Latin America
ဗင်နီဇွဲလား၏ “ရေနံ (heavy crude oil)” က အမေရိကန် သွားရည်ကျ တပ်မက်လာစေရန် မည်သို့ ဆွဲဆောင်သနည်း
ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန် စစ်တပ်က အတင်းအဓမ္မ ထိန်းချုပ်ပြီးနောက် အမေရိကန် သမ္မတ ထရမ့်က ဗင်နီဇွဲလား ရေနံထုတ်လုပ်မှုလုပ်ငန်းကို ထိန်းချုပ်မည်ဟု ချက်ချင်းကြေညာခဲ့သလို ဗင်နီဇွဲလား ရေနံတင်ပို့မှုအား ပြန်လည်ဆောင်ရွက်နိုင်ရန် အမေရိကန် ရေနံကုမ္ပဏီလုပ်ငန်းများက ဗင်နီဇွဲလားတွင် ရင်းနှီးမြှုပ်နှံမှုကြီးများ လုပ်ဆောင်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ ကိုယ်တိုင်ကပင် ရေနံထုတ်လုပ်သည့် နိုင်ငံကြီး ဖြစ်ရာ ထရမ့်အနေဖြင့် ဗင်နီဇွဲလားထုတ် ရေနံအပေါ် အဘယ်ကြောင့် ဤမျှ သွားရည်ကျ တပ်မက်နေရပါသနည်း။
“အမေရိကန်အတွက် ငွေရှာပေးရန်” ဟူသည့် အပြင် မီဒီယာနှင့် ပညာရှင်အချို့က အခြားရှင်းလင်းချက်တစ်ခု ပေးခဲ့ကြသည်။ ယင်းမှာ ဗင်နီဇွဲလား၏ ရေနံမှာ အမေရိကန် ရှိရင်းစွဲ ရေနံ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်၏ လိုအပ်ချက်နှင့် ပို၍ ကိုက်ညီမှုရှိရာ အမေရိကန် ဈေးကွက်တွင် အလွန်အင်အားကောင်းသည့် အပြန်အလှန်ဖြည့်စွက်မှုရှိခြင်း ဖြစ်သည်။
မြေအောက်မှ တူးဖော်ပြီး မစီမံရသေးသော ရေနံကို ရေနံစိမ်းဟု ခေါ်ဆိုရာ ဓာတ်ဆီ စသည့် အသုံးပြုနိုင်သောလောင်စာနှင့် အခြားထုတ်ကုန်များ ဖြစ်ရန် သန့်စင်စီမံရန် လိုအပ်ပေသည်။ မတူကွဲပြားသည့် ဒေသများမှ တူးဖော်ရရှိသည့် ရေနံစိမ်းတွင် ကွဲပြားခြားနားမှုများ ရှိပြီး ရေနံစိမ်း၏ အပျစ်အကျဲ စသည်တို့ ကွာခြားမှုအရ light crude oil နှင့် heavy crude oil ဟူ၍ ခွဲခြားနိုင်သည်။
Heavy crude oil တွင် “အညစ်အကြေး ရောနှောပါဝင်မှု” ပို၍ များပြားပြီး light crude oil တွင်မူ “အညစ်အကြေး ရောနှောပါဝင်မှု” ပို၍ နည်းပါးသည်။ Light crude oil နှင့်နှိုင်းယှဉ်ပါက heavy crude oil ၏ တူးဖော်မှုနှင့် သန့်စင်မှုလုပ်ငန်းစဉ်နှင့် နည်းပညာမှာ ယေဘုယျအားဖြင့် ပို၍ ရှုပ်ထွေးသည်။ ဗင်နီဇွဲလားတွင် ထုတ်လုပ်သည်မှာ အဓိကအားဖြင့် heavy crude oil ဖြစ်ပြီး အမေရိကန် ပြည်တွင်း၌ တူးဖော်သည်မှာ အဓိကအားဖြင့် light crude oil ဖြစ်ရာ heavy crude oil ကို အလွယ်တကူ အစားထိုးနိုင်မှု မရှိပေ။
ပြဿနာမှာ အမေရိကန်၏ လက်ရှိရေနံချက်အဆောက်အဦများသည် ၎င်းတူးဖော်သည့် light crude oil နှင့် “သဟဇာတ” မရှိခြင်းပင် ဖြစ်သည်။
