North America
အမေရိကန်က ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေး သဘောတူညီချက်အား ထုတ်ပြန်
နယူးယောက်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိမ်ဖြူတော်က ဖေဖော်ဝါရီ ၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိုနေ့က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အား ထုတ်ပြန်ခဲ့သည်။ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်သည် အမေရိကန် စက်မှုနှင့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် သက်သာသော ဈေးကွက်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး အမေရိကန်က ဘင်္ဂလားဒေ့ရှ်ကုန်ပစ္စည်းများအတွက် “အလားတူစည်းကြပ်ခွန်” ဟူသည့် အခွန်နှုန်းထားကို ၂၀ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်သလို အဆိုပါနိုင်ငံ၏ အချို့သောအထည်ချုပ်နှင့် အဝတ်အထည်ထုတ်ကုန်များအပေါ် “အလားတူစည်းကြပ်ခွန်” ဟူသည်အား ထပ်တိုးကောက်ခံမှုကို ပယ်ဖျက်ပေးရန် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။
ကုန်သွယ်ရေးသဘောတူညီချက်သည် အသွင်ပုံစံအရ စည်းကြပ်ခွန်လျှော့ချမှု လုပ်ဆောင်ခဲ့သော်လည်း အဓိကပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တန်းတူညီမျှသော စည်းကြပ်ခွန် ခံစားခွင့် ရရှိခဲ့ခြင်းမရှိကြောင်း၊ ယင်းသည် သဘောတူညီချက်က ဘင်္ဂလားဒေ့ရှ် တင်ပို့မှုယှဉ်ပြိုင်စွမ်းရည်အား တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မှု အခန်းကဏ္ဍသည် အကန့်အသတ်ရှိသည်ဟု ဆိုလိုနေကြောင်း၊ “ဟန်ပြသဘော စည်းကြပ်ခွန် လျှော့ချပေးမှု” သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထည်ချုပ် စသည့် မဏ္ဍိုင်လုပ်ငန်းများက အမေရိကန်ဈေးကွက်တွင် အပြုသဘောမဆောင်သော အဆင့်ကို အရင်းခံမှ ပြောင်းလဲပေးနိုင်ရန် ခက်ခဲသည်ဟု သက်ဆိုင်ရာလူပုဂ္ဂိုလ်များက စိုးရိမ်ပူပန်ကြကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများစွာက ဘင်္ဂလားဒေ့ရှ် စီးပွားရေးလောကနှင့် ဝေဖန်သုံးသပ်သူများ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
ထရမ့်အစိုးရက ၂၀၂၅ ခုနှစ် ဧပြီလဆန်းတွင် ဘင်္ဂလားဒေ့ရှ်ထုတ်ကုန်ပစ္စည်းများအပေါ် “အလားတူစည်းကြပ်ခွန်” ဟူ၍ စည်းကြပ်ခွန် ၃၇ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဟု ကြေညာခဲ့သည်။ အဆိုပါအခွန်နှုန်းထားသည် ယမန်နှစ် ဩဂုတ်လတွင် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
美国公布与孟加拉国贸易协议
新华社纽约2月9日电(记者刘亚南)美国白宫9日公布与孟加拉国当天签署的贸易协议,孟加拉国为美国工业和农产品提供优惠市场准入,美国将对孟加拉国商品加征的所谓“对等关税”税率从20%降至19%,并考虑免除对该国部分纺织和服装产品加征的所谓“对等关税”。
孟加拉国多家媒体援引孟商界和分析人士的话报道说,贸易协议虽然在形式上实现了关税下调,但与主要竞争对手相比,孟加拉国并未获得同等关税待遇,这意味着协议对改善孟加拉国出口竞争力作用有限。相关人士担忧,“象征性降税”难以从根本上改变孟加拉国成衣等支柱产业在美国市场的不利地位。
特朗普政府2025年4月初宣布对孟加拉国商品加征37%的所谓“对等关税”。这一税率在去年8月降至20%。(完)
图说:这是2025年12月2日在美国首都华盛顿拍摄的白宫。新华社记者胡友松摄
