Connect with us

Latin America

ဗင်နီဇွဲလားကို အမေရိကန် တိုက်ခိုက်မှုက ကမ္ဘာအတွက် ထိခိုက်မှုကြီး ၇ ရပ် ဖြစ်ပေါ်စေ

ဗင်နီဇွဲလားသမ္မတ မာဒူရို စီးနင်းလိုက်ပါသော မော်တော်ယာဉ်သည် အမေရိကန် နယူးယောက်မြို့ တောင်ပိုင်းဖက်ဒရယ်တရားရုံးမှ ထွက်ခွာသွားသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန် စစ်တပ်က ဇန်နဝါရီ ၃ ရက်တွင် ဗင်နီဇွဲလားကို လျှပ်တစ်ပြက်တိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုတို့ ဇနီးမောင်နှံအား အတင်းအဓမ္မ ဖမ်းဆီးထိန်းချုပ်ကာ လွှဲပြောင်းခဲ့သည်။ ထို့နောက်မကြာမီတွင်ပင် အမေရိကန်ဘက်က ဗင်နီဇွဲလားကို “စီမံခန့်ခွဲ” မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး မာဒူရိုအား အမေရိကန် တရားရုံးတွင် အတင်းအဓမ္မ ရုံးထုတ်စစ်ဆေးခဲ့သည်။

အမေရိကန်အနေဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအပေါ် ပြောင်ပြောင်တင်းတင်း လက်နက်အင်အားသုံးပြီး နိုင်ငံတစ်နိုင်ငံ၏သမ္မတအပေါ် ကိုင်တွယ်ခြင်းသည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို သိသာထင်ရှားစွာ ချိုးဖောက်ခြင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူကို ချိုးဖောက်ခြင်းဖြစ်ရာ ဗြောင်ကျကျ ဗိုလ်ကျစိုးမိုးသည့် လုပ်ရပ်ဖြစ်သည်။

ကမ္ဘာက အံ့ဩတုန်လှုပ်ခဲ့ရသလို ဝေဖန်မှုအသံများ ဆူညံသွားစေခဲ့သည်။ ထို့အပေါ် နိုင်ငံအများအပြား၏ အစိုးရများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသလို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ အမေရိကန်၏လုပ်ရပ်က နိုင်ငံတကာစည်းစနစ်ကို ဆိုးရွားစွာ ရိုက်ခတ်ရာ ကမ္ဘာကြီးအတွက် ထိခိုက်မှုအထပ်ထပ် ဖြစ်စေကြောင်း လူထုက ယူဆကြသည်။

ပထမ ထိခိုက်နစ်နာမှု – ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်း

ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၂၊ ပုဒ်မ ၄ တွင် “အဖွဲ့ဝင်နိုင်ငံအသီးသီးသည် ၎င်းတို့၏ နိုင်ငံတကာဆက်ဆံရေးတွင် ခြိမ်းခြောက်မှု သို့မဟုတ် လက်နက်အင်အား သို့မဟုတ် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် မလျော်ညီသော မည်သည့် အခြားနည်းလမ်းကိုမဆို အသုံးပြု၍ မည်သည့်အဖွဲ့ဝင်နိုင်ငံ သို့မဟုတ် နိုင်ငံ၏နယ်မြေပိုက်နက်ပြည့်စုံမှု သို့မဟုတ် နိုင်ငံရေးလွတ်လပ်မှုကို ကျူးကျော်ထိပါး၍ မရ” ဟု သတ်မှတ်ထားသည်။

ဗင်နီဇွဲလားအခြေအနေသည် “အန္တရာယ်အကျပ်အတည်းများ၏ ရှေ့ပြေးသာဓက” တစ်ခု ဖြစ်လာရာ ဘက်ပေါင်းစုံက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအပါအဝင် နိုင်ငံတကာဥပဒေကို အပြည့်အဝ လေးစားရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ဒုတိယ ထိခိုက်မှု – အခြားနိုင်ငံသို့ တရားမဝင် ကျူးကျော်ခြင်း

