Connect with us

North America

နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုမှ အမေရိကန်နုတ်ထွက်ရန် ထရမ့်ညွှန်ကြား

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က ဇန်နဝါရီ ၇ ရက်တွင် သမ္မတအမိန့်လက်မှတ်ရေးထိုး၍ “အမေရိကန် အကျိုးစီးပွားနှင့် မကိုက်ညီသော “နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုမှ အမေရိကန် နုတ်ထွက်ရန် ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော်က အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အိမ်ဖြူတော်ထုတ်ပြန်သော သမ္မတအမိန့်အရ ဤနိုင်ငံတကာအဖွဲ့အစည်းများတွင် ကုလသမဂ္ဂ ယဉ်ကျေးမှု မဟာမိတ်အဖွဲ့ (UNAOC) ၊ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ် (UN-Habitat)၊ လက်တင်အမေရိကနှင့် ကာရေဘီယံ ကုလသမဂ္ဂ စီးပွားရေးကော်မရှင် စသည့် ကုလသမဂ္ဂအဖွဲ့အစည်း ၃၁ ခုနှင့် ကုလသမဂ္ဂမဟုတ်သော အဖွဲ့အစည်း ၃၅ ခုပါဝင်ကြောင်း သိရသည်။
ဤအဖွဲ့အစည်းများနှင့် လက်တွေ့လုပ်ဆောင်လည်ပတ်မှုများသည် အမေရိကန် အမျိုးသားအကျိုးစီးပွား၊ လုံခြုံရေး၊ စီးပွားရေး သာယာဝပြောမှု သို့မဟုတ် နိုင်ငံအချုပ်အခြာအာဏာနှင့် ဆန့်ကျင်ကြောင်း ထရမ့်က သမ္မတအမိန့်တွင် ဖော်ပြခဲ့သည်။
လွန်ခဲ့သောနှစ် ဇန်နဝါရီတွင် အိမ်ဖြူတော်သို့ ထရမ့် ပြန်လည်ရောက်ရှိခဲ့ပြီးနောက် အမေရိကန်သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) စသည်တို့မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
特朗普指示美国退出66个国际组织
新华社华盛顿1月7日电(记者黄强 徐剑梅)白宫7日发表声明说,美国总统特朗普当天签署总统备忘录,指示美国退出66个“不再符合美国利益”的国际组织。
根据白宫发布的备忘录,这些国际组织包括联合国文明联盟、联合国人类住区规划署、联合国拉丁美洲和加勒比经济委员会等31个联合国实体和35个非联合国组织。
特朗普在总统备忘录中称,这些组织和实体的运作有悖于美国国家利益、安全、经济繁荣或主权。
特朗普去年1月重返白宫后,美国已宣布将退出联合国教科文组织,世界卫生组织,联合国人权理事会等。(完)
图说:这是12月2日在美国首都华盛顿拍摄的白宫。新华社记者 胡友松 摄