Europe
ဥရောပကော်မရှင်က အရာရှိစေလွှတ်၍ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” အစည်းအဝေး တက်ရောက်စေခြင်းသည် “ခွင့်ပြုချက်ရရှိခြင်းမရှိ” ဟု ပြင်သစ် ဆို
ပဲရစ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်က အစပြုသည့် “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” အစည်းအဝေး ဆိုသည်သို့ ဥရောပကော်မရှင်က အရာရှိစေလွှတ်၍ တက်ရောက်ခိုင်းခြင်းသည် ဥရောပကောင်စီ၏ ခွင့်ပြုချက် ရရှိထားခြင်းမရှိကြောင်း၊ ထိုကိစ္စနှင့်စပ်လျဉ်း၍ အဆိုပါအရာရှိက ရှင်းလင်းချက်ပေးသင့်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Pascal Confavreux က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံအနေဖြင့် ဥရောပကော်မရှင်က အထက်ပါအစည်းအဝေးသို့ အရာရှိစေလွှတ်ကာ တက်ရောက်ခိုင်းခြင်းအပေါ် “အံ့အားသင့်မိ” ကြောင်း Pascal Confavreux က ထိုနေ့တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသည့် အဖွဲ့အစည်းသည် ဂါဇာဒေသ အခြေအနေအား မဖြစ်မနေ အာရုံစိုက်ရမည်ဖြစ်ပြီး ၎င်း၏တာဝန်ဝတ္တရားအတိုင်းအတာတွင် မသဲကွဲမှုများ ရှိနေသရွှေ့ ပြင်သစ်အနေဖြင့် ၎င်းအဖွဲ့တွင် ပါဝင်၍ မရနိုင်ကြောင်း Pascal Confavreux က ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ပထမဆုံးအကြိမ် အစည်းအဝေး ဆိုသည်အား ဖေဖော်ဝါရီ ၁၉ ရက်တွင် အမေရိကန် ဝါရှင်တန်မြို့၌ ကျင်းပခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် သမ္မတ ထရမ့်သည် ဇန်နဝါရီ ၂၂ ရက်တွင် နိုင်ငံနှင့်ဒေသ ၁၀ ခုကျော်မှ ကိုယ်စားလှယ်များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ စာရွက်စာတမ်း လက်မှတ်ရေးထိုးခဲ့ပြီး “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဆိုသည်အား စတင်ခဲ့သည်။ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” တွင် ၎င်းကိုယ်တိုင်က ဥက္ကဋ္ဌအဖြစ်ထမ်းဆောင်သွားမည်ဖြစ်ပြီး “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” သည် ဂါဇာအရေးကိစ္စအား ရှေးဦးစွာ ဖြေရှင်းသွားမည်ဖြစ်ကာ ထို့နောက်ဆက်လက်၍ “အခြားပဋိပက္ခ” များအား ဖြေရှင်းသွားမည်ဟု ဆိုထားသည်။ အမေရိကန်သည် ကုလသမဂ္ဂနှင့် စင်ပြိုင်အဖွဲ့အစည်းတစ်ခု ဖန်တီးလိုခြင်းက ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါနှင့် လုပ်ငန်းယန္တရားကို တစ်ဆင့်တိုးထိခိုက်စေမည်ဖြစ်ကြောင်း လူထုသဘောထားက ယူဆကြသည်။ (Xinhua)
——————
(Chinese Version)
法国说欧委会派员参加“和平委员会”会议“未获授权”
新华社巴黎2月19日电(记者孙毅)法国外交部发言人孔法夫勒19日表示,欧盟委员会派官员参加美国发起的所谓“和平委员会”会议并未获得欧洲理事会授权,该官员应就此作出解释。
孔法夫勒当天在记者会上说,法国对欧盟委员会派官员参加上述会议“感到惊讶”。孔法夫勒表示,所谓“和平委员会”必须聚焦加沙局势,只要其职责范围存在模糊之处,法国就不能参与其中。
据美国媒体报道,所谓“和平委员会”首次会议19日在华盛顿举行。
美国总统特朗普1月22日同10余个国家和地区代表在瑞士达沃斯签署文件,启动所谓“和平委员会”,由他本人担任主席,并称“和平委员会”将首先处理加沙问题,然后延伸处理“其他冲突”。有舆论认为,美方欲打造一个平行于联合国的机构,这将进一步破坏联合国权威和工作机制。(完)
图说:1月22日,美国总统特朗普在瑞士达沃斯举行的世界经济论坛2026年年会上签署文件,启动所谓“和平委员会”。新华社记者 连漪 摄
