North America
အမေရိကန်၌ ပထမအကြိမ် တရားရုံး ရုံးထုတ်စဉ် “ကျွန်တော့်မှာ အပြစ်မရှိဘူး” ဟု မာဒူရို ဆို
နယူးယောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
အမေရိကန်၏ အတင်းအကျပ်ထိန်းချုပ်ခံထားရသော ဗင်နီဇွဲလားသမ္မတ မာဒူရိုဇနီးမောင်နှံသည် ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းတွင် အမေရိကန်နိုင်ငံ နယူးယောက်တောင်ပိုင်း ဖက်ဒရယ်ဒေသတရားရုံးတွင် ပထမဆုံး ရုံးထုတ်ခဲ့ပြီး “ပြစ်မှုကျူးလွန်သည်” ဆိုသည့် အမေရိကန်၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
“ကရာကတ်စ်မှာရှိတဲ့ ကျွန်တော့်အိမ်မှာ ပြန်ပေးဆွဲခံရတယ်”၊ “ကျွန်တော် အပြစ်ကင်းတယ်၊ ကျွန်တော့်မှာ အပြစ်မရှိဘူး” ၊ “ကျွန်တော် အခုထိ ဗင်နီဇွဲလားရဲ့ သမ္မတပါ” ဟူ၍ မာဒူရိုသည် တရားရုံးတွင် အမေရိကန်၏ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့သည်။ ၎င်း၏ ထွက်ဆိုမှုကို မကြာမီတွင်ပင် တရားသူကြီး Alvin Hellerstein က ဖြတ်ပြောခဲ့သည်။
ထိုနည်းတူစွာ မာဒူရို၏ ဇနီးဖြစ်သူ Cilia Flores ကလည်း အမေရိကန်၏ စွပ်စွဲချက်များအပေါ် အပြစ်မရှိကြောင်း ပြောကြားခဲ့သည်။အမေရိကန်စစ်တပ်၏ ဝင်ရောက်စီးနင်းမှုအတွင်း Flores ဒဏ်ရာရရှိခဲ့ကြောင်း ၎င်း၏ရှေ့နေက တရားရုံးတွင် ပြောကြားခဲ့သည်။
Flores ၏ နဖူး စသည့် ခန္ဓာကိုယ်နေရာအချို့တွင် ဒဏ်ရာများရှိပြီး ယာဘက်မျက်လုံးဘေးတွင် ညိုမည်းစွဲနေကြောင်း၊ မတ်တတ်ရပ်၍ ချေပပြောကြားရာတွင် ကောင်းစွာမရပ်နိုင်ဘဲ အလွန်အားနည်းနေဟန်ရှိကြောင်း၊ မာဒူရိုကိုယ်တိုင်ကလည်း အကြိမ်ကြိမ် မတ်တတ်ရပ်၍ ပြန်ထိုင်ရာတွင် တော်တော်လေး အားယူနေရဟန်ရှိကြောင်း တရားရုံးတွင် ဆင်ဟွာသတင်းထောက် မြင်တွေ့ခဲ့ရသည်။
ပထမအကြိမ် ကြားနာမှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သည်။ တရားသူကြီးက မာဒူရိုအား မတ်လ ၁၇ ရက်တွင် တရားရုံးသို့ ထပ်မံလာရောက်၍ ကြားနာရန် အမိန့်ပေးခဲ့သည်။ တရားရုံးမပိတ်သိမ်းမီ မာဒူရိုသည် ပရိသတ်များ နားထောင်ကြည့်ရှုရာတန်းဘက်သို့ လက်ပြ နှုတ်ဆက်ခဲ့သည်။
တရားရုံးအပြင်ဘက်တွင် ဆန္ဒပြသူများ စုဝေးကာ ဆောင်ပုဒ်များ ကြွေးကြော်၍ မာဒူရိုကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြပြီး ဗင်နီဇွဲလားတွင် အမေရိကန်စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အချို့က “သမ္မတ မာဒူရိုကို ပြန်လွှတ်ပေး”၊ “ဗင်နီဇွဲလားတွင် စစ်ပွဲများ မပြုလုပ်ရ” နှင့် “ဗင်နီဇွဲလားအပေါ် တရားမဝင်စစ်ပွဲကို ရပ်တန့်ပါ” စသည့် စာသားများရေးထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။
အမေရိကန်သည် ဇန်နဝါရီ ၃ ရက် နံနက်အစောပိုင်းတွင် ဗင်နီဇွဲလားအပေါ် အကြီးစား စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး မာဒူရိုဇနီးမောင်နှံကို အတင်းအကျပ်ထိန်းချုပ်ကာ ၎င်းတို့အား အမေရိကန်သို့ ခေါ်ဆောင်သွားခဲ့သည်။ လက်ရှိတွင် မာဒူရိုကို နယူးယောက် Brooklyn ဒေသရှိ မြို့တော်အချုပ်ခန်းစင်တာတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်တောင်ပိုင်းဖက်ဒရယ်ဒေသတရားရုံးအပြင်ဘက်တွင် ဆန္ဒပြသူများ စုဝေး၍ မာဒူရိုအား လွှတ်ပေးရန် တောင်းဆိုနေကြသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(Chinese Version)
马杜罗在美首次出庭:我无罪
新华社纽约1月5日电(记者刘亚南 施春 万方)遭美国强行控制的委内瑞拉总统马杜罗夫妇5日中午在美国纽约南区联邦地区法院首次出庭,拒绝美方所谓“犯罪”指控。
“我在加拉加斯的家中被绑架”“我是无辜的,我无罪”“我仍然是委内瑞拉总统”,马杜罗在法庭上拒绝美方一切指控。他的发言随后被法官阿尔文·赫勒斯坦打断。
马杜罗妻子西利娅·弗洛雷斯对美方指控同样表示无罪。她的代理律师告诉法庭,弗洛雷斯在美军突袭时受了伤。
新华社记者在法庭看到,弗洛雷斯额头等身体部位有伤,右眼旁有淤青,起身答辩时站立不稳,显得十分虚弱。马杜罗本人在多次起立和坐下过程中颇显吃力。
首次开庭持续约30分钟。法官要求马杜罗3月17日再次出庭参加听证。闭庭前,马杜罗向旁听席挥手致意。
法院外,抗议者聚集,呼喊口号,要求释放马杜罗,抗议美国军事干涉委内瑞拉。一些人举着“释放马杜罗总统”“不要向委内瑞拉开战”“停止对委内瑞拉的非法战争”等标语横幅。
美国3日凌晨对委内瑞拉发动大规模军事打击,强行控制马杜罗夫妇并将他们带到美国。目前,马杜罗被关押在纽约布鲁克林区的大都会拘留中心。(完)
图说 1:1月5日,委内瑞拉总统马杜罗乘坐的车辆离开美国纽约南区联邦地区法院。新华社记者 张凤国 摄
图说 2:1月5日,抗议者聚集在美国纽约南区联邦地区法院外要求释放马杜罗。新华社发(章正浩摄)
