Connect with us

North America

ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပါက ၎င်းအနေဖြင့် စွဲချက်တင်ခံရနိုင်ခြေရှိသည်ဟု ထရမ့်ဆို

အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့ရှိ အစ္စရေးအစည်းအဝေးတွင် အမေရိကန်သမ္မတ ထရမ့် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)

ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ၎င်းတည်ရှိရာ ရီပက်ဘလစ်ကန်ပါတီသည် ယခုနှစ် လွှတ်တော် ပြန်လည်ရွေးကောက်ပွဲ (ကြားဖြတ်ရွေးကောက်ပွဲ) တွင် မဖြစ်မနေ အနိုင်ရရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ၎င်းအနေဖြင့် ဒီမိုကရက်ပါတီဝင်များ၏ စွဲချက်တင်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဇန်နဝါရီ ၆ ရက်က ပြောကြားခဲ့သည်။
ထိုနေ့ ဝါရှင်တန်တွင် ကျင်းပသော အောက်လွှတ်တော် ရီပက်ဘလစ်ကန်အမတ်များ၏ အစည်းအဝေးတွင် ထရမ့်က “ခင်ဗျားတို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရကိုရရမယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရှုံးရင် သူတို့က အကြောင်းပြချက်တစ်ခုခုရှာပြီး ကျွန်တော့်ကို စွဲချက်တင်လိမ့်မယ်” ဟူ၍ ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် ရီပက်ဘလစ်ကန်ပါတီဝင် ဖက်ဒရယ်အောက်လွှတ်တော်အမတ် Doug LaMalfa ရုတ်တရက်ကွယ်လွန်ခဲ့သည်ကို ထရမ့် အတည်ပြုခဲ့သည်။ LaMalfa သည် ထရမ့် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်၏ ခိုင်မာသော ထောက်ခံသူတစ်ဦးဖြစ်ရာ ၎င်းကွယ်လွန်ခြင်းကို ထရမ့်က “အလွန်ပင် ဝမ်းနည်းကြေကွဲရကြောင်း” ပြောကြားခဲ့ပြီး “သူရဲ့ မဲပေးမှုတိုင်းက ကျွန်တော်နဲ့ အမြဲတူညီတယ်” ဟု ဆိုခဲ့သည်။

တစ်ချိန်က ထရမ့်၏ အရေးပါသော နိုင်ငံရေးမဟာမိတ် Marjorie Taylor Greene က ဇန်နဝါရီ ၅ ရက်တွင် အောက်လွှတ်တော် အမတ်နေရာမှ နုတ်ထွက်ခဲ့သည်။ ထို့အပြင် LaMalfa ကွယ်လွန်ခဲ့ရာ အောက်လွှတ်တော်တွင် ရီပက်ဘလစ်ကန်ပါတီ၏ အနည်းငယ်သာရှိသောအားသာချက်မှာ တစ်ဆင့်တိုး ဆုတ်ယုတ်လာခဲ့သည်။ လက်ရှိတွင် အောက်လွှတ်တော်၌ ရီပက်ဘလစ်ကန်ပါတီ ထိန်းချုပ်ထားသော အမတ်နေရာမှာ ၂၁၈ နေရာအထိ လျော့နည်းသွားပြီး ဒီမိုကရက်တစ်ပါတီမှာ ၂၁၃ နေရာ ရှိသည်။ အထက်လွှတ်တော်တွင် ရီပက်ဘလစ်ကန်ပါတီက ၅၃ နေရာ နေရာယူထားပြီး ဒီမိုကရက်တစ်ပါတီမှာ ၄၅ နေရာ နေရာယူထားသည်။

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားပြီး ထိုအချိန်တွင် အောက်လွှတ်တော်အမတ်နေရာအားလုံးနှင့် အထက်လွှတ်တော်အမတ်နေရာ သုံးပုံတစ်ပုံကို ပြန်လည်ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။ လက်ရှိ ပါတီကွဲများ သဘောထားကွဲလွဲမှု တစ်နေ့တစ်ခြား ပြင်းထန်လာသည့်အခြေအနေတွင် ရီပက်ဘလစ်ကန်ပါတီက အထက်လွှတ်တော် သို့မဟုတ် အောက်လွှတ်တော်ရှိ မည်သည့် နေရာအများစုကိုမဆို ဆုံးရှုံးပါက ထရမ့်၏ နောက်ပိုင်း အုပ်ချုပ်ရေးစီမံခန့်ခွဲမှုကို ထိခိုက်စေမည်ဖြစ်သည်။ (Xinhua)

………………
(Chinese Version)
特朗普:若输中期选举,我可能被弹劾
新华社华盛顿1月6日电(记者杨伶 熊茂伶)美国总统特朗普6日称,他所属的共和党必须赢得今年国会改选、即中期选举,否则他可能遭到民主党人弹劾。
特朗普当天在华盛顿举行的众议院共和党籍议员会议上说:“你们必须赢得中期选举,因为如果我们输了,他们就会找个理由弹劾我。”
特朗普证实,加利福尼亚州共和党籍联邦众议员道格·拉马尔法突然去世。拉马尔法是特朗普执政议程的坚定支持者,特朗普对他的去世表示“非常悲痛”,称“他每次投票都和我一致”。
曾是特朗普重要政治盟友的玛乔丽·泰勒·格林5日辞去国会众议员席位,加上拉马尔法去世,共和党在众议院的微弱优势进一步削弱。目前,共和党在众议院控制的席位减少到218席,民主党为213席。在参议院,共和党占据53席,民主党占据45席。
美国中期选举定于今年11月举行,届时将改选众议院所有席位和参议院三分之一席位。在当前党派分歧日益加剧的情况下,共和党若失去参众任何一院多数地位,都将影响特朗普后续执政。(完)
图说:10月13日,美国总统特朗普在位于耶路撒冷的以色列议会发表演讲。新华社/基尼图片社