North America
အမေရိကန်စည်းကြပ်ခွန်၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် ရိုက်ခတ်မှု တစ်ဆင့်တိုး ပေါ်လွင်လာမည်ဟု အမေရိကန်စီးပွားရေးပညာရှင် ဆို
လန်ဒန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
လက်ရှိ ကမ္ဘာ့စီးပွားရေး အပေါ်ယံက “တည်ငြိမ်မှု” တွင် သိသာသော ထင်ယောင်ထင်မှားဖြစ်မှုရှိပြီး စည်းကြပ်ခွန်များကြောင့် ဖြစ်ပေါ်လာသော ဖွဲ့စည်းပုံဆိုင်ရာ ထိခိုက်ပျက်စီးမှုများသည် ရေတို အကြောင်းရင်းအမျိုးမျိုးဖြင့် ဖုံးကွယ်ခံထားရကြောင်း၊ ကြိုတင်တင်သွင်းမှု၏ အကျိုးသက်ရောက်မှု အားနည်းလာခြင်း၊ ကုမ္ပဏီလုပ်ငန်းများက ကုန်ကျစရိတ်များကို စားသုံးသူများထံ အရှိန်အဟုန်ဖြင့် လွှဲပြောင်းပေးလာသည်နှင့်အမျှ သက်ဆိုင်ရာ အပျက်သဘောဆောင်သော သက်ရောက်မှုများသည် ၂၀၂၆ ခုနှစ်တွင် ပိုမိုရှင်းလင်းစွာ ပေါ်လွင်လာမည်ဖြစ်ကြောင်း ဟားဗက်တက္ကသိုလ် စီးပွားရေးပါမောက္ခ၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ပထမ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း Gita Gopinath က ဗြိတိန် “Financial Times” သတင်းစာတွင် မကြာသေးမီက ဆောင်းပါးရေး၍ ထောက်ပြခဲ့သည်။ ဆောင်းပါး အနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် အမေရိကန်သည် စည်းကြပ်ခွန်များကို ရာစုနှစ်တစ်ခုနီးပါးအတွင်း အမြင့်ဆုံးအထိ မြှင့်တင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ မူဝါဒ မသေချာမရေရာမှုများ သိသိသာသာ မြင့်တက်လာကြောင်း၊ သို့ဖြစ်သော်ငြားလည်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု ၃.၂ ရာခိုင်နှုန်းရှိနိုင်ပြီး ယခင်ခန့်မှန်းချက်နှင့် လုံးဝနီးပါး တူညီသည်ဟု နိုင်ငံတကာအေဂျင်စီများက ခန့်မှန်းထားကြောင်း၊ ယင်းက မှားယွင်းသော သုံးသပ်ဆုံးဖြတ်မှု အလွယ်တကူဖြစ်စေပြီး စည်းကြပ်ခွန်စစ်ပွဲနှင့် မူဝါဒရှုပ်ထွေးမှုက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် လက်တွေ့ကျသော ရိုက်ခတ်မှုများ ဖြစ်ပေါ်ခြင်းမရှိခဲ့ဟု ယူဆနိုင်ကြောင်း ဖော်ပြထားသည်။
