA) က ဇန်နဝါရီလ ၃၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခုအကြိမ် စစ်ဘက်သုံးပစ္စည်း ရောင်းချမှု အစီအစဉ်အတွင်း အများဆုံးမှာ ကန်ဒေါ်လာ ၃.၈ ဘီလီယံတန်ဖိုးရှိသော “Apache” အစင်း ၃၀ နှင့် သက်ဆိုင်ရာစက်ပစ္စည်းများ၊ လက်နက်များဖြစ်ပြီး ဒုတိယမှာ ကန်ဒေါ်လာ ၁.၉၈ ဘီလီယံတန်ဖိုးရှိသော ပူးတွဲအပေါ့စားနည်းဗျူဟာယာဉ်များဖြစ်ကြောင်း DSCA ကြေညာချက်အရ သိရသည်။
ထို့အပြင် အစ္စရေးက ဒေါ်လာသန်း ၇၄၀ သုံး၍ ၎င်း၏ ၂၀၀၈ ခုနှစ်ကတည်းက အသုံးပြုခဲ့သော သံချပ်ကာလူတင်ယာဉ်များအတွက် ဓာတ်အားပေးစက်ပစ္စည်းများဝယ်ယူမည်ဖြစ်သလို ကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိသော AW119Kx အပေါ့စား ဘက်စုံသုံး ရဟတ်ယာဉ်များနှင့် ဆက်စပ်စက်ပစ္စည်းများဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
ဤ စစ်ဘက်သုံးပစ္စည်း ရောင်းချမှုများက လက်ရှိနှင့် အနာဂတ် ခြိမ်းခြောက်မှုများအတွက် အစ္စရေး၏ ရင်ဆိုင်တုံ့ပြန်မှုစွမ်းရည်များကို မြှင့်တင်ပေးမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အစ္စရေးနယ်စပ်၊ အရေးပါသော အခြေခံအဆောက်အအုံများစသည်တို့ကို ကာကွယ်စောင့်ရှောက်ရန် ၎င်းတို့စွမ်းရည်များကို မြှင့်တင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
…………………………………
(Chinese Version)
美国批准对以色列66.7亿美元军售计划
新华社华盛顿1月30日电 据美国国防部下属机构防务安全合作局30日发表的声明,美国务院已批准一项总额达66.7亿美元的对以色列大规模军售方案,其中包括30架“阿帕奇”攻击直升机和3250辆联合轻型战术车。
根据防务安全合作局的声明,此次军售方案中最大部分是30架“阿帕奇”直升机及相关设备和武器等,价值38亿美元,其次是价值19.8亿美元的联合轻型战术车。
此外,以色列将花费7.4亿美元为其自2008年服役的装甲运兵车购买动力装置,以及购买价值1.5亿美元的多架“AW119Kx”轻型多用途直升机及相关设备。
声明称,这些军售将增强以色列应对当前和未来威胁的能力,从而提高其保卫以色列边境、重要基础设施等的能力。(完)
图说:2025年9月29日,在美国首都华盛顿白宫,美国总统特朗普(左)迎接到访的以色列总理内塔尼亚胡。新华社记者 胡友松 摄