၁၉၇၄ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၃၃၁၄ တွင် အတည်ပြုခဲ့သည့် “ကျူးကျော်မှု အနက်အဓိပ္ပာယ်သတ်မှတ်ချက်” တွင် စံပြုထားသည့် ကျူးကျော်မှု အပြုအမူ အမျိုးအစား များစွာကို ဖော်ပြထားရာ “အခြားနိုင်ငံ၏ နယ်မြေပိုင်နက်ကို လက်နက်ဖြင့် ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း”၊ “အခြားနိုင်ငံ၏နယ်မြေပိုင်နက်ကို ဗုံးကြဲခြင်း သို့မဟုတ် လက်နက်သုံး၍ တိုက်ခိုက်ခြင်း”၊ “ဆိပ်ကမ်း သို့မဟုတ် ပင်လယ်ကမ်းရိုးတန်းကို ပိတ်ဆို့ခြင်း”၊ “အခြားနိုင်ငံ၏ စစ်တပ် သို့မဟုတ် အရပ်သုံး ရေယာဉ်၊ လေယာဉ်များကို တိုက်ခိုက်ခြင်း” စသည်တို့ ပါဝင်ပေသည်။

အမေရိကန် အတ္တလန္တိတ်ကောင်စီ မဟာဗျူဟာ တရားစွဲဆိုမှုဆိုင်ရာစီမံကိန်း အကြီးတန်းရှေ့နေ Celeste Kmiotek က ဗင်နီဇွဲလားအပေါ် အမေရိကန်၏ အပြုအမူများမှာ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၃၃၁၄ ရှိ “စံပြုထားသည့် ကျူးကျော်မှု” အပြုအမူများ၏ သတ်မှတ်ချက်နှင့် ကိုက်ညီသည်ဟု ယူဆသည်။

ဆီယာရာလီယွန်ဆိုင်ရာ ကုလသမဂ္ဂ အထူးခုံရုံး (SCSL) ဥက္ကဋ္ဌဟောင်း Geoffrey Robertson က အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုသည် “ကျူးကျော်မှုမြောက်ကြောင်း” ပြောကြားခဲ့သည်။

တတိယ ထိခိုက်မှု – အခြားနိုင်ငံ၏ အချုပ်အခြာအာဏာကို နင်းချေခြင်း

အချုပ်အခြာအာဏာ၏ အခြေခံမူမှာ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာဥပဒေကို အခြေခံထားခြင်း ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ် “နိုင်ငံတကာဥပဒေအခြေခံမူ ကြေညာချက်” တွင် “နိုင်ငံ၏ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် နိုင်ငံရေးလွတ်လပ်မှုကို ထိပါးကျူးကျော်၍မရ”၊ “နိုင်ငံတကာဝတ္တရားကို နိုင်ငံတိုင်းက အပြည့်အဝ စိတ်ရင်းအမှန်ဖြင့် ဖော်ဆောင်ကျင့်သုံးရန်၊ အခြားနိုင်ငံနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် နိုင်ငံတိုင်းတွင် တာဝန်ရှိသည်” စသည့် အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော သတ်မှတ်ချက်များကို ဖော်ပြထားသည်။

အမေရိကန်က နိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲကို ပြောင်ပြောင်တင်းတင်း ထိန်းချုပ်ပြီး အခြားနိုင်ငံကို “စီမံခန့်ခွဲမည်” ဟု ပြောဆိုခြင်းသည် အခြားနိုင်ငံ၏ အချုပ်အခြာအာဏာကို ကြမ်းတမ်းစွာ နင်းချေခြင်းနှင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

အမေရိကန် ပင်ဆယ်ဗေးနီးယားတက္ကသိုလ် ဥပဒေပါမောက္ခ Claire Finkelstein က အမေရိကန်၏လုပ်ရပ်သည် “အလွန်အမင်း တရားမဝင်” ကြောင်း ပြောကြားခဲ့သည်။ “အခြားနိုင်ငံမှာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရှိရာ ထင်သလို ဝင်ရောက်ကျူးကျော်ပြီး သိမ်းပိုက်လို့မရသလို အမေရိကန်အနေနဲ့လည်း အခြားနိုင်ငံအစိုးရကို စီမံခန့်ခွဲပိုင်ခွင့်မရှိဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထ ထိခိုက်မှု – အခြားနိုင်ငံ အကြီးအကဲ၏ ကင်းလွတ်ခွင့်ကို ချိုးဖောက်ခြင်း

