International Organizations
အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိပါးမရကြောင်း ကုလသမဂ္ဂ အလေးပေးပြောကြား
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်၏ ဂရင်းလန်းကျွန်းနှင့်စပ်လျဉ်း၍ လတ်တလော ပြောကြားချက်များကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေပိုင်နက်ပြည့်စုံမှုအား ထိပါး၍မရကြောင်းကို ကုလသမဂ္ဂက ခိုင်မာစွာယုံကြည်ပြီး ကုလသမဂ္ဂအနေဖြင့် ဤမူဝါဒရပ်တည်ချက်ကို ဆက်လက်ကာကွယ်သွားမည်ဟု ဇန်နဝါရီ ၆ ရက်က ပြောကြားခဲ့သည်။
Dujarric က ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် အမေရိကန်ခေါင်းဆောင်၏ ဂရင်းလန်းကျွန်းနှင့်စပ်လျဉ်း၍ လတ်တလော ပြောကြားချက်များကို ကုလသမဂ္ဂအနေဖြင့် သတိပြုမိကြောင်း၊ ယင်းအပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏အခြေခံမူ ရပ်တည်ချက်သည် အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေပိုင်နက်ပြည့်စုံမှုအား ထိပါး၍မရကြောင်းကို ခိုင်မာစွာယုံကြည်ပြီး ကုလသမဂ္ဂအနေဖြင့် ဤရပ်တည်ချက်ကို ဆက်လက်ကာကွယ်သွားမည်ဖြစ်သလို အထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့်လည်း ဤရပ်တည်ချက်ကို အများပြည်သူရှေ့မှောက်နှင့် ပုဂ္ဂလိက နေရာများတွင် ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်သည် ၂၀၂၅ ခုနှစ် ရာထူးတာဝန်ထမ်းဆောင်ချိန်မှစ၍ ဂရင်းလန်းကျွန်းအား ရယူမည်ဟု ကြိမ်ဖန်များစွာ ပြောကြားခဲ့ပြီး အင်အားသုံး၍ ရရှိခြင်း ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားမည်မဟုတ်ကြောင်းဆိုခဲ့သည်။ အမေရိကန် “The Atlantic” လစဉ်ထုတ်မဂ္ဂဇင်း၏ ယခုလ ၄ ရက် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ထရမ့်က ဗင်နီဇွဲလားသည် အမေရိကန် ဝင်ရောက်စွက်ဖက်သည့် နောက်ဆုံးနိုင်ငံ မဟုတ်နိုင်ကြောင်း၊ “ကျွန်တော်တို့ ဂရင်းလန်းကို လုံးဝလိုအပ်တယ်” ဟု ဆိုခဲ့သည်။ (Xinhua)
………………..
(Chinese Version)
联合国强调成员国领土完整的不可侵犯性
新华社联合国1月6日电(记者潘云召)针对美国总统特朗普近期关于格陵兰岛的言论,联合国秘书长发言人迪雅里克6日表示,联合国坚信成员国领土完整的不可侵犯性,联合国将继续捍卫这一原则立场。
迪雅里克在当天的记者会上回答新华社记者提问时表示,联合国方面已注意到美国领导人近期就格陵兰岛发表的言论,并对此感到担忧。他强调,联合国的原则立场是坚信成员国领土完整的不可侵犯性,联合国将继续捍卫这一立场,秘书长也将继续在公开和私下场合推动这一立场。
美国总统特朗普2025年上任以来多次扬言要得到格陵兰岛,并声称不排除动用武力的可能性。特朗普本月4日接受美国《大西洋》月刊电话采访时称,委内瑞拉可能不会是美国干预的最后一个国家,并称“我们绝对需要格陵兰岛”。(完)
