Asia
ဗင်နီဇွဲလားအပေါ် အမေရိကန်စစ်ရေး ဝင်ရောက်စွက်ဖက်မှုက နိုင်ငံငယ်များအတွက် စိုးရိမ်မှု ဖြစ်စေသည်ဟု လီရှန်လွန်းက ပြောကြား
စင်ကာပူ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားအပေါ် အမေရိကန် စစ်ရေးဝင်ရောက်စွက်ဖက်မှုက နိုင်ငံတကာစနစ်အပေါ် ရေရှည်ရိုက်ခတ်မှုရှိမည် ဖြစ်ပြီး စင်ကာပူ စသည့် နိုင်ငံငယ်များကို စိုးရိမ်ပူပန်မှု ဖြစ်စေကြောင်း စင်ကာပူနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လီရှန်လွန်းက ဇန်နဝါရီ ၈ ရက် ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။
“(အမေရိကန် စစ်ရေးဝင်ရောက်စွက်ဖက်မှုက) နိုင်ငံတကာစနစ်အပေါ် ရေရှည်ဆိုးကျိုးဖြစ်ပေါ်စေခြင်းမှာ ကျွန်တော်တော့ မဖြစ်မနေ စိုးရိမ်ပူပန်ရမယ့်အရာဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ နိုင်ငံငယ်တွေရဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင် တကယ်လို့ ကမ္ဘာက ဒီလိုပုံစံမျိုးနဲ့ လည်ပတ်မယ်ဆိုရင် ကျွန်တော်တို့အတွက် ပြဿနာပါပဲ” ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။
ဗင်နီဇွဲလားတွင် အမေရိကန် စစ်ရေးဝင်ရောက်စွက်ဖက်မှုများအပေါ် စင်ကာပူအနေဖြင့် အထူးစိုးရိမ်ပူပန်ကြောင်း၊ အခြားနိုင်ငံကို စစ်ရေးဝင်ရောက်စွက်ဖက်ခြင်းကို စင်ကာပူနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် “ယင်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်း” ဖြစ်ကြောင်း လီရှန်လွန်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
李显龙:美国军事干预委内瑞拉令小国担忧
新华社新加坡1月8日电(记者舒畅 毛鹏飞)新加坡国务资政李显龙8日在一个论坛上表示,美国对委内瑞拉的军事干预将对国际体系产生长期影响,令新加坡等小国感到担忧。
李显龙说:“我认为,(美国军事干预)对国际体系造成的长期后果是我们必须担忧的。从小国的角度看,如果世界以这种方式运作,我们就有麻烦了。”
李显龙表示,新加坡对美国在委内瑞拉的军事干预表示严重关切,新加坡反对对他国的军事干预,因为“这违反国际法,违反联合国宪章”。(完)
1. 2017年9月16日,李显龙在新加坡接受了新华网专访。新华网发 王应耀摄
