Connect with us

International Organizations

စစ်ရေးအရ ကျူးကျော်ခံရပါက ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်အညီ ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု အီရန်က ကုလသမဂ္ဂထံ စာလွှာပေးပို့

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် လူထုစုဝေးပွဲသို့ တက်ရောက်လာသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
အကယ်၍ စစ်ရေးအရ ကျူးကျော်ခံရပါက အီရန်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အပိုဒ် ၅၁ အရ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြတ်ပြတ်သားသားနှင့် အချိုးညီစွာ တုံ့ပြန်မည်ဟု ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ် Amir Saeid Iravani က ဖေဖော်ဝါရီ ၁၉ ရက်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် လုံခြုံရေးကောင်စီ ယခုလ အလှည့်ကျဥက္ကဋ္ဌထံ စာလွှာပေးပို့ခဲ့၍ ပြောကြားခဲ့သည်။
အီရန်အနေဖြင့် တင်းမာမှု အခြေအနေ၊ စစ်ပွဲများကို ဖော်ဆောင်ခြင်းမရှိသလို မည်သည့်စစ်ပွဲကိုမျှလည်း စတင်မည် မဟုတ်ကြောင်း အီရန်ဘက်က အကြိမ်ကြိမ်ကြေညာခဲ့ပြီးဖြစ်သည်ဟု စာလွှာတွင် ဖော်ပြထားသည်။ သို့သော် အကယ်၍ စစ်ရေးအရ ကျူးကျော်ခံရပါက အီရန်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အပိုဒ် ၅၁ အရ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြတ်ပြတ်သားသားနှင့် အချိုးညီစွာ တုံ့ပြန်မည်ဖြစ်ကြောင်း၊ ဤကဲ့သို့ အခြေအနေတွင် ဒေသတွင်းရှိ ရန်လိုအင်အားစု၏ အခြေစိုက်စခန်းများ၊ အဆောက်အအုံများနှင့် ပိုင်ဆိုင်မှုများ အားလုံးသည် အီရန်၏ ကာကွယ်ရေးအရ တုံ့ပြန်မှုအတွက် တရားဝင်ပစ်မှတ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် မျှော်မှန်းမရသော၊ ထိန်းမနိုင်သိမ်းမရဖြစ်သော မည်သည့်အကျိုးဆက်ရလဒ်အတွက်ကိုမဆို အပြည့်အဝနှင့် တိုက်ရိုက်တာဝန်ယူရမည်ဖြစ်ကြောင်း စာလွှာတွင် ရေးသားဖော်ပြထားသည်။
အမေရိကန်အရာရှိများက အီရန်အပေါ် အင်အားသုံးရန် စဉ်ဆက်မပြတ်ခြိမ်းခြောက်ခြင်း၊ အမေရိကန်သမ္မတကလည်း အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှု ပြုလုပ်နိုင်ခြေနှင့်ပတ်သက်၍ မကြာသေးမီက ကြေညာချက် လူသိရှင်ကြား ထုတ်ပြန်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ အဆိုပါလုပ်ရပ်များသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်းအား တစ်သစ်တစ်ဖန် အကျပ်အတည်း၊ မတည်ငြိမ်မှုထဲသို့ သက်ဆင်းရန် တွန်းပို့နိုင်ခြေရှိကြောင်း စာလွှာတွင် ဖော်ပြထားသည်။
အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်အညီ အမေရိကန်က တရားမဝင်အင်အားအသုံးပြု၍ ခြိမ်းခြောက်မှုများကို ချက်ချင်းရပ်တန့်ခြင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအောက်ရှိ ၎င်း၏တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်းတို့ကို အာမခံပေးရန် တိုက်တွန်းကြောင်း စာလွှာတွင် ဖော်ပြထားသည်။
လုံခြုံရေးကောင်စီအနေဖြင့် အင်အားသုံးခြိမ်းခြောက်မှုနှင့် ကျူးကျော်မှုလုပ်ရပ်များအား ပုံမှန်အသွင်ဖြစ်စေခြင်း၊ တရားဝင်ဖြစ်စေခြင်း သို့မဟုတ် လက်ခံနိုင်သော နိုင်ငံရေးစံနှုန်း၊ သံတမန်ဆက်ဆံရေးကိရိယာအဖြစ် ရှုမြင်ခြင်းတို့အား လုံးဝခွင့်မပြုရန် စာလွှာတွင် အလေးအနက်ထား ဖော်ပြထားသည်။
အီရန်သည် အပြုသဘောဆောင်သော သဘောထား၊ လေးနက်မှု၊ ရိုးသားမှုရှိစွာဖြင့် အမေရိကန် အစိုးရနှင့် နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း၊ အကယ်၍ အမေရိကန်သည်လည်း တူညီသော သဘောထားဖြင့် ