Connect with us

Asia

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ပေါက်ကွဲမှု ဖြစ်ပွား၊ ထိုင်းစစ်သည်တစ်ဦး ဒဏ်ရာရရှိဟု ထိုင်းစစ်တပ်က ဆို

ထိုင်းနိုင်ငံ Chanthaburi ပြည်နယ် နယ်စပ်ဂိတ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ Ubon Ratchathani ပြည်နယ် နယ်စပ်ဒေသတွင် ဇန်နဝါရီ ၆ ရက် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်က
ပေါက်ကွဲမှု ဖြစ်ပွားရာ ထိုင်းစစ်သည်တစ်ဦး၏ ညာလက်မောင်း ကျည်ဆန်ထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူမှာ အသက်အန္တရာယ်မရှိကြောင်း ထိုင်းကြည်းတပ် ဒုတိယစစ်ဒေသကြီးက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ပေါက်ကွဲသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး စစ်သည်အရာရှိနှင့် ဒေသခံပြည်သူများ၏လုံခြုံရေး သေချာစေရန် တပ်ဖွဲ့များအနေဖြင့် တာဝန်ထမ်းဆောင်ချိန်တွင် သတိတစ်ဆင့်တိုးမြှင့်ထားကြရန် ညွှန်ကြားပြီးဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အစောပိုင်းတွင် ထိုင်းကြည်းတပ် ဒုတိယစစ်ဒေသကြီးက လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ခဲ့ရာ ကမ္ဘောဒီးယားဘက်က အပစ်ရပ်ရေးကြေညာချက် ချိုးဖောက်ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်က နယ်စပ်ဒေသကို လက်ပစ်ဗုံးပစ်ခတ်ခဲ့ရာ ထိုင်းစစ်သည်တစ်ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ Chanthaburi ပြည်နယ် နယ်စပ်ဂိတ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
泰国军方:泰柬边境发生爆炸 一泰国军人受伤
新华社曼谷1月6日电(记者夏康静 常天童)泰国陆军第二军区6日发布通报说,当天上午7时25分许,泰国乌汶府边境地区发生爆炸,一名泰国军人右臂被弹片击伤。伤者无生命危险。
通报说,爆炸原因仍在调查中,已要求各部队在执行任务时进一步提高警惕,确保官兵和当地民众安全。
稍早前,泰国陆军第二军区在社交媒体上发文说,柬埔寨方面违反停火声明,当天上午7时25分许在边境地区发射榴弹,造成一名泰国士兵受伤。(完)
1. 这是2025年12月26日拍摄的泰国尖竹汶府边境口岸。新华社记者 孙玮彤 摄