Connect with us

Europe

ဂျာမနီနှင့် ပြင်သစ်တို့ ပူးတွဲသုတေသနပြုထုတ်လုပ်မည့် တိုက်လေယာဉ်စီမံကိန်း အကျပ်အတည်း ဖြစ်နေ၊ ဂျာမနီအနေဖြင့် အမေရိကန် F-35 တိုက်လေယာဉ်အား ထပ်တိုးဝယ်ယူရန် စဉ်းစားနေ

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ရှိ Yelahanka လေတပ်စခန်းတွင် အမေရိကန်လေတပ် F-35 တိုက်လေယာဉ်က အိန္ဒိယလေကြောင်းပြပွဲ ဖျော်ဖြေတင်ဆက်မှု၌ ပါဝင်ပြသနေသည်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
ဂျာမနီနှင့် ပြင်သစ်တို့ ပူးတွဲသုတေသနပြုထုတ်လုပ်မည့် မျိုးဆက်သစ် တိုက်လေယာဉ် စီမံကိန်းသည် အကျပ်အတည်းအတွင်း ကျရောက်နေသဖြင့် ဂျာမနီနိုင်ငံသည် အမေရိကန်ထံမှ ပိုမိုများပြားသော F-35 တိုက်လေယာဉ်များ ဝယ်ယူရန် စဉ်းစားနေကြောင်း ဂျာမနီမီဒီယာများက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဂျာမနီနှင့် အမေရိကန် နှစ်နိုင်ငံ၏ သက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွင် F-35 တိုက်လေယာဉ် ၃၅ စင်းကျော် ပါဝင်ပြီး တစ်စင်းစီ၏ တည်ဆောက်ရန် ကုန်ကျစရိတ်မှာ ယူရို သန်း ၈၀ ခန့် ဖြစ်ကြောင်း ဂျာမနီမီဒီယာများက သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြကြသည်။ ဂျာမနီနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ထံမှ F-35 တိုက်လေယာဉ် ၃၅ စင်း မှာယူထားပြီးဖြစ်ရာ ယခုနှစ်နှောင်းပိုင်းတွင် စတင်လွှဲပြောင်းပေးအပ်မည်ဟု မျှော်မှန်းရသည်။
ဂျာမနီအနေဖြင့် ယခုအကြိမ်တွင် F-35 တိုက်လေယာဉ်များ ထပ်တိုးဝယ်ယူရန် စဉ်းစားရခြင်း၏ နောက်ခံအကြောင်းရင်းမှာ ဂျာမနီနှင့် ပြင်သစ် နှစ်နိုင်ငံက မျိုးဆက်သစ် တိုက်လေယာဉ်အား ပူးတွဲ သုတေသနပြုလုပ်မှုအတွင်း သဘောထားကွဲလွဲမှုများရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ မျိုးဆက်သစ် တိုက်လေယာဉ် သုတေသနပြုလုပ်ခြင်းသည် မူလက ဥရောပအနေဖြင့် စစ်ရေးပြင်ဆင်မှုနယ်ပယ်၌ ပိုမိုကြီးမားသော ကိုယ်ပိုင်ရပ်တည်မှုအား ဖော်ဆောင်ရန်အတွက် အရေးကြီးလှုပ်ရှားမှုဖြစ်ကြောင်း၊ သို့သော် အဓိကပါဝင်သည့် လုပ်ငန်းကုမ္ပဏီကြီး နှစ်ခုဖြစ်သော ပြင်သစ် Dassault ကုမ္ပဏီနှင့် ဂျာမနီနိုင်ငံတွင် ရုံးချုပ်ရှိသည့် Airbus Defence and Space ကုမ္ပဏီတို့သည် စီမံကိန်းအား မည်ကဲ့သို့ရှေ့ဆက်ဖော်ဆောင်မည်နည်းနှင့် စပ်လျဉ်း၍ ကြာရှည်စွာ အငြင်းပွားလျက်ရှိပြီး ပြင်သစ် Dassault ကုမ္ပဏီက စီမံကိန်းတွင် ဦးဆောင်သူအခန်းကဏ္ဍမှ ပါဝင်ရန် တောင်းဆိုကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)

——————
(Chinese Version)
德法联合研制战机陷僵局 德国考虑增购美国F-35战机
新华社柏林2月19日电(记者张毅荣 李超)据德国媒体19日报道,由于德法两国联合研制的新一代战斗机项目陷入僵局,德国政府正考虑从美国购买更多的F-35战斗机。
德媒援引知情人士的话报道,德美两国相关谈判涉及超过35架F-35战斗机,每架造价约为8000万欧元。德国2022年已向美国订购35架F-35战斗机,预计今年晚些时候开始交付。
报道说,德国此次考虑增购F-35战机的背景是,德法两国在联合研发下一代战斗机项目上存在分歧。研发下一代战斗机原本是欧洲在军备领域实现更大自主权的重要动作,但作为两大参与企业,法国达索公司与总部位于德国的空中客车防务与航天公司就项目如何推进久争不下,前者要求在项目中占据主导地位。(完)
图说:2023年2月14日,在印度班加罗尔耶拉汉卡空军基地,美国空军F-35战机参加印度航空展表演。新华社发