Connect with us

Latin America

တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး ဘရာဇီးနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ် ရောက်ရှိ

တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘောကြီး” ဘာဘေးဒိုးစ်နိုင်ငံ ဘရစ်ချ်တောင်းဆိပ်ကမ်းတွင် ရပ်နားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်ရေတပ် ဆေးရုံသင်္ဘောကြီး “ပိုးလမ်းမသင်္ဘော” သည် ဒေသစံတော်ချိန် ဇန်နဝါရီ ၈ ရက်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိခဲ့ပြီး ၇ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်ကာ ဆေးပညာဖလှယ်ရေးအစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းမှာ ဆေးရုံသင်္ဘောကြီး ထမ်းဆောင်လျက်ရှိသော “Harmony 2025” မစ်ရှင်များအနက် တစ်နေရာ ဖြစ်သလို တရုတ်ရေတပ်ဆေးသင်္ဘောကြီးက ဘရာဇီးနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းလည်း ဖြစ်သည်။

ခရီးစဉ်ကာလအတွင်း ဆေးရုံသင်္ဘောကြီးသည် အများပြည်သူအတွက် ဖွင့်လှစ်ပေးခြင်း၊ ပညာရှင်အဖွဲ့ခွဲများကို Marcilio Dias ဘရာဇီးရေတပ်ဆေးရုံနှင့် ဘရာဇီးရေတပ်စစ်ဆင်ရေးဆေးပညာစင်တာသို့ စေလွှတ်၍ ဆေးပညာဖလှယ်ခြင်း၊ ယဉ်ကျေးမှုအဖွဲ့ခွဲများကို ဘရာဇီး တရုတ်နွှယ်ဖွား ယဉ်ကျေးမှုဖလှယ်ရေးအသင်းသို့ စေလွှတ်၍ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် ပြုလုပ်ခြင်းတို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဘရာဇီးရေတပ် ကျန်းမာရေးဌာန ကိုယ်စားလှယ်များကလည်း သင်္ဘောပေါ်သို့ တက်ရောက်၍ လေ့လာကြည့်ရှုမည်ဖြစ်ပြီး ဆေးပညာရပ်ဖလှယ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဘရာဇီးရေတပ်စစ်ဆင်ရေး အရာရှိစစ်သည်များကလည်း တရုတ်ဆေးရုံသင်္ဘော၏ တိုက်ပွဲဝင် ကူညီကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုများတွင် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆေးရုံသင်္ဘောကြီးသည် ဘရာဇီးရေတပ်နှင့်အတူ အဖွဲ့ခွဲရေကြောင်းမောင်းနှင်ခြင်း၊ ရေနစ်သူအား ပူးတွဲရှာဖွေကယ်ဆယ်ခြင်း အစီအစဉ်များတွင် ပင်လယ်ပြင်ပူးတွဲလေ့ကျင့်ရေးများ ပြုလုပ်ရန်လည်း စီစဉ်ထားသည်။ (Xinhua)

——————-
(Chinese Version)
中国海军医院船首次访问巴西
新华社里约热内卢1月9日电(崔晓洋 唐磊)当地时间1月8日,中国海军“丝路方舟”号医院船抵达巴西里约热内卢,开始为期7天的友好访问并开展医学交流活动。
这是医院船执行“和谐使命-2025”任务的其中一站,也是中国海军医院船首次访问巴西。
访问期间,医院船将面向公众开放,并派出专家分队赴马尔西奥利·迪亚斯巴海军医院和巴西海军作战医学中心进行医学交流,派出文化分队赴巴西华人文化交流协会开展文化联谊活动;巴海军卫生部门代表将登船参观并开展医学交流,巴海军作战军官将参加我医院船战斗救援演示。
此外,医院船还计划与巴海军围绕编队航行、联合搜救落水人员等科目开展海上联合演练。(完)
1. 2025年12月26日,中国海军“丝路方舟”号医院船停靠在巴巴多斯布里奇敦港。新华社发(崔晓洋摄)