Asia
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အသစ် Tarique Rahman ကျမ်းသစ္စာကျိန်ဆို
ဒါကာ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်သမ္မတ Mohammed Shahabuddin သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် သမ္မတအိမ်တော်၌ အခမ်းအနားကို ကြီးမှူးကျင်းပခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ဥက္ကဋ္ဌ Tarique Rahman က ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ အစိုးရအဖွဲ့သစ်တစ်ရပ်ကို တရားဝင်ဖွဲ့စည်းထူထောင်ခဲ့သည်။
ယခုအကြိမ် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်၊ ဝန်ကြီး ၂၅ ဦးနှင့် နိုင်ငံရေးရာဝန်ကြီး ၂၄ ဦး ပါဝင်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ယင်းမတိုင်မီ ရွေးကောက်ပွဲကော်မရှင် ကြေညာသော တရားဝင်ရလဒ်အရ Tarique Rahman ဦးဆောင်သော BNP သည် လွှတ်တော်နေရာ ၂၀၉ ခု အနိုင်ရ၍ မဲအများစုကို ရရှိထားရာ အစိုးရဖွဲ့စည်းခွင့် ရရှိခဲ့သည်။ (Xinhua)

…………………….
(Chinese Version)
孟加拉国新总理塔里克·拉赫曼宣誓就职
新华社达卡2月17日电(记者陈冬书 伍岳)孟加拉国总统穆罕默德·谢哈布丁·楚普17日在总统府主持仪式,孟加拉国民族主义党主席塔里克·拉赫曼宣誓就任总理,并正式组建新一届内阁。
本届内阁包括总理、25名部长和24名国务部长。
孟加拉国12日举行国民议会选举。根据选举委员会此前公布的正式结果,塔里克·拉赫曼领导的孟加拉国民族主义党赢得209个议席,占据绝对多数,获得组阁权。(完)
图说:2月17日,在孟加拉国首都达卡,人们观看屏幕上塔里克·拉赫曼宣誓就任孟加拉国总理的画面。新华社发(哈比卜·拉赫曼摄)
