Europe
ဗြိတိန်ဘုရင်၏ ညီတော် Andrew ဖမ်းဆီးခံရ
လန်ဒန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
ဗြိတိန်ဘုရင် တတိယ ချားလ်စ်၏ ညီတော် Andrew Mountbatten-Windsor အား “အစိုးရဝန်ထမ်းအနေဖြင့် မလျော်ကန်သောအပြုအမူ လုပ်ဆောင်ခြင်း” သံသယရှိမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း BBC သတင်းဌာန၏ ဖေဖော်ဝါရီ ၁၉ ရက် သတင်းဖော်ပြမှုအရ သိရသည်။ ဗြိတိန်တော်ဝင်မိသားစုအနေဖြင့် ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှုကို “အပြည့်အဝနှင့် ခိုင်မာစွာ ထောက်ခံ၍ ပူးပေါင်းဆောင်ရွက်သွားမည်” ဟု တတိယ ချားလ်စ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရဲကားများသည် Andrew လတ်တလောနေထိုင်သော Norfolk ခရိုင်ရှိ Sandringham တော်ဝင်ခြံသို့ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်း BBC က သတင်းတွင် ဖော်ပြခဲ့သည်။ သို့သော် Andrew အား မည်သည့်နေရာ၌ ဖမ်းဆီးခဲ့သည်ကို လက်ရှိတွင် ရှင်းရှင်းလင်းလင်းမသိရသေးပေ။
ယင်းဖမ်းဆီးမှုကြောင့် ရဲများသည် ကွန်ပျူတာစက်ပစ္စည်းများ၊ စာရွက်စာတမ်းများနှင့် ဓာတ်ပုံ စသည်တို့အပါအဝင် အလားအလာရှိသော သက်သေအထောက်အထားများကို ဥပဒေနှင့်အညီ ရယူစစ်ဆေးနိုင်ပြီး Andrew ပိုင်ဆိုင်သော၊ အသုံးပြုနေသော သို့မဟုတ် ထိန်းချုပ်ထားသော သက်ဆိုင်နေရာများကို ရှာဖွေနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်ကြောင်း ရဲဘက်ရေးရာ သုံးသပ်သူ၏ ပြောကြားချက်ကို ကိုးကား၍ BBC က သတင်းဖော်ပြခဲ့သည်။
ယခုအကြိမ်လှုပ်ရှားမှုသည် သေဆုံးသွားပြီဖြစ်သော အမေရိကန် ဘီလျံနာ ဂျက်ဖရီအက်ပ်စတိန်းစာရွက်စာတမ်းများဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွင် “အရေးကြီးသော တိုးတက်မှုများ” ထွက်ပေါ်လာမှုနှင့် သက်ဆိုင်ကြောင်း သတင်းများအရ သိရသည်။
ရဲတပ်ဖွဲ့သည် အဆိုပါနေ့တွင် Norfolk ခရိုင်မှ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ သို့သော် စည်းကမ်းချက်အရ ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးခံရသူ၏ အမည်ကို ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း ဗြိတိန် Thames Valley ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယင်းမတိုင်မီ Andrew သည် ဂျက်ဖရီအက်ပ်စတိန်းနှင့် ရင်းနှီးသောဆက်ဆံရေးရှိပြီး အက်ပ်စတိန်း၏ စံအိမ်တွင် အရွယ်မရောက်သေးသော မိန်းကလေးများနှင့် လိင်ဆက်ဆံမှုများ ရှိခဲ့ဖူးကြောင်း စွပ်စွဲခံခဲ့ရသည်။ Andrew က ဤကဲ့သို့စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး အက်ပ်စတိန်းနှင့် အစောပိုင်းကတည်းကပင် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်ဟု ဆိုခဲ့သည်။ ဤအရှုပ်တော်ပုံကြောင့် ဗြိတိန်တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာအပေါ် သက်ရောက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ Andrew သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ၎င်း၏ ဂုဏ်ပုဒ်များ၊ ဘွဲ့များ၊ ဂုဏ်ထူးများကို ရုပ်သိမ်းခံခဲ့ရပြီး ၂၀၂၆ နှစ် ဖေဖော်ဝါရီလတွင် နှစ် ၂၀ ကျော် နေထိုင်ခဲ့သော တော်ဝင်နေအိမ်မှ ပြောင်းရွှေ့ခဲ့ရသည်။ Andrew သည် အက်ပ်စတိန်းထံ လျှို့ဝှက်စာရွက်စာတမ်းများ ပေးအပ်သည်ဟုလည်း သံသယရှိကြောင်း နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

လန်ဒန်ဖက်ရှင်သီတင်းပတ်သို့ တက်ရောက်လာသော ဗြိတိန်ဘုရင် တတိယ ချားလ်စ်အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(Chinese Version)
英国国王弟弟安德鲁被逮捕
新华社伦敦2月19日电(记者郑博非)据英国广播公司19日报道,英国国王查尔斯三世的弟弟安德鲁·蒙巴顿-温莎因涉嫌“公职人员不当行为”被逮捕。查尔斯三世发表声明说,英国王室将“充分且坚定地支持和配合”警方调查。
英国广播公司报道说,警车19日清晨抵达安德鲁近期的居住地诺福克郡的桑德灵厄姆王室庄园。但目前尚不清楚安德鲁是在何处被捕的。
英国广播公司援引警方事务评论人士的话说,逮捕意味着警方可依法获取并检查包括电脑设备、文件、照片等在内的潜在证据,并可对安德鲁拥有、占用或控制的相关地点开展搜查。据悉,此次行动与已故美国富商爱泼斯坦文件相关的调查出现“重大进展”有关。
英国泰晤士河谷警方19日发表声明说,警方当天逮捕了一名来自诺福克郡的男子。但根据规定,警方将不会公布被捕者的姓名。
此前,安德鲁被指认与爱泼斯坦关系匪浅,曾在后者名下的豪宅内与未成年女性发生性关系。安德鲁否认这类说法,自称早与爱泼斯坦划清界限。因丑闻对英国王室声誉持续造成影响,安德鲁2025年10月被剥夺尊号、头衔和荣誉,并于今年2月搬离居住逾20年的王室住所。最新公布的信息显示,安德鲁还涉嫌向爱泼斯坦提供秘密文件。(完)
图说1:这是2025年4月20日,安德鲁在英国温莎城堡参加复活节活动。新华社发
图说2:2月19日,英国国王查尔斯三世出席伦敦时装周。新华社发
