Europe
ဥရောပသမဂ္ဂက ဇင်ဘာဘွေအပေါ် ပိတ်ဆို့အရေးယူမှုများ တစ်စိတ်တစ်ပိုင်း ဖယ်ရှား
ဟာရာရီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံ၏ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအပေါ် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုပိတ်ဆို့အရေးယူခြင်းများကို ဥရောပသမဂ္ဂအနေဖြင့် ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း၊ သို့သော် တစ်ချိန်တည်းတွင်ပင် လက်နက်သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ခြင်းကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးလိုက်သည်ဟု ကြေညာကြောင်း ဇင်ဘာဘွေနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ဇင်ဘာဘွေအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်အစီအမံများကို နှစ်ပတ်လည် စိစစ်သုံးသပ်မှုများ ပြုလုပ်ပြီးနောက် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှု ပိတ်ဆို့ခြင်း ဟူသော အကြောင်းအရာများကို ဖယ်ရှားရန် ဥရောသမဂ္ဂအနေဖြင့် ဆုံးဖြတ်လိုက်ကြောင်း၊ သို့သော် တစ်ချိန်တည်းတွင်ပင် ဇင်ဘာဘွေအပေါ် လက်နက်သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ချက်ကိုမူ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိ သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ တရားဝင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
ကိုလိုနီသမိုင်းနောက်ခံအကြောင်းရင်များကြောင့် ဇင်ဘာဘွေရှိ မြေယာအများစုမှာ ဒေသခံလူဖြူလယ်ယာရှင်များ၏ လက်ထဲတွင်သာ အစဉ်သဖြင့်ရှိခဲ့ဖူးသည်။ ၂၀၀၀ ပြည့်နှစ်တွင် ဇင်ဘာဘွေအစိုးရ မြေယာပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်ပြီး လူဖြူလယ်ယာရှင်များ၏ မြေယာများကို နိုင်ငံပိုင်အဖြစ် သိမ်းယူပြီး မြေယာမဲ့ လူမည်းများကို ခွဲဝေပေးခဲ့သည်။ ယင်းအစီအမံများကြောင့် အမေရိကန်၊ ဗြိတိန် စသည့် အနောက်နိုင်ငံများက ဇင်ဘာဘွေအပေါ် နှစ်ပေါင်း ၂၀ ကျော်ကြာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဖြစ်ပွားစေခဲ့သည်။
ဥရောပသမဂ္ဂက ၂၀၀၂ ခုနှစ်တွင် ဇင်ဘာဘွေအပေါ် ပိတ်ဆို့အရေးယူမှုများ စတင်ခဲ့ရာ ယင်းအစီအမံများတွင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများပေါ် ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုပိတ်ဆို့ခြင်းနှင့် အဆိုပါနိုင်ငံအား လက်နက်သယ်ယူပို့ဆောင်မှုပိတ်ပင်ခြင်း စသည်တို့ ပါဝင်ပေသည်။ (Xinhua)
——————
(Chinese Version)
欧盟部分解除对津巴布韦制裁
新华社哈拉雷2月18日电(记者许正)欧盟驻津巴布韦代表团18日发表声明说,欧盟已解除针对津巴布韦个人和实体的旅行禁令和资产冻结制裁,但同时宣布将武器禁运延长一年。
声明援引欧盟官网发布的新闻公告说,在对津巴布韦相关限制性措施进行年度审查后,欧盟决定解除实施旅行禁令和资产冻结的条款,但同时延长对津巴布韦的武器禁运至2027年2月20日。
由于殖民历史原因,津巴布韦大部分土地曾一直掌握在当地白人农场主手中。2000年,津政府开始推行土地改革,将白人农场主的土地收归国有并分发给无地的黑人。这一举措引发美英等西方国家对津巴布韦长达20多年的经济制裁。
欧盟于2002年开始对津巴布韦实施制裁,措施包括对个人和实体的旅行禁令和资产冻结及对该国的武器禁运等。(完)
1. Photo taken on May 23, 2025 shows European Union flags at the European Commission headquarters in Brussels, Belgium. (Xinhua/Zhao Dingzhe)