အမေရိကန်၏ မနည်းလှသည့် ရေနံချက်အဆောက်အဦများမှာ မက္ကဆီကိုပင်လယ်ကွေ့ ကမ်းခြေတစ်လျှောက်ရှိ တက္ကဆက်ပြည်နယ်၊ လူဝီစီယားနားပြည်နယ် စသည့် နေရာများ၌ တည်ရှိရာ မူလက ဗင်နီဇွဲလား စသည့်နေရာများမှ တင်သွင်းသော heavy crude oil များကို ဟန်ချက်ညီညီ ချက်လုပ်နိုင်ရန်အတွက် ဖြစ်ကြောင်း ဗြိတိန် Sky News သတင်းတွင် ထောက်ပြခဲ့သည်။
အဆောက်အဦများကို ပြင်ဆင်ချိန်ညှိခြင်းသည် ရင်းနှီးမြှုပ်နှံမှု ပမာဏအများအပြား လိုအပ်ခြင်းကြောင့် ကုမ္ပဏီလုပ်ငန်းများက စိတ်အားထက်သန်မှု အားနည်းကြပေသည်။ ထို့အပြင် ဗင်နီဇွဲလား၏ heavy crude oil သည် ဒီဇယ်၊ ကတ္တရာနှင့် အခြားသော အကြီးစားစက်ပစ္စည်းသုံး လောင်စာဆီများအဖြစ် သန့်စင်နိုင်ပြီး ၎င်း၏ ဆက်စပ်ထုတ်ကုန်ပစ္စည်းအမျိုးအစားမှာ light crude oil ထက် ပို၍များပြားပေသည်။ ထို့ကြောင့် လက်ရှိတွင် အမေရိကန်သည် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန် တစ်ဖက်က light crude oil ပမာဏအများအပြား တင်ပို့နေသလို တစ်ဖက်တွင်လည်း heavy crude oil အများပြား တင်သွင်းနေရခြင်း ဖြစ်သည်။
အမေရိကန်သည် လက်ရှိတွင် အဓိကအားဖြင့် ကနေဒါမှ heavy crude oil တင်သွင်းသော်လည်း ထရမ့် သမ္မတအဖြစ် အိမ်ဖြူတော်သို့ပြန်ရောက်ပြီးနောက် ကနေဒါကို အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ပြောင်းလဲမည်ဟု ကြေညာပြောကြားခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု ဖြစ်ပွားခဲ့ရာ ထရမ့်အစိုးရအနေဖြင့် ကနေဒါအပေါ် ရေနံမှီခိုရမှုကို ရုန်းထွက်ရန် ဆန္ဒရှိနေကြောင်း အနောက်မီဒီယာများ၏ သုံးသပ်ချက်တွင် ထောက်ပြထားသည်။
သို့သော် အနောက်မီဒီယာနှင့် ပညာရှင်များက ထရမ့်အနေဖြင့် ဗင်နီဇွဲလား ရေနံအရင်းအမြစ်ကို လုယူသည့် “တွက်ကိန်း” တွင် အတားအဆီးများစွာနှင့် ရင်ဆိုင်ရသည်ဟု ယူဆကြသည်။ ဗင်နီဇွဲလား၏ တွေ့ရှိထားသော ရေနံသိုက်ပမာဏမှာ တစ်ကမ္ဘာလုံး၌ တွေ့ရှိထားသော ရေနံသိုက်ပမာဏ၏ ၁၇ ရာခိုင်နှုန်း ရှိရာ ကမ္ဘာ့ထိပ်တန်းတွင် ရပ်တည်နေသော်လည်း ယခုနှစ်များတွင် အမေရိကန် ပိတ်ဆို့မှု စသည့် အကြောင်းရင်းများကြောင့် ၎င်း၏ ရေနံထုတ်လုပ်နိုင်စွမ်းမှာ ဆိုးရွာစွာ ကျဆင်းနေပြီဖြစ်ရာ ထုတ်လုပ်နိုင်စွမ်းကို ပြန်လည်မြှင့်တင်ရန် အရင်းအနှီးနှင့် အချိန်များစွာလိုအပ်ပေသည်။
