Latin America
နိုင်ငံတကာအသိုင်းအဝိုင်းက ဗင်နီဇွဲလားအပေါ် အမေရိကန်၏ တိုက်ခိုက်မှုများကို ရှုတ်ချ၊ နိုင်ငံတကာ ဥပဒေကို လေးစား၍ ထိန်းသိမ်းကာကွယ်ရန် တိုက်တွန်း
ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်က ဇန်နဝါရီ ၃ ရက် နံနက်စောစောပိုင်းတွင် ဗင်နီဇွဲလားကို အကြီးစား စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုဇနီးမောင်နှံကို အတင်းအကျပ်ထိန်းချုပ်ကာ ၎င်းတို့အား အမေရိကန်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဗင်နီဇွဲလား အချုပ်အခြာအာဏာကို ထိပါးကျူးလွန်သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက အမေရိကန်အား အပြင်းအထန် ရှုတ်ချခဲ့ပြီး အခြေအနေ တစ်ဆင့်တိုး ဆိုးရွားလာခြင်းကို တားဆီးရန် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာဥပဒေကို လေးစားရန်၊ ထိန်းသိမ်းကာကွယ်ရန် တိုက်တွန်းခဲ့သည်။
ဂါနာနိုင်ငံခြားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားအပေါ် အမေရိကန်၏ တိုက်ခိုက်မှုများနှင့် မာဒူရိုဇနီးမောင်နှံအား အတင်းအကျပ် ထိန်းချုပ်ထားခြင်းကို အပြင်းအထန်ရှုတ်ချကြောင်း ဇန်နဝါရီ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ လုပ်ရပ်သည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်သလို ဗင်နီဇွဲလားနိုင်ငံ၏အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် နိုင်ငံရေး လွတ်လပ်မှုကို ထိပါးခဲ့ကြောင်း ထောက်ပြခဲ့သည်။
အမေရိကန်၏ နိုင်ငံတကာဥပဒေကို မြေချနင်းခြင်း၊ နိုင်ငံခြားနယ်မြေပိုင်နက်များကို သိမ်းပိုက်ရန် ကြိုးပမ်းခြင်းနှင့် ဗင်နီဇွဲလား ရေနံအရင်းအမြစ်ကို ထိန်းချုပ်ရန် ရည်ရွယ်သည့် သိသာထင်ရှားသော လုပ်ရပ်မှာ နိုင်ငံတကာ တည်ငြိမ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာစည်းစနစ်အပေါ် လွန်စွာဆုတ်ယုတ်စေသော သက်ရောက်မှုများ ဖြစ်စေကြောင်း၊ အမေရိကန် သမ္မတ ထရမ့်က ဗင်နီဇွဲလားအား “ဘေးကင်းလုံခြုံသော” အသွင်ကူးပြောင်းရေး လုပ်ဆောင်ပြီးသည်အထိ “စီမံခန့်ခွဲ” သွားမည်ဟု ပြောဆိုမှုများသည် ကိုလိုနီဝါဒနှင့် အင်ပါယာဝါဒခေတ်ကို ပြန်လည်အမှတ်ရစေပြီး ကမ္ဘာလုံးဆိုင်ရာ စည်းစနစ်အတွက် အန္တရာယ်ရှိသော ရှေ့ပြေးနမူနာတစ်ခု အစပျိုးခဲ့ကြောင်း ကြေညာချက်တွင် ထောက်ပြထားသည်။
အခြေအနေကို ချက်ချင်း ဖြေလျှော့ပေးရန်၊ မာဒူရိုနှင့် ၎င်း၏ဇနီးအား ပြန်လွှတ်ပေးရန် ကြေညာချက်တွင် တိုက်တွန်းခဲ့ပြီး ဂါနာအစိုးရအနေဖြင့် ၎င်း၏ ရေရှည်လက်ကိုင်ထားသော အခြေခံမူ ရပ်တည်ချက်များကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်သလို ကျူးကျော်ဝင်ရောက်ခြင်း၊ ကိုလိုနီဝါဒ၊ အချုပ်အခြာအာဏာကို လျစ်လျူရှုခြင်းနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်သော လုပ်ရပ် ပုံစံမှန်သမျှကို ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။
နမီးဘီးယားနိုင်ငံတကာဆက်ဆံရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက အမေရိကန်၏ မာဒူရိုဇနီးမောင်နှံအား အတင်းအကျပ်ထိန်းချုပ်မှုအပေါ် “အလွန်ပင် အံ့အားသင့်” ခဲ့သည်ဟု ဖော်ပြခဲ့ပြီး ယင်းလုပ်ရပ်မှာ ဗင်နီဇွဲလားနိုင်ငံ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ထိပါးခဲ့ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုက်နက်ပြည့်စုံမှုနှင့် နိုင်ငံရေး လွတ်လပ်မှုသည် အပြည့်အဝ လေးစားမှုရရှိရမည်ဖြစ်ပြီး ယင်းမှာ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာ ဥပဒေ အဓိကကျသော အခြေခံမူတို့၏ အရေးပါသော အကြောင်းအရာများဖြစ်သလို ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းကာကွယ်သည့် အခြေခံလည်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
နမီးဘီးယားနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံက နိုင်ငံအချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးအား ထိန်းသိမ်းခြင်းကို အခိုင်အမာ ထောက်ခံကြောင်း၊ ကုလသမဂ္ဂနှင့် သက်ဆိုင်ရာဒေသဆိုင်ရာအဖွဲ့များစသည့် နိုင်ငံတကာအဖွဲ့အစည်းများအား တက်ကြွစွာ ကြားဝင်ဆောင်ရွက်ရန်၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံအချုပ်အခြာအာဏာကို လက်တွေ့ ထိန်းသိမ်းကာကွယ်ရန် တိုက်တွန်းပြီး ဗင်နီဇွဲလားနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူရန် ထောက်ခံကြောင်း ကြေညာချက်တွင် အလေးထား ဖော်ပြခဲ့သည်။
ချတ်နိုင်ငံခြားရေးဝန်ကြီး Abdoulaye Sabre Fadoul နှင့် ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး Ivan Gil တို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် လက်ရှိအခြေအနေအပေါ် ချတ်နိုင်ငံ၏ အလေးအနက်စိုးရိမ်မှုကို ဖော်ပြခဲ့ပြီး ချတ်နိုင်ငံသည် နိုင်ငံတကာဥပဒေကို လေးစားရန် ခိုင်မာစွာ အားစိုက်လုပ်ဆောင်ကြောင်း၊ နိုင်ငံတကာဥပဒေကို တရားမျှတမှု၊ ငြိမ်းချမ်းမှုရှိသော ကမ္ဘာ့စည်းစနစ်တစ်ရပ် ထူထောင်ရန် အခြေခံအုတ်မြစ်အဖြစ် ယူဆကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်ဟု ချတ်နိုင်ငံခြားရေး၊ အာဖရိကပေါင်းစည်းရေးနှင့် ပြည်ပရောက်ချတ်ပြည်သူ့ရေးရာ ဝန်ကြီးဌာနက ဇန်နဝါရီ ၃ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ဗင်နီဇွဲလား၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံရေးကို ထိန်းသိမ်းကာကွယ်ခြင်းသည် အလွန်အရေးကြီးကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ နိုင်ငံတကာဥပဒေကို အပြည့်အဝထောက်ခံခြင်းနှင့် နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို လေးစားခြင်းအပါအဝင် အိုမန် နိုင်ငံခြားရေးမူဝါဒ အခြေခံမူရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ ဤအချက်ကို အခြေခံ၍ အိုမန်က ဆွေးနွေးမှုများကို မြှင့်တင်ရန်၊ တင်းမာမှုအခြေအနေ မြင့်တက်လာခြင်းကို ကာကွယ်ရန်၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်နှင့် ဗင်နီဇွဲလားပြည်သူများနှင့် ၎င်းတို့၏ တရားဝင်ရွေးချယ်မှုများကို ကာကွယ်ရန်အတွက် တိုက်တွန်းခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ထိုင်းနိုင်ငံသည် အခြေအနေ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်ပြီး သက်ဆိုင်ရာဘက်အားလုံးအနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာဥပဒေကို အပြည့်အဝလေးစားသော အခြေခံပေါ်တွင် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန်၊ အခြေအနေတစ်ဆင့်တိုးဆိုးရွားလာခြင်းကို ရှောင်ရှားရန်၊ တစ်ချိန်တည်းမှာပင် အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေးနေရာတွင် ထားရှိပြီး ဗင်နီဇွဲလားပြည်သူများ၏ဆန္ဒကို လေးစားရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
国际社会谴责美国打击委内瑞拉 呼吁尊重并维护国际法
新华社北京1月5日电 综合新华社驻外记者报道:美军3日凌晨对委内瑞拉发动大规模军事打击,强行控制委总统马杜罗夫妇并将他们带到美国。国际社会强烈谴责美国侵犯委国家主权,呼吁尊重并维护《联合国宪章》和国际法,避免局势进一步升级。
加纳外交部4日发表声明,强烈谴责美国打击委内瑞拉并强行控制马杜罗夫妇,指出美国的行为违反了《联合国宪章》和国际法,侵犯委国家主权、领土完整和政治独立。
声明指出,美国践踏国际法、企图占领外国领土以及明显旨在控制委石油资源的举动将对国际稳定与全球秩序产生极其不利的影响。美国总统特朗普声称将“管理”委内瑞拉直至实施“安全”过渡的言论令人想起殖民主义和帝国主义时代,为全球秩序设下了危险的先例。
声明呼吁立即缓和局势,释放马杜罗及其夫人,并表示加纳政府将维护并捍卫其长期秉持的原则立场,反对入侵、殖民主义、无视主权及一切形式的违反国际法行为。
纳米比亚国际关系与贸易部4日发表声明,对美国强行控制马杜罗夫妇表示“极大震惊”,认为此举严重侵犯委内瑞拉主权,违反国际法。声明说,各国的主权、领土完整和政治独立必须得到充分尊重,这是《联合国宪章》和国际法核心原则的重要内容,也是维护世界和平与稳定的基础。
声明强调,纳米比亚坚定支持委内瑞拉维护国家主权和独立,呼吁联合国及有关地区组织等多边机构积极介入,切实维护国际法和国家主权,并支持就委内瑞拉局势召开联合国安理会会议。
乍得外交、非洲一体化与海外侨民部3日晚发布公报说,乍得外长阿卜杜拉耶·萨布尔·法杜勒与委内瑞拉外长希尔通电话后表示,乍得对当前局势表示严重关切,并重申乍得坚定致力于尊重国际法,认为国际法是建立公正、和平世界秩序的基础。他还强调,维护委内瑞拉的和平、稳定和领土完整至关重要。
阿曼外交部4日发表声明重申阿曼外交政策的原则立场,包括全力支持国际法,尊重各国主权和独立。在此基础上,阿曼呼吁推动开展对话,防止局势升级,维护安全与稳定,保护委内瑞拉人民及其合法选择。
泰国外交部4日发表声明说,泰国密切关注事态发展并敦促所有相关方在充分尊重《联合国宪章》和国际法的基础上,以和平方式解决冲突,避免局势进一步升级,同时将保护平民置于优先位置,并尊重委内瑞拉人民的意愿。
图说:1月5日,抗议者聚集在美国纽约南区联邦地区法院外要求释放马杜罗。新华社发(章正浩摄)
