Africa & Middle East
တရုတ်နိုင်ငံ၏ စည်းကြပ်ခွန်ကင်းလွတ်ခွင့်အစီအမံက တရုတ်-အာဖရိက ခေတ်မီအသွင်ပြောင်းမှု အတူတကွတည်ဆောက်ရေးကို ကူညီမြှင့်တင်ပေးသည်ဟု တောင်အာဖရိကမီဒီယာ ဖော်ပြ
ကိပ်တောင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
သံတမန်ဆက်ဆံရေးထူထောင်ထားသော အာဖရိကနိုင်ငံ ၅၃ နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် အစီအမံများက နှစ်ဖက်၏ ခေတ်မီအသွင်ပြောင်းမှု အတူတကွတည်ဆောက်ရေးအတွက် အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးမည်ကြောင်း၊ အာဖရိကနိုင်ငံများအနေဖြင့် ပင်ကိုစွမ်းရည်ကို မြှင့်တင်ပြီး အခွင့်အရေးအား အမိအရဖမ်းဆုပ်ကာ အလားအလာများကို လက်တွေ့အသီးအပွင့်များအဖြစ် ပြောင်းလဲသင့်ကြောင်း တောင်အာဖရိက Independent Online (IOL) သတင်းဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြသည့် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်တက္ကသိုလ် အာဖရိက-တရုတ် သုတေသနစင်တာ အကြီးအကဲ မုန့်တာ့ဝေ၏ ဆောင်းပါး၌ ရေးသားထားသည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒ အထူးသဖြင့် အာဖရိကအပေါ် မူဝါဒများ၏ စဉ်ဆက်မပြတ်ရှိမှုသည် တရားမျှတသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ်ကို မြှင့်တင်တည်ဆောက်မည့် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ပြသခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပြင်ပသို့ တိုးချဲ့တံခါးဖွင့်မှု နောက်ဆုံးအစီအမံများသည် အာဖရိကဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
ယနေ့ကမ္ဘာကြီးသည် ယခင်မည်သည့်အချိန်ကထက်မဆို စစ်မှန်သော မိတ်ဖက်ဆက်ဆံရေးများ ပိုမိုလိုအပ်လာသည့်အချိန်တွင် တရုတ်နှင့် အာဖရိကတို့သည် ပိုမိုနီးကပ်သော ကုန်သွယ်မှုဆက်ဆံရေးကို တည်ဆောက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဘုံဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေလျက်ရှိကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် မေလ ၁ ရက်မှစ၍ သံတမန်ဆက်ဆံရေးထူထောင်ထားသော အာဖရိကနိုင်ငံ ၅၃ နိုင်ငံအပေါ် စည်းကြပ်ခွန်ကင်းလွတ်ခွင့်ကို အပြည့်အဝ ဖော်ဆောင်မည်ဟု ကြေညာခဲ့ကြောင်း၊ အာဖရိက လယ်သမားများ၊ ထုတ်လုပ်သူများနှင့် သတ္တုလုပ်သားများသည် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလွယ်ကူစွာ ရောင်းချနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ၎င်းတို့၏ ဝင်ငွေကို တိုးမြှင့်ပေးကာ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်သည် အာဖရိကအား အားတက်စေပြီး အာဖရိကသည် တရုတ်နိုင်ငံ၏အတွေ့အကြုံများ လေ့လာသင်ယူကာ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ကြောင်း ဖော်ပြထားသည်။
အာဖရိကသည် ပင်ကိုစွမ်းရည်များကို မြှင့်တင်ရန်၊ ပိုမိုပြည့်စုံကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် လိုအပ်ကြောင်း၊ လူရည်ချွန်စီမံခန့်ခွဲမှုကို အားကောင်းစေပြီး ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှသာလျှင် အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ အာဖရိကသည် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ကဏ္ဍစုံလင်မှုရှိစေရန်၊ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထောက်ခံသင့်ပြီး အလားအလာများကို လက်တွေ့ကျသောရလဒ်များအဖြစ် ပြောင်းလဲသင့်ကြောင်း၊ တရုတ်-အာဖရိကကုန်သွယ်ရေးသည် အပြန်အလှန်အကျိုးရှိပြီး ဘုံအကျိုးစီးပွားဖြစ်ထွန်းစေကြောင်း၊ အာဖရိက၏တိုးတက်မှုသည် တစ်ကိုယ်တည်း ရင်ဆိုင်ကြိုးပမ်းမှုမဟုတ်ဘဲ၊ တရုတ် စသည့် မိတ်ဆွေနိုင်ငံများနှင့် အတူလက်တွဲ၍ ရှေ့သို့လျှောက်လှမ်းမှုဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)
……………………
(Chinese Version)
全球瞭望|南非媒体:中国零关税举措助推中非共建现代化
新华社开普敦2月18日电(记者王晓梅 蒋国鹏)南非独立在线新闻网站17日刊登南非约翰内斯堡大学非洲-中国研究中心主任孟大为的文章说,中国对53个非洲建交国的零关税举措将为双方共建现代化带来新机遇。非洲国家应提升自身能力,抓住机遇,将愿景转化为实际成果。文章摘要如下:
中国的贸易政策特别是对非贸易政策的连贯性,体现了中国推动构建公平全球贸易体系的承诺。中国扩大对外开放的最新举措,将为非洲发展带来新机遇。
在当今世界比以往任何时候都更需要真正的伙伴关系之际,中国与非洲正在构建更紧密的贸易关系。中国正通过与全球南方国家合作,寻求共同发展。
中国宣布将于2026年5月1日起对53个非洲建交国全面实施零关税举措。非洲农民、制造商和矿工将可以更轻松地销售产品,从而提高自身收入,增加就业机会。
中国的发展历程激励着非洲,非洲可以借鉴中国经验,促进自身发展。
非洲需提升自身能力,建设更完善的道路网络,加强人才管理,发展技能,才能抓住机遇。非洲还应实现合作伙伴多元化,支持真正的多边主义,将愿景转化为实际成果。中非贸易互利共赢。非洲的崛起并非孤军奋战,而是与中国等友好国家携手并进。(完)
图说:这是2月9日在南非开普敦拍摄的2026年非洲矿业投资大会矿业展现场。新华社记者 王雷 摄
