Connect with us

Latin America

လုပ်ကြံခံရမှုမှ သီသီလေးလွတ်မြောက်ခဲ့ဟု ကိုလံဘီယာ သမ္မတ ဆို

ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာရှိ ဘိုလီဗာရင်ပြင်၌ ကျင်းပသော ဆန္ဒပြလှုပ်ရှားမှုတွင် အမှာစကားပြောကြားနေသော ကိုလံဘီယာနိုင်ငံ သမ္မတ ဂူစတာဗို ပက်ထရို ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ သမ္မတ ဂူစတာဗို ပက်ထရိုက ၎င်းအနေဖြင့် ဖေဖော်ဝါရီ ၉ ရက်ညပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ကော်ဒိုဘာပြည်နယ်သို့ သွားရောက်သည့်လမ်းခရီးအတွင်း လုပ်ကြံခံရမည့် ခြိမ်းခြောက်မှုကြောင့် ရဟတ်ယာဉ်လမ်းကြောင်းကို မဖြစ်မနေပြောင်းလဲကာ နိုင်ငံတကာရေပိုင်နက်၏ ဝေဟင်ထက်တွင် ၄ နာရီကြာ ပျံသန်းပြီးမှ ကြိုတင်သတ်မှတ်ထားခြင်းမဟုတ်သည့်နေရာ၌ ဆင်းသက်ခဲ့ရသည်ဟု ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဂူစတာဗို ပက်ထရိုက ဖေဖော်ဝါရီ ၁၀ ရက် ကော်ဒိုဘာပြည်နယ်၌ ကျင်းပသည့် အစိုးအရအဖွဲ့အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ ရဟတ်ယာဉ်သည် မြေပြင်ပစ်ခတ်တိုက်ခိုက်မှု ခံရမည်ကို စိုးရိမ်သဖြင့် ၎င်းက အစီအစဉ်အတိုင်း သတ်မှတ်ထားသည့်နေရာတွင် ဆင်းသက်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော် လုပ်ကြံခံရတာကို ရှောင်တိမ်းနေတယ်ဆိုတာ မဖြစ်မနေ ဝန်ခံရပါမယ်။ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက ဆင်းသက်ဖို့သတ်မှတ်ထားတဲ့နေရာမှာ အချက်ပြမီးကိုတောင် မဖွင့်ထားပါဘူး။ ဘေးကင်းလုံခြုံမှု သေချာစေဖို့အတွက် ကျွန်တော်တို့က နိုင်ငံတကာရေပိုင်နက်ရဲ့ ဝေဟင်ထက်မှာ ၄ နာရီကြာ ပျံသန်းခဲ့ရပြီး နောက်ဆုံး ကြိုတင်သတ်မှတ်မထားတဲ့ နေရာမှာ ဆင်းသက်ခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂူစတာဗို ပက်ထရိုသည် ထိုအချိန်က ရဟတ်ယာဉ်ပေါ်တွင် ၎င်း၏သားသမီးများလည်း ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဂူစတာဗို ပက်ထရိုက ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ် စတင်အာဏာရ အုပ်ချုပ်လာကတည်းက “မူးယစ်ဆေးဝါးရောင်းချသည့် အဖွဲ့အသစ်” တစ်ဖွဲ့သည် ၎င်းအားလုပ်ကြံသတ်ဖြတ်မည့် လှုပ်ရှားမှုအား အစဉ်တစိုက်စီစဉ်ရေးဆွဲနေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေသတွင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ ကိုလံဘီယာနိုင်ငံ အထက်လွှတ်တော်အမတ် Aida Quilcue နှင့် ၎င်း၏လုံခြုံရေးအဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ခေါင်ခါပြည်နယ် အရှေ့ပိုင်းရှိ တိုတိုရိုမြို့နှင့် အင်ဇာမြို့အား ဆက်သွယ်သည့် လမ်းမအား ဖြတ်သန်းသွားချိန်တွင် အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိရသည်။
ကိုလံဘီယာနိုင်ငံ ကာကွယ်ရေးဝန်ကြီး Pedro Sanchez က ထို့နောက် လူမှုမီဒီယာ၌ ကိုလံဘီယာအစိုးရအနေဖြင့် လက်နက်ကိုင်အင်အား အားလုံးကို အသုံးပြု၍ Aida Quilcue အား ရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။ နာရီအနည်းငယ်အကြာတွင် Pedro Sanchez က ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များသည် Aida Quilcue နှင့် ၎င်း၏လုံခြုံရေးအဖွဲ့များကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း၊ အားလုံးဘေးကင်းလုံခြုံမှုရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
哥伦比亚总统称自己险遭暗杀
新华社波哥大2月10日电(记者李子健)哥伦比亚总统佩特罗10日说,他9日晚乘直升机前往科尔多瓦省途中,因面临暗杀威胁而被迫改变航线,在公海上空飞行4小时后才在非预定地点降落。
佩特罗10日在科尔多瓦省蒙特里亚举行的内阁会议上发表讲话说,因担心直升机遭到地面火力袭击,他未能按计划在预定地点降落。“我不得不承认,我是在躲避暗杀。9日晚预定降落的地点甚至没有开启照明信号。为确保安全,我们在公海上空飞行了4小时,最终在非预定地点降落。”
佩特罗透露,当时他的子女也在飞机上。据佩特罗描述,自他2022年执政以来,一个“新的贩毒集团”一直在策划针对他的暗杀行动。
另据当地媒体报道,哥伦比亚参议员艾达·基尔奎及其安保团队成员10日在行经考卡省东部连接托托罗市与因萨市的公路时失联。
哥伦比亚国防部长桑切斯随后在社交媒体上说,哥政府已动员全部武装力量搜寻基尔奎。数小时后,桑切斯说,当地卫队已经找到基尔奎及其安保团队,所有人都平安。(完)
图说:1月7日,在哥伦比亚首都波哥大,哥伦比亚总统佩特罗在玻利瓦尔广场举行的示威游行活动中发表讲话。新华社发(安德烈斯·莫雷诺摄)