Latin America
အမေရိကန်၏ ကျူးဘားအပေါ် အသစ်တစ်ဖန် ရေနံပိတ်ဆို့မှုများက ၎င်း၏ ဖက်ဆစ်ဝါဒသဘောသဘာဝကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်ဟု ကျူးဘားသမ္မတ ဆို
ဟာဗားနား၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်၏ ကျူးဘားအပေါ် အသစ်တစ်ဖန် ရေနံပိတ်ဆို့မှုများက ၎င်း၏ ဖက်ဆစ်ဝါဒ၊ ရာဇဝတ်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု သဘောသဘာဝကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်ဟု ကျူးဘားသမ္မတ Miguel Diaz-Canel က ဇန်နဝါရီ ၃၀ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။
အတုအယောင်ဖြစ်ပြီး အခြေအမြစ် လုံးဝမရှိသော အကြောင်းပြချက်များဖြင့် အမေရိကန်သမ္မတ ထရမ့်သည် ကျူးဘားနှင့် ရေနံရောင်းဝယ်မှုရှိသော နိုင်ငံများအပေါ် စည်းကြပ်ခွန်ကောက်ခံခြင်းဖြင့် ကျူးဘားစီးပွားရေးကို “မွန်းကျပ်စေရန်” ကြိုးစားနေကြောင်း Diaz-Canel က ထိုနေ့တွင်ပင် လူမှုမီဒီယာ၌ ဖော်ပြခဲ့သည်။
လက်ရှိတွင် ကျူးဘားနှင့် အမေရိကန် ဆက်ဆံရေးသည် အလွန်ပင် တင်းမာသည့်အခြေအနေရှိနေပြီး ယခုလ အစပိုင်းတွင် အမေရိကန်က ဗင်နီဇွဲလားအပေါ် စစ်ရေးတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။ ထို့နောက်မကြာမီတွင်ပင် ထရမ့်က ကျူးဘားအား အမေရိကန်၏ အာရုံထားသည့် ပစ်မှတ်နောက်တစ်ခုဖြစ်လာနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ ထရမ့်က ဇန်နဝါရီ ၂၉ ရက်က အမိန့်ကြေညာချက် တစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး ကျူးဘားထံ ရေနံ ပို့ဆောင်ပေးသောနိုင်ငံများ၏ အမေရိကန်သို့ တင်ပို့သော ကုန်စည်များအပေါ် ဈေးနှုန်းအလိုက် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ (Xinhua)

ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် လေးဘေးတစ်နေရာရှိ ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
古巴国家主席:美对古新一轮石油封锁暴露其法西斯本质
新华社哈瓦那1月30日电(记者蒋彪)古巴国家主席迪亚斯-卡内尔30日指责美国对古新一轮石油封锁暴露出其法西斯主义、犯罪和种族灭绝本质。
迪亚斯-卡内尔当天在社交媒体上表示,在虚假且毫无根据的借口下,美国总统特朗普企图通过对与古巴进行石油贸易的国家征收关税,迫使古巴经济“窒息”。
当前,古巴和美国关系处于高度紧张状态。本月初,美国对委内瑞拉发动大规模军事打击。特朗普随后暗示,古巴可能成为美国下一个关注目标。特朗普29日签署行政令,威胁对向古巴提供石油的国家输美商品加征从价关税。(完)
图说1:这是1月30日在古巴首都哈瓦那海滨大道旁拍摄的一处已停用加油站。新华社记者 蒋彪 摄
图说2:1月30日,在古巴首都哈瓦那,民众在路边一处站点等车。新华社记者 蒋彪 摄