အမေရိကန်၏ ပမာဏအလွန်ကြီးမားသော ရေနံကုမ္ပဏီများကို “ကန်ဒေါ်လာ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံ” စေမည်ဖြစ်ကြောင်း၊ ဗင်နီဇွဲလား၏ ဆိုးရွားစွာ ပျက်ဆီးနေသော ရေနံ အခြေခံအဆောက်အဦကို ပြုပြင်မွမ်းမံသွားမည်ဖြစ်ပြီး အမေရိကန်အကျိုးစီးပွားကို စတင် ဖန်တီးသွားမည် ဖြစ်ကြောင်း ထရမ့်က ဇန်နဝါရီ ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော် ထရမ့်၏ ဤ “တိုက်တွန်းနှိုးဆော်မှု” အပေါ် အမေရိကန်၏ အဓိက ရေနံကုမ္ပဏီလုပ်ငန်းများက ယေဘုယျအားဖြင့် စောင့်ကြည့်သည့်သဘောထားရှိကြသည်။ အမေရိကန်မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ သုတေသနစင်တာ စွမ်းအင်နှင့် ပထဝီနိုင်ငံရေးပညာရှင် Clay Seigle က ဗင်နီဇွဲလားရေနံ၏ ပျစ်နှစ်မှုအတိုင်းအတာ၊ ဆာလဖာ ပါဝင်မှုပမာဏနှင့် ကာဗွန်ပါဝင်မှုပမာဏ မြင့်မားသောကြောင့်” Extra Heavy Crude Oil” တွင် ပါဝင်ရာ တူးဖော်ရန် ခက်ခဲမှုကြီးမား၍ စွမ်းအင်ကုန်ဆုံးမှုမြင့်မားသဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ကို ပိုမိုများပြားစွာ ထုတ်လွှတ်ကြောင်း ပြောကြားခဲ့သည်။
ဗင်နီဇွဲလားသို့ ကုမ္ပဏီလုပ်ငန်းများ တွင်ရောက်ရာတွင် လုံခြုံရေးအာမခံချက် မပြည့်စုံခြင်း၊ အခြေခံအဆောက်အဦ နှစ်ရှည် ပြင်ဆင်မှုမရှိခြင်း၊ အမေရိကန်က မာဒူရိုအား အတင်းအဓမ္မထိန်းချုပ်သည့် လှုပ်ရှားမှုသည် တရားဝင်မှု ရှိခြင်း၊ မရှိခြင်း၊ ဗင်နီဇွဲလား နိုင်ငံရေးအလားအလာ စသည့် ပြဿနာရပ်များစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း လုပ်ငန်းသုံးသပ်သူများက ထောက်ပြကြသည်။
ထို့အပြင် အချို့က ဗင်နီဇွဲလား၏ ရေနံသိုက်ပမာဏသည် နောက်တစ်ဆင့် အတည်ပြုရန် လိုအပ်သည်ဟု ယူဆချက်များလည်းရှိသည်။ အမေရိကန်နိုင်ငံ Aurora Macro Strategies ကုမ္ပဏီမှ သုံးသပ်သူ José Ignacio Hernández က “‘ဗင်နီဇွဲလားမှာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ရှိတယ်’ လို့ လူတွေက အမြဲပြောကြတယ်။ ဒါပေမဲ့ အများစုက တကယ်စမ်းသပ်အတည်ပြုထားတာ မရှိပါဘူး။ ဗင်နီဇွဲလားက ရေနံရှာဖွေမှုကဏ္ဍမှာ ရင်းနှီးတာတွေကို ရပ်ဆိုင်းလိုက်တာ ကြာလှပါပြီ။ ရေနံကို မြေအောက်က တူးဖော်ဖို့လည်း အချိန်လိုအပ်ပါတယ်” ဟု ဆိုသည်။ (Xinhua)
——————
(Chinese Version)
新闻分析|委内瑞拉的“重油”如何吸引美国垂涎
美军强行控制委内瑞拉总统马杜罗后,美国总统特朗普立即喊出要控制委内瑞拉石油产业,声称美国石油企业已做好在委大举投资的准备,以恢复委石油出口。美国自身就是产油大国,特朗普为什么还要如此垂涎委内瑞拉出产的石油?