အမေရိကန်အစိုးရက “မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး” ဟု အမည်တပ်၍ ဗင်နီဇွဲလားကို စစ်တပ်စေလွှတ်ကာ ဗင်နီဇွဲလား သမ္မတ မာဒူရိုကို အတင်းအဓမ္မ ဖမ်းထိန်းချုပ်ပြီး ၎င်းကို အမေရိကန် တရားရုံးတွင် အတင်းအကျပ် ရုံးထုတ်ခြင်းသည် ပြည်တွင်းဥပဒေကို နိုင်ငံတကာဥပဒေပေါ်တွင် တင်စီးထားသည့် ဗိုလ်ကျစိုးမိုးမှုလုပ်ရပ် ဖြစ်သည်။
စပိန် The Independent သတင်းစာက အမေရိကန်၏ လုပ်ဆောင်မှုအရပ်ရပ်မှာ နိုင်ငံတကာဥပဒေ အနက်အဓိပ္ပာယ်အရ ပြန်ပေးဆွဲမှုမြောက်ပြီး ကင်းလွတ်ခွင့်ရှိသည့် နိုင်ငံအကြီးအကဲ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို တရားမဝင် လုယူလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
Celeste Kmiotek က နိုင်ငံတကာဥပဒေတွင် မာဒူရိုကို အခြားနိုင်ငံ၏ ပြည်တွင်းတရားရုံး၌ လုံးဝကင်းလွတ်ခွင့် ပေးထားရာ အမေရိကန်အနေဖြင့် ၎င်းအား နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ယင်းကင်းလွတ်ခွင့်သည် အကျုံးဝင်ကြောင်း ပြောကြားခဲ့သည်။

ပဉ္စမ ထိခိုက်မှု – အခြားနိုင်ငံ၏ ရေနံအရင်းအမြစ်ကို လုယူခြင်း

“အမေရိကန် အကြီးစားရေနံကုမ္ပဏီတွေကို ဗင်နီဇွဲလားသို့ ဝင်ရောက်ခိုင်းမှာ ဖြစ်တယ်” ဟု ထရမ့် ပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင်ပင် ဗင်နီဇွဲလားအပေါ် အမေရိကန်ထားရှိသည့် ရေနံသယ်ယူပို့ဆောင်မှု တားမြစ်ရေး အစီအမံများမှာ အကျုံးဝင်ဆဲဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းမှာ အမေရိကန်က ဗင်နီဇွဲလား၏ ရေနံတူးဖော်မှုနှင့် တင်ပို့မှုကို အပြည့်အဝ ထိန်းချုပ်လွှမ်းမိုးထားရန် ကြိုးပမ်းခြင်းဖြစ်ရာ “ပြောင်ပြောင်တင်းတင်း လုယက်မှု” နှင့် မကွာခြားတော့သည့် အဓိပ္ပာယ်ဖြစ်သည်။

အာဂျင်တီးနား ဗျူနိုအေးရိစ် စီးပွားရေးသတင်းကွန်ရက်က အမေရိကန် ဆိုလိုသည့် ဗင်နီဇွဲလားကို “စီမံအုပ်ချုပ်ခြင်း”၊ ရေနံအဆောက်အဦများကို “ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ “အရင်းအမြစ် လုယူခြင်း” တစ်ခုသာ ဖြစ်ကြောင်း သုံးသပ်ထားသည်။
ဗင်နီဇွဲလားအပေါ် အမေရိကန် တိုက်ခိုက်မှုတွင် လုံခြုံရေးအကြောင်းပြသည့် စွဲချက်၊ အစိုးရပြောင်းလဲရေးဟူသော နိုင်ငံရေးစကားနှင့် ရေနံအကျိုးစီးပွားအပေါ် မျက်စိကျမှုများ ရောယှက်ပါဝင်နေရာ ၎င်း၏ အစဉ်အလာမပြတ်ဖြစ်သော “သယံဇာတအရင်းအမြစ် အင်ပါယာဝါဒ” ယုံကြည်ချက်ကို ပေါ်လွင်စေကြောင်း ဗြိတိန် The Guardian ဆောင်းပါးတွင် ထောက်ပြထားသည်။

ဆဋ္ဌမ ထိခိုက်မှု – နိုင်ငံရေးကမောက်ကမဖြစ်မှုက ပြည်သူများ၏ စားဝတ်နေရေးအပေါ် ရိုက်ခတ်ခြင်း

အမေရိကန်၏ လှုပ်ရှားမှုက “ဗင်နီဇွဲလားပြည်သူများကို ချမ်းသာကြွယ်ဝမှု၊ လွတ်လပ်မှုနဲ့ လုံခြုံမှု ရှိစေမယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။ သို့သော် အခြားနိုင်ငံ၏အချုပ်အခြာအာဏာကို ကျူးကျော်ထိပါးခြင်းသည် နိုင်ငံတစ်နိုင်ငံ ပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအပေါ် ဆိုးရွားစွာ ချိုးဖောက်ခြင်းပင်ဖြစ်သည်။ အမေရိကန်စစ်ရေးလှုပ်ရှားမှုကြောင့် ဗင်နီဇွဲလားနိုင်ငံရေးအခြေအနေကို ကမောက်ကမဖြစ်စေပြီး လူမှုဘဝအကျိုးစီးပွားများသည် ရိုက်ခတ်မှုဒဏ်ခံရမည် ဖြစ်ပေသည်။

