North America
အမေရိကန်စစ်တပ်က အီရန်ကို “အစောဆုံး ယခုသီတင်းပတ်ကုန်တွင်” တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်မီဒီယာများ ဖော်ပြ
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်မည်၊ မပြုလုပ်မည်နှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်ကို မချမှတ်သေးသော်ငြားလည်း အမေရိကန်စစ်တပ်အနေဖြင့် အီရန်ကို အစောဆုံး ယခုသီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်မီဒီယာ၏ ဖေဖော်ဝါရီ ၁၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။
စစ်တပ်အနေဖြင့် အစောဆုံး ယခုလ ၂၁ ရက်တွင် အီရန်အပေါ် တိုက်ခိုက်မှုများပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဟု အမေရိကန် အမျိုးသားလုံခြုံရေး အဆင့်မြင့်အရာရှိက ထရမ့်ထံ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အိမ်ဖြူတော်သည် အန္တရာယ်အဆင့်မြင့်တက်ပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အကျိုးဆက်များကို ချိန်ဆလျက်ရှိကြောင်း NBC နှင့် CNN သတင်းဌာနများက သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အီရန်၏ လုပ်ဆောင်နိုင်ခြေရှိသော လှုပ်ရှားမှုများ သို့မဟုတ် တန်ပြန်တိုက်ခိုက်မှုများကို ကာကွယ်ရန် လာမည့် ၃ ရက်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် အရှေ့အလယ်ပိုင်းဒေသရှိ လူပုဂ္ဂိုလ်အချို့ကို ဥရောပ သို့မဟုတ် အမေရိကန်သို့ ယာယီ ပြောင်းရွှေ့ပေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
“အီရန်အပေါ် တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အကြောင်းပြချက်နဲ့ ဆွေးနွေးချက်တွေ အများကြီးကို တင်ပြနိုင်တယ်” ဟု ပြောကြားခဲ့သော်လည်း သံတမန်နည်းလမ်းသည် အစဉ်အမြဲ ပထမဦးစားပေး ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ထိုနေ့ အစောပိုင်းအချိန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ထို့အပြင် အီရန်နှင့် အမေရိကန်အကြား သဘောတူညီချက် ရရှိခြင်းသည် “အလွန် ဉာဏ်အမြော်အမြင်ရှိခြင်း” ဖြစ်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်အကြား သံတမန်ရေးစေ့စပ်ညှိနှိုင်းမှုများတွင် အောင်မြင်မှု ရရှိသည့် မည်သည့်လက္ခဏာမျှမတွေ့ရကြောင်း၊ တစ်ချိန်တည်းမှာပင် အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုသည် “အလွန်နီးကပ်လာပြီ” ဖြစ်သော အထောက်အထားများမှာ ပို၍များလာကြောင်း၊ အကယ်၍ အမေရိကန်က အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ပါက သီတင်းပတ်အနည်းငယ်ကြာနိုင်ခြေရှိသော အကြီးစားလှုပ်ရှားမှုဖြစ်လာဖွယ် အလွန်ရှိကြောင်း၊ အမေရိကန်နှင့် အစ္စရေးတို့သည် ပူးတွဲလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ခြေအလွန်ရှိပြီး ၎င်း၏ အတိုင်းအတာသည် လွန်ခဲ့သည့်နှစ် ဇွန်လက ဖြစ်ပွားခဲ့သော “၁၂ ရက်ကြာ စစ်ပွဲ” ထက် များစွာ ပိုမိုကြီးမားမည်ဖြစ်ကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
လက်ရှိတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသ၌ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်ခုကို ဖြန့်ကြက်ခဲ့ပြီး ဒုတိယမြောက် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကို ဖြန့်ကြက်လျက်ရှိသည်။ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် အခြားသော စစ်သင်္ဘောအမျိုးအစား တစ်ဒါဇင်ကျော်၊ ရာပေါင်းများစွာရှိသော တိုက်လေယာဉ်နှင့် လေကြောင်းကာကွယ်ရေးစနစ် အစုံလိုက်များစွာကိုလည်း ဖြန့်ကြက်ထားခဲ့ပြီး အရှေ့အလယ်ပိုင်းသို့ လက်နက်စက်ပစ္စည်းကိရိယာများနှင့် ခဲယမ်းမီးကျောက်များ သယ်ယူပို့ဆောင်ရန်အတွက် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်အကြိမ်ရေ ၁၅၀ ကျော် အသုံးပြုခဲ့ကြောင်း သတင်းအရ သိရသည်။ (Xinhua)

အီရန်နိုင်ငံ မြို့တော်တီဟီရန် လမ်းမမြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………
(Chinese Version)
美媒称美军方已准备好“最早本周末”打击伊朗
新华社华盛顿2月18日电 据美国媒体18日报道,尽管美国总统特朗普尚未作出是否对伊朗发动军事行动的最终决定,但美军方已做好最早在本周末对伊朗发动打击的准备。
据美国全国广播公司和有线电视新闻网援引知情人士的话报道,美国家安全高级官员已告诉特朗普,军方已准备好最早在本月21日对伊朗发动打击。白宫正在权衡风险升级后带来的政治和军事后果。
报道说,未来3天内,美国防部将暂时调离在中东地区的部分人员至欧洲或返回美国,以防伊朗可能采取行动或反击。
当天早些时候,白宫新闻秘书莱维特在记者会上表示,“可以提出许多理由和论点对伊朗发动打击”,但外交方式始终是首选。她还说,伊朗与美国达成协议将“非常明智”。
美国阿克西奥斯新闻网站18日报道说,目前没有任何迹象表明美国与伊朗的外交谈判会取得突破,与此同时,越来越多的证据表明美对伊军事行动“迫在眉睫”。如果美国对伊朗发动军事行动,很可能是一场为期数周的大规模行动。美国和以色列很可能将联合行动,其规模将比去年6月“12日战争”大得多。
目前,美国已在中东地区部署一个航空母舰打击群,第二个航母打击群正在部署。据报道,美军还在中东地区部署了十多艘其他类型军舰、数百架战斗机和多套防空系统,并动用超过150架次的军用运输机将武器装备和弹药运往中东。(完)
图说1:2月18日,在美国首都华盛顿,白宫新闻秘书莱维特出席记者会。新华社发(李源清摄)
图说2:这是1月25日拍摄的伊朗首都德黑兰街景。 新华社发
