Europe
ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းအား ထောက်ခံအားပေးကြောင်း ဥရောပသမဂ္ဂနှင့် ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ် ဆို
ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ် စသည့်နိုင်ငံတို့က ဇန်နဝါရီ ၅ ရက်တွင် ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းအား ထောက်ခံအားပေးမှုကို ဖော်ပြခဲ့ပြီး ဂရင်းလန်းကျွန်း၏ အနာဂတ်ကို ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းက ဆုံးဖြတ်သင့်သည်ဟု ယူဆကြသည်။
ဥရောပကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် Anita Hippel က ဂရင်းလန်းကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ကြောင်း၊ ၎င်း၏ပိုင်ဆိုင်မှုနှင့် စပ်လျဉ်းသည့် မည်သည့်ပြောင်းလဲမှုမဆို ဂရင်းလန်းကျွန်းနှင့် ဒိန်းမတ်တို့ကသာ ကိုယ်တိုင်ဆုံးဖြတ်သင့်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမားက ဂရင်းလန်းကျွန်း၏အနာဂတ်ကို ဂရင်းလန်းကျွန်းနှင့် ဒိန်းမတ်ကသာ ဆုံးဖြတ်နိုင်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Mette Frederiksen က အမေရိကန်အနေဖြင့် ဒိန်းမတ်နှင့် ဂရင်းလန်းပြည်သူများအပေါ် ခြိမ်းခြောက်မှုအား ရပ်တန့်ရန် တောင်းဆိုချက်နှင့် စပ်လျဉ်း၍ ကီယာစတားမားက ၎င်းအနေဖြင့် ဒိန်းမတ်ဝန်ကြီးချုပ်အား ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul က Deutschland ရေဒီယို၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ ဂရင်းလန်းကျွန်းကို ဒိန်းမတ်ကပိုင်ဆိုင်ခြင်းမှာ “အငြင်းပွားဖွယ်မရှိ” ကြောင်း၊ ဥရောပတိုက်က အဆိုပါအရေးကိစ္စတွင် စည်းလုံးညီညွတ်သည့် ရပ်တည်ချက်အား လက်ကိုင်ထားကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Pascal Confavreux က TF1 ရုပ်မြင်သံကြား၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ နယ်နိမိတ်ကို လက်နက်အင်အားဖြင့် ပြောင်းလဲ၍မရကြောင်း၊ ဂရင်းလန်းကျွန်းကို ဂရင်းလန်းပြည်သူနှင့် ဒိန်းမတ်ပြည်သူများက ပိုင်ဆိုင်ပြီး ဆုံးဖြတ်ခွင့်သည် ဂရင်းလန်းပြည်သူနှင့် ဒိန်းမတ်ပြည်သူများလက်ထဲတွင်ရှိကြောင်း ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းသည် မြောက်အမေရိကတိုက် အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သည်။ အဆိုပါကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်ပြီး အလွန်မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိကာ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ကိစ္စရပ်များကို ဒိန်းမတ်အစိုးရက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသည်။
အမေရိကန်သည် လက်ရှိတွင် ဂရင်းလန်းကျွန်း၌ အဓိက စစ်တပ်အခြေစိုက်စခန်း တစ်ခုရှိသည်။ အမေရိကန် သမ္မတ ထရမ့်သည် ယမန်နှစ်တွင် စတင်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ဂရင်းလန်းကျွန်းအား ရယူမည်ဟု အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် လက်နက်အင်အား အသုံးပြုမည့် ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားထား၍မရကြောင်း ပြောကြားခဲ့သည်။
ထရမ့်က ဇန်နဝါရီ ၄ ရက်တွင် အမေရိကန် The Atlantic လစဉ်မဂ္ဂဇင်း၏ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုအား ဖြေကြားရာ၌ ဗင်နီဇွဲလားနိုင်ငံသည် အမေရိကန် ပါဝင်စွက်ဖက်ဆောင်ရွက်သည့် နောက်ဆုံးနိုင်ငံ မဟုတ်နိုင်ကြောင်း ဆိုခဲ့သလို “ကျွန်တော်တို့က ဂရင်းလန်းကျွန်းကို မဖြစ်မနေလိုအပ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။ (Xinhua)

ဒိန်းမတ်နိုင်ငံ မြို့တော်ကိုပင်ဟေဂင်ရှိ ဒိန်းမတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့တွင် အမေရိကန်အစိုးရက ဒိန်းမိတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်းအပေါ် တပ်မက်မှုနှင့် အမေရိကန် ဒုတိယသမ္မတ JD Vance က ဂရင်းလန်းကျွန်းသို့ သွားရောက်မှုအပေါ် ဆန္ဒပြနေသည့် ပြည်သူများကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
欧盟和英德法表示支持丹麦和格陵兰岛
新华社布鲁塞尔1月5日电 综合新华社驻外记者报道:欧盟、英国、德国、法国等5日表示对丹麦和格陵兰岛的支持,认为格陵兰岛的未来应由丹麦和格陵兰岛决定。
欧盟委员会发言人阿妮塔·希佩尔说,格陵兰岛是丹麦的自治领土,任何有关其地位的改变,都应由格陵兰岛和丹麦自行决定。
英国首相斯塔默对媒体说,格陵兰岛的未来应由并只能由格陵兰岛与丹麦决定。在谈到丹麦首相弗雷泽里克森要求美方停止威胁丹麦和格陵兰人民时,斯塔默说他支持丹麦首相。
德国外交部长瓦德富尔在接受德国广播电台采访时表示,格陵兰岛属于丹麦“无可争议”,欧洲在此问题上持团结立场。
法国外交部发言人帕斯卡尔·孔法夫勒在接受法国电视一台采访时表示,边界不能通过武力改变,格陵兰岛属于格陵兰人和丹麦人,决定权在格陵兰人和丹麦人手中。
格陵兰岛位于北美洲东北部,是世界第一大岛。该岛是丹麦自治领地,有高度自治权,国防和外交事务由丹麦政府掌管。美国目前在格陵兰岛有一个军事基地。美国总统特朗普去年上任以来多次扬言要得到格陵兰岛,并声称不排除动用武力的可能性。特朗普本月4日接受美国《大西洋》月刊电话采访时称,委内瑞拉可能不会是美国干预的最后一个国家,并称“我们绝对需要格陵兰岛”。(完)
1、这是2025年3月20日拍摄的丹麦自治领地格陵兰岛首府努克景色。新华社记者赵丁喆摄
2、2025年3月29日,在丹麦首都哥本哈根,民众聚集在美国驻丹麦使馆门前抗议。数百人当天在哥本哈根游行,抗议美国政府对丹麦自治领地格陵兰岛的觊觎以及美国副总统万斯3月28日访问格陵兰岛的举动。新华社发(刘智超摄)