ပြည်ပစစ်ရေး ကြားဝင်မှုက လုံခြုံရေးလေဟာနယ်နှင့် အကြမ်းဖက်အန္တရာယ်ကို သယ်ဆောင်လာကာ ပြည်သူ့စည်းစနစ်ပြိုလဲပြီး အခြေခံဝန်ဆောင်မှုများ ရပ်တန့်ပြိုလဲစေကြောင်းကို အီရတ်၊ လစ်ဗျား စသည့် နိုင်ငံများအပေါ် အမေရိကန်၏ စွက်ဖက်မှုက သက်သေပြပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံ ချီကာဂို ကမ္ဘာ့ရေးရာကောင်စီ သုတေသီ Ertharin Cousin က ပြောကြားခဲ့သည်။
အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုက ဗင်နီဇွဲလားကို စားနပ်ရိက္ခာဖူလုံရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းသို့ တွန်းပို့နိုင်ရာ “ချမ်းသာကြွယ်ဝမှု” နှင့် “လုံခြုံမှု” ကို ဆောင်ကြဉ်းပေးခြင်း ဆိုသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သတ္တမ ထိခိုက်မှု – ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ခြင်း

ဗင်နီဇွဲလားကို အမေရိကန်စစ်တပ် လျှပ်တစ်ပြက်တိုက်ခိုက်ပြီးနောက် ထရမ့်က ”ကျူးဘားက နောက်ဆုံးမှာလည်း ကျွန်တော်တို့ဆွေးနွေးရမယ့် အကြောင်းအရာဖြစ်လာမယ်” ဟု ဆိုကာ ကိုလံဘီယာ သမ္မတ ပက်ထရို ကိုလည်း “သတိထားရန်” ပြောကြားခဲ့သည်။ အမေရိကန်၏ လက်နက်အင်အားကိုအလွဲသုံး၍ စစ်မက်ကိုခုံမင်ခြင်း လုပ်ရပ်မှာ လက်တင်အမေရိကနိုင်ငံများအတွက် အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဖြစ်စေသည်။

“ဒီနေ့က ဗင်နီဇွဲလား၊ နောက်နေ့က ဘယ်နိုင်ငံမဆို ဖြစ်နိုင်တယ်” ဟု ချီလီ သမ္မတ ဘိုးရစ်က အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှုဖြင့် ဝင်ရောက်စွက်ဖက်ခြင်းအပေါ် ပြစ်တင်ရှုတ်ချခဲ့သလို စိုးရိမ်မှုကို ဖော်ပြခဲ့သည်။
ဘရာဇီးသမ္မတ၏ ထိပ်တန်းအထူးအကြံပေး Celso Amorim က အမေရိကန်၏ ပြည်ပကို ဝင်ရောက်စွက်ဖက်မှုက ပေါ်ပေါ်ထင်ထင် အတင့်ရဲနေသည်မှာ မဖုံးကွယ်တော့သည်အထိဖြစ်ကြောင်း၊ “ဒေသတွင်းတစ်ခုလုံးကိုကြည့်ရင် အခြေအနေက ရတက်မအေး ဖြစ်ရတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗင်နီဇွဲလားအရေး အရေးပေါ်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Loey Felipe/UN Photo/Handout via Xinhua)

