Connect with us

Africa & Middle East

သတ္ထုတွင်း မတော်တဆဖြစ်ရပ်ကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ဟု ကွန်ဂိုနိုင်ငံ (DRC) အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ ဆို

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း South Kivu ပြည်နယ်မြို့တော် Goma တွင် ကုန်စည်သယ်ဆောင်ထားသော ထရပ်ကားပေါ်တွင် လုပ်သားများ ထိုင်နေကြသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း South Kivu ပြည်နယ်ရှိ Rubaya ကိုလ်တန် (coltan) သတ္ထုတွင်းဧရိယာတွင် အကြီးစားမြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ယင်းနိုင်ငံ အစိုးရဆန့်ကျင်ရေး “M23 လှုပ်ရှားမှု” လက်နက်ကိုင်အဖွဲ့ဝင်များက ဇန်နဝါရီ ၃၀ ရက်က အတည်ပြုခဲ့သည်။
ဇန်နဝါရီ ၂၈ ရက်မှ ဇန်နဝါရီ ၂၉ ရက် နှစ်ရက်အတွင်း ယင်းဒေသရှိ သတ္ထုတွင်းများစွာ၌ ဥမင်လမ်းကြားပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး သတ္တုတွင်းလုပ်သားအများအပြား ပိမိခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ လူအားဖြင့်တူးဖော်သော သတ္တုတွင်းလုပ်သားများဖြစ်သလို အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ကြောင်း “M23 လှုပ်ရှားမှု” အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီလ မှစ၍ “M23 လှုပ်ရှားမှု” အဖွဲ့က Rubaya ဒေသရှိ အရေးပါသော ကိုလ်တန်သတ္ထုတွင်းဧရိယာများကို ထိန်းချုပ်ခဲ့သည်။

ကိုလ်တန်သတ္တုတွင်းသည် ရှားပါးသတ္တု တန်တာလမ် (Tantalum) ကို ထုတ်ယူသည့် အဓိက သတ္တုရိုင်းဖြစ်သည်။ တန်တာလမ်သည် ၎င်း၏ လျှပ်စစ်စီးဆင်းနိုင်မှုကောင်းမွန်ခြင်းနှင့် တိုက်စားမှု ခံနိုင်ရည်ကောင်းမွန်ခြင်းတို့ကြောင့် စမတ်ဖုန်းများ၊ လျှပ်စစ်မော်တော်ယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များ၊ ဆေးဘက်ဆိုင်ရာ ခန္ဓာကိုယ်အတွင်းအသုံးပြုသည့်ပစ္စည်းများ စသည့် အဆင့်မြင့် သိပ္ပံနည်းပညာကဏ္ဍများတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုအရ Rubaya ဒေသ တစ်နေရာတည်း၏ ထုတ်လုပ်မှုပမာဏသည် ကမ္ဘာတစ်ဝန်း တန်တာလမ် ထောက်ပံ့မှု စုစုပေါင်းပမာဏ၏ ၁၅ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)
……………..
(Chinese Version)
刚果(金)反政府武装:矿难导致200多人死亡
新华社金沙萨1月30日电(记者史彧)刚果(金)反政府武装“M23运动”人士30日证实,位于该国东部北基伍省的鲁巴亚钶钽矿区日前发生大规模塌方事故,已造成200多人遇难。
“M23运动”一名发言人称,28日至29日两天内,当地多条矿井发生巷道坍塌,大量矿工被埋。遇难者多为从事手工开采的矿工,也包括妇女和儿童。
自2024年4月以来,“M23运动”控制鲁巴亚地区重要的钶钽矿区。
钶钽铁矿是提取稀有金属钽的主要矿石。钽因其优异的导电性和耐腐蚀性,广泛应用于智能手机、电动汽车、战斗机、医疗植入物等高科技领域。据联合国估算,仅鲁巴亚一地的产量就占全球钽供应总量的15%以上。(完)
图说:1月27日,在刚果(金)北基伍省首府戈马市,工人坐在装载着货物的卡车上。新华社发