除“为美国赚钱”外,一些媒体和专家给出了另外一种解释:委内瑞拉的石油更符合美国现有石油产业链的需求,在美国市场具有极强的互补性。
从地下开采出来的未加工的石油称为原油,需要经过炼化才能成为汽油等可供使用的燃料和其他产品。不同地区开采出来的原油存在区别,根据原油密度等不同,可以分为轻质原油与重质原油。
重质原油中“杂质”较多,轻质原油中“杂质”较少。与轻油相比,重油的开采和炼化工艺流程及技术整体上更为复杂。委内瑞拉生产的主要是重油,而美国国内开采的主要为轻油,无法轻易代替重油。
问题在于,美国现有大量石油炼化设施与其开采出来的轻油并不“兼容”。英国天空电视台报道指出,美国的不少炼化设施位于墨西哥湾沿岸的得克萨斯州、路易斯安那州等地,原本就是为了配合炼化从委内瑞拉等地进口的重油。由于调整设施需要大量投入,企业往往动力不足。另外,委内瑞拉的重油可用于炼化柴油、沥青和其他重型设备燃料,其衍生产品种类比轻油更为丰富。这导致目前美国一方面大量出口轻油,一方面依然大量进口重油炼化,以满足国内需求。
有西方媒体分析指出,美国目前主要从加拿大进口重油,但特朗普重返白宫后宣称要把加拿大变成美国第51个州,导致两国关系紧张,特朗普政府有意摆脱对加拿大石油的依赖。
不过,西方媒体和专家普遍认为,特朗普攫取委内瑞拉石油资源的“算盘”面临诸多障碍。委内瑞拉已探明石油储量约占全球已探明储量的17%,居世界首位,但近年来由于美国封锁等原因,其石油产能已严重下降,重新提高产能需要大量的资金和时间。
特朗普3日在记者会上表示,将让美国那些规模庞大的石油公司“投入数十亿美元”,维修委内瑞拉严重破败的石油基础设施,并开始为美国创造收益。然而,对于特朗普的这番“号召”,美国主要的石油企业普遍持观望态度。美国战略与国际问题研究中心能源与地缘政治专家克莱顿·西格尔表示,委内瑞拉石油黏稠度以及含硫量和含碳量高,属于“超重质石油”,开采难度大且能耗高,排放更多温室气体。行业分析人士指出,企业进入委内瑞拉投资,需要考虑安全保障不足、基础设施年久失修、美国强行控制马杜罗的行动是否合法、委政局前景等诸多问题。
还有观点认为,委内瑞拉的石油储量需要进一步明确。美国奥罗拉宏观战略公司分析师何塞·伊格纳西奥·埃尔南德斯说:“人们总说‘委内瑞拉有全世界最大的石油储量’,但不少并没有得到真正验证,而委内瑞拉很久前就停止了在勘探方面的投入。把石油从地下开采出来需要时间。”(完)
1. 1月3日,在委内瑞拉首都加拉加斯,一家委内瑞拉石油公司的加油站关闭。新华社发(马科斯·萨尔加多摄)