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်တွင် ဗင်နီဇွဲလား ရေနံကုမ္ပဏီတစ်ခု၏ ဆီဆိုင် ပိတ်သိမ်းထားသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
美国打击委内瑞拉对世界七大危害
新华社北京1月7日电 题:美国打击委内瑞拉对世界七大危害   新华社记者刘赞 阚静文 席玥   美军3日突袭委内瑞拉,强行控制并转移委总统马杜罗夫妇。随后,美方还宣称将“管理”委内瑞拉,并强迫马杜罗在美国法院出庭。
美国悍然对一个主权国家使用武力并对一国总统动手,明显违反国际法和国际关系基本准则,违反《联合国宪章》宗旨和原则,是赤裸裸的霸权行径。
世界震惊,舆论哗然,多国政府发声对此表示反对,予以强烈谴责。舆论认为,美国所为严重冲击国际秩序,给世界造成多重危害。
危害之一:违反《联合国宪章》
《联合国宪章》第二条第四款规定,“各会员国在其国际关系上不得使用威胁或武力,或以与联合国宗旨不符之任何其他方法,侵害任何会员国或国家之领土完整或政治独立”。
联合国秘书长古特雷斯的发言人发表声明说,委内瑞拉事态发展构成一个“危险的先例”,所有各方都必须充分尊重包括《联合国宪章》在内的国际法。       危害之二:非法侵略他国
1974年联合国大会第3314号决议通过的《侵略定义》列举多种典型侵略行为,包括“武装入侵或攻击他国领土”“轰炸或使用武器攻击他国领土”“封锁港口或海岸”“攻击他国军队或民用船只/飞机”等。
美国大西洋理事会战略诉讼项目高级律师西莱斯特·克米奥泰克认为,美国对委行动符合联大第3314号决议对“典型侵略”行为的定义。联合国前塞拉利昂特别法庭庭长杰弗里·罗伯逊表示,美国军事行动“构成侵略罪”。
危害之三:践踏他国主权
主权原则是国际关系和国际法的基础。1970年《国际法原则宣言》提出,“国家之领土完整及政治独立不得侵犯”“每一国均有责任充分并一秉诚意履行其国际义务,并与其他国家和平相处”等涉及主权的规定。
美国悍然控制一国元首并称将“管理”他国,无疑是粗暴践踏他国主权和干涉他国内政。美国宾夕法尼亚大学法学教授克莱尔·芬克尔斯坦说,美方行径“极其非法”,“他国拥有主权,不能随意入侵并占领,美国也无权管理他国政府”。
危害之四:侵犯他国元首豁免权
美国政府以“缉毒”为名出兵委内瑞拉,强行控制委总统马杜罗并强迫其在美国法院出庭,是把国内法凌驾于国际法之上的霸权作派。
西班牙《独立报》说,美方所作所为构成国际法意义上的绑架,非法剥夺了享有豁免权的国家元首的人身自由。克米奥泰克指出,国际法赋予马杜罗在其他国家国内法院的绝对豁免权,无论美国是否承认他为国家元首,这种豁免权都应适用。
危害之五:掠夺他国石油资源
特朗普称“将让美国大型石油公司进入委内瑞拉”,同时宣布美国对委所有石油禁运措施依然有效。这意味着,美国试图完全掌控霸占委石油开采和出口,无异于“明抢”。
阿根廷布宜诺斯艾利斯经济新闻网评论,美国所谓“管理”委内瑞拉、“重建”石油设施,不过是一场“资源掠夺”。英国《卫报》文章指出,美国对委攻势夹杂着以安全为借口的指控、政权更迭的政治话语和对石油利益的觊觎,体现其一贯的“资源帝国主义”信条。
危害之六:引发政局动荡冲击民生
特朗普声称美国行动“将使委内瑞拉人民富裕、独立和安全”。但是,侵犯他国主权,是对一国人民权利的严重侵害。美国军事行动将造成委政局动荡,民生福祉遭受冲击。
美国芝加哥全球事务学会研究员厄瑟琳·卡曾说,美国对伊拉克、利比亚等国的干涉已表明,外部军事介入将带来安全真空和暴力风险,导致公共秩序崩塌、基本服务瘫痪。美国军事行动或将把委内瑞拉推向粮食安全和人道主义危机,绝非所谓带来“富裕”和“安全”。
危害之七:威胁地区和平与安全
在美军突袭委内瑞拉后,特朗普称“古巴最终也会成为我们要讨论的话题”,还让哥伦比亚总统佩特罗“小心点”。美国黩武霸道行径让拉美多国唇亡齿寒。   “今天是委内瑞拉,明天就可能是任何一个国家。”智利总统博里奇道出对美国霸权干涉的谴责和忧虑。巴西总统首席特别顾问塞尔索·阿莫林说,美国对外干预已经明目张胆到不加掩饰程度,“从整个地区看,局势令人不安”。(完)
1. 2026年1月5日,委内瑞拉总统马杜罗乘坐的车辆离开美国纽约南区联邦地区法院。遭美国强行控制的马杜罗夫妇5日中午在该法院首次出庭,拒绝美方所谓“犯罪”指控。新华社记者张凤国摄
2. 2026年1月5日,在位于纽约的联合国总部,联合国安理会就委内瑞拉局势举行紧急会议。新华社发(联合国供图/洛伊·费利佩摄)
3. 2026年1月3日,在委内瑞拉首都加拉加斯,一家委内瑞拉石油公司的加油站关闭。新华社发(马科斯·萨尔加多摄)