Asia
ထိုင်းအိမ်စောင့်ဝန်ကြီးချုပ်က ထိုင်းစစ်သည် ထိခိုက်ဒဏ်ရာရမှုနှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားထံ ကန့်ကွက်စာ တင်သွင်းခဲ့
ဘန်ကောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
ထိုင်းအိမ်စောင့်ဝန်ကြီးချုပ် အနူတင်က ဇန်နဝါရီ ၆ ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် အဆိုပါနေ့တွင် နယ်စပ်ဒေသ၌ ထိုင်းစစ်သည် ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်နှင့်စပ်လျဉ်း၍ ထိုင်းစစ်တပ်က ကမ္ဘောဒီးယားသို့ ကန့်ကွက်စာ တင်သွင်းခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနထံ စာတစ်စောင်ပေးပို့ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ကမ္ဘောဒီးယားနိုင်ငံက ချိုးဖောက်နေပြီကြောင်း အသိပေးခဲ့သည်ဟု အနုတင်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို တင်းကြပ်စွာလိုက်နာသည့် တစ်ချိန်တည်းတွင် အခြေအနေအမျိုးမျိုးကို တုံ့ပြန်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံက အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ချိုးဖောက်ခဲ့ကြောင်း၊ ထိုနေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် နယ်စပ်ဒေသ၌ လက်ပစ်ဗုံးများ ပစ်လွှတ်ခဲ့သောကြောင့် ထိုင်းစစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထိုင်းတပ်မတော် ဒုတိယစစ်ဒေသက ထိုနေ့အစောပိုင်းအချိန်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
အထက်ဖော်ပြပါဖြစ်ရပ်နှင့် စပ်လျဉ်း၍ ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ Winthai Suvaree က ကြေညာချက်ထုတ်ပြန်၍ ကမ္ဘောဒီးယားအနေဖြင့် အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို တင်းတင်းကျပ်ကျပ်လိုက်နာဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ ကမ္ဘောဒီးယားဘက်သည် ယင်းဒေသထိုင်းတပ်ဖွဲ့နှင့် ဆက်သွယ်မှုများရရှိခဲ့ပြီး ထိုင်းနယ်နိမိတ်အတွင်း ပစ်ခတ်ရန် ရည်ရွယ်ခြင်းမရှိ၊ ယခုဖြစ်ရပ်မှာ မတော်တဆမှားယွင်းသောလုပ်ဆောင်မှုကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း ဆိုခဲ့သည်ဟု Winthai က ပြောကြားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
泰国看守总理说已就泰士兵受伤向柬方提出抗议
新华社曼谷1月6日电(记者夏康静 常天童)泰国看守政府总理阿努廷6日接受媒体采访时表示,泰国军方已就当天发生的边境地区泰国士兵受伤事件向柬埔寨提出抗议。
阿努廷说,泰国外交部已向柬埔寨外交部致函,告知柬方已违反停火声明。泰国在严格遵守停火声明的同时,已做好应对各种情况的准备。
当天早些时候,泰国陆军第二军区在社交媒体上发文说,柬方违反停火声明,当天7时25分许在边境地区发射榴弹,造成一名泰国士兵受伤。
针对上述事件,泰国陆军发言人文泰·苏瓦里当天发表声明,要求柬方严格遵守停火声明。文泰说,柬方已与当地泰国部队取得联系,称并无向泰方境内开火的意图,此次事件系操作失误所致。(完)
图说:这张泰国政府发布在社交媒体的照片显示,12月8日,泰国总理阿努廷在位于曼谷的总理府就泰柬边境局势发表全国电视讲话。新华社发
