Latin America
ဗင်နီဇွဲလားပြည်သူများနှင့်အတူ အမြဲရပ်တည်ပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး ဆို
ကရာကတ်စ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများသည် ဗင်နီဇွဲလားပြည်သူများနှင့်အတူ အမြဲရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး Yvan Gil က ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များတွင် ဗင်နီဇွဲလားနိုင်ငံသည် များစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်ရသော်လည်း တရုတ်နိုင်ငံ၏ ခိုင်မာသော ထောက်ခံအားပေးမှုကို အစဉ်ရရှိခဲ့ကြောင်း၊ ဗင်နီဇွဲလားအနေဖြင့် တရုတ်နှင့် အတူလက်တွဲ၍ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းသွားစေမည်ဖြစ်ကြောင်း Yvan Gil က ထိုနေ့ မြို့တော် ကရာကတ်စ်၌ ကျင်းပသော “ပျော်ရွှင်ဖွယ် နွေဦးပွဲတော်” အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့အပြင် ယနေ့ကမ္ဘာကြီးသည် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသော ရှုပ်ထွေးကာလတွင် တည်ရှိနေပြီး ယင်းက နိုင်ငံအသီးသီးအား ပိုမိုမြင့်မားသော စည်းလုံးညီညွတ်မှုနှင့် ဉာဏ်ပညာများကို ထုတ်ဖော်ပြသကာ ငြိမ်းချမ်းရေးနှင့် သံတမန်ရေးနည်းလမ်းများမှတစ်ဆင့် ကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး တောင်းဆိုလျက်ရှိဟု Yvan Gil က တစ်ချိန်တည်းတွင် ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
委内瑞拉外长:感谢中国始终与委人民站在一起
新华社加拉加斯2月18日电(记者田睿)委内瑞拉外长希尔17日表示,感谢中国政府和人民始终与委内瑞拉人民站在一起。
希尔当天在委首都加拉加斯举行的“欢乐春节”活动上表示,近年来委内瑞拉面临诸多挑战,但始终得到中方坚定支持,委方将同中方携手深化友好合作。
希尔同时说,当今世界正处于一个充满挑战的复杂时期,这迫切要求各国展现出更高程度的团结与智慧,通过和平与外交途径解决分歧。(完)
图说:12月22日,在委内瑞拉首都加拉加斯,委内瑞拉外长希尔(前)在该国外交部宣读马杜罗向拉美和加勒比地区国家元首所致公开信。