ဤကဲ့သို့ ဆုံးဖြတ်ချက်က ဖွဲ့စည်းပုံဆိုင်ရာ ထိခိုက်ပျက်စီးမှုများသည် နောင်အခါမှသာ ပေါ်လွင်တတ်သည်ကို လျစ်လျူရှုခဲ့ကြောင်း၊ ဗြိတိန်၏ “အီးယူမှ နုတ်ထွက်ခြင်း” လူထုဆန္ဒခံယူပွဲသည် သင်ခန်းစာယူစရာ ဥပမာတစ်ရပ် ဖြစ်ကြောင်း၊ လူထုဆန္ဒခံယူပွဲသည် အချိန်တိုအတွင်း ဗြိတိန်စီးပွားရေးအပေါ် သက်ရောက်မှုမှာ အကန့်အသတ်ရှိသော်လည်း ဆယ်နှစ်ခန့် ကြာပြီးနောက် ဗြိတိန်၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) သည် မူလဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းခန့် အထိ လျော့ကျသွားကြောင်း၊ ဖွဲ့စည်းပုံဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ပေါ်လွင်လာသည့်အခါ ပြန်လည်ပြင်ဆင်ရန် ခက်ခဲသွားပြီဖြစ်သည်ကို အတွေ့အကြုံက ပြသခဲ့ကြောင်း ဖော်ပြထားသည်။
စည်းကြပ်ခွန်ရိုက်ခတ်မှု အပြည့်အဝ မပေါ်လွင်သေးသည့် အကြောင်းရင်းတစ်ခုမှာ အခွန်များစွာ ကင်းလွတ်ခွင့်ရရှိခဲ့ခြင်းကြောင့် အမှန်တကယ် ကောက်ခံသော စည်းကြပ်ခွန်အဆင့်မှာ ကနဦးကြေညာထားသော အခွန်နှုန်းထားများထက် နိမ့်ကျသွားရခြင်း ဖြစ်ကြောင်း၊ သို့သော် ၁၄ ရာခိုင်နှုန်းခန့်ရှိသော ပျမ်းမျှစည်းကြပ်ခွန်အဆင့်မှာ သိသိသာသာ တိုးလာကြောင်း ဖော်ပြထားသည်။
စည်းကြပ်ခွန်ကုန်ကျစရိတ်၏ ၉၅ ရာခိုင်နှုန်းခန့်ကို အမေရိကန်ကုမ္ပဏီလုပ်ငန်းများက တာဝန်ယူပြီး တစ်စိတ်တစ်ပိုင်းကိုသာ စားသုံးသူများထံ လွှဲပြောင်းပေးသော်လည်း ဤ “တစ်စိတ်တစ်ပိုင်း” သည် မက်ခရိုစီးပွားရေးအပေါ် လက်တွေ့ သက်ရောက်မှုရှိကြောင်း၊ စည်းကြပ်ခွန် အကြောင်းရင်းတစ်ခုတည်းဖြင့် အမေရိကန်ငွေကြေးဖောင်းပွမှုနှုန်းကို ၀.၇ ရာခိုင်နှုန်းပွိုင့်ခန့် မြင့်တက်စေပြီး အမေရိကန်ဗဟိုဘဏ်၏ ရည်မှန်းချက် ၂ ရာခိုင်နှုန်း သွေဖည်သွားခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် စည်းကြပ်ခွန်များသည် အမေရိကန်အိမ်ထောင်စုများ၏ ပျမ်းမျှအမှန်တကယ်ဝင်ငွေကို ဒေါ်လာ ၆၀၀ ခန့် လျော့ကျစေခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဉာဏ်ရည်တု (AI) ရင်းနှီးမြှုပ်နှံမှု ရေပန်းစားမှုနှင့် ၎င်းက မြှင့်တင်ပေးသော စတော့ဈေးကွက် မြင့်တက်လာခြင်း၊ အမေရိကန်နှင့် ဂျာမနီ စသည့် နိုင်ငံများမှ ပိုမိုတိုးချဲ့မှုရှိသော ဘဏ္ဍာရေးမူဝါဒများကို ချမှတ်လုပ်ဆောင်ခြင်း အကြောင်းရင်း ၂ ချက်က ရေတိုအတွင်း စည်းကြပ်ခွန်၏ အပျက်သဘောဆောင်သော သက်ရောက်မှုများကို ချေပခဲ့ကြောင်း၊ ယင်းတို့သည် စည်းကြပ်ခွန် အစီအမံများ ဖော်ဆောင်ခြင်း၏ ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုကို အတိုင်းအတာတစ်ခုအထိ ဖုံးကွယ်ထားခဲ့ပြီး စီးပွားရေးအခြေအနေကို အမှန်တကယ်ထက် ပိုမိုတည်ငြိမ်ပုံပေါ်စေကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ဤကဲ့သို့ အခြေအနေကိုကပင် လွန်စွာ ထိခိုက်လွယ်ကြောင်း၊ အထူးသဖြင့် AI ကဏ္ဍတွင် ပြသနေကြောင်း၊ ရင်းနှီးမြှုပ်နှံသူသည် မြင့်မားသော တန်ဖိုးခန့်မှန်းချက်များနှင့် လက်တွေ့ ရရှိနိုင်သော အကျိုးအမြတ်များအကြားရှိ ကွာဟချက်ကို ပြန်လည်သုံးသပ်လာကြပြီး အချို့သော ကုမ္ပဏီများသည် AI ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာ တိုးမြှင့်ထားသော်လည်း သင့်လျော်သော ဝင်ငွေရင်းမြစ်များ မဖြစ်လာသည့်အခြေအနေတွင် စျေးကွက်ဖိအားကို ခံနေရပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်တွင် ကြိုတင်တင်သွင်းမှုမှ ဖြစ်ပေါ်သော ကြားခံအကျိုးသက်ရောက်မှု လျော့နည်းလာသည်နှင့်အမျှ ကုမ္ပဏီလုပ်ငန်းများသည် စည်းကြပ်ခွန်ကုန်ကျစရိတ်များကို စားသုံးသူများထံ ပိုမိုလွှဲပြောင်းပေးမည်ဖြစ်ပြီး စည်းကြပ်ခွန်များကြောင့် စီးပွားရေးနှင့် လူမှုဘဝ ထိခိုက်ပျက်စီးမှုများသည် ပိုမိုသိသာထင်ရှားစွာ ပေါ်လွင်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော်အဆောက်အဦအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………….
(Chinese Version)
全球瞭望|美经济学家:美关税对全球经济冲击将进一步显现
新华社伦敦1月8日电(记者赵小娜)哈佛大学经济学教授、国际货币基金组织(IMF)前第一副总裁吉塔·戈皮纳特日前在英国《金融时报》撰文指出,当前全球经济表面上的“稳定”具有明显迷惑性,关税带来的结构性损害正在被多重短期因素掩盖。随着提前进口效应减弱、企业加速向消费者转嫁成本,相关负面影响将在2026年更加清晰显现。文章摘要如下:
2025年,美国将关税水平提高至近一个世纪以来的高位,全球政策不确定性显著上升。尽管如此,有国际机构预计全球经济增长3.2%,与此前预测几乎一致。这容易令人误判,认为关税战和政策混乱并未对全球经济造成实质性冲击。
这种判断忽视了结构性损害往往滞后显现。英国“脱欧”公投便是前车之鉴:公投对英国经济短期影响有限,但十年后英国国内生产总值较原有发展轨迹被拉低约6%至8%。经验表明,当结构性损害显现时,往往已难以逆转。
关税冲击之所以尚未充分显现,原因之一在于实际征收的关税水平因大量豁免而低于最初宣布的税率,但约14%的平均关税水平仍属显著上调。
关税成本中约95%由美国企业承担,只有一部分转嫁给消费者,但正是这“一部分”对宏观经济产生实质影响。仅关税因素就推高了美国通胀率约0.7个百分点,偏离了美联储2%的目标。同时,关税已使美国家庭实际收入平均减少约600美元。
另外,两方面因素在短期内对冲了关税的负面影响:人工智能(AI)投资热潮及其带动的股市上涨,以及美、德等国采取更为扩张性的财政政策。这些在一定程度上掩盖了关税措施对全球经济的冲击,使经济形势看上去比实际更为稳固。
不过,这种状态本身极为脆弱,尤其体现在AI领域。投资者开始重新审视高企的估值与现实收益之间的差距,一些企业在大幅增加AI投入却未形成相应收入来源的情况下,已经承受市场压力。
2026年,随着提前进口带来的缓冲效应消退,企业将把更多关税成本转嫁给消费者,关税对经济和民生的损害将更加直观地显现出来。(完)
图说1:2025年4月2日,美国总统特朗普在华盛顿白宫展示签署后的关于所谓“对等关税”的行政令。新华社记者 胡友松 摄
图说2:这是2025年11月9日在美国首都华盛顿拍摄的美国国会大厦。新华社记者 胡友松 摄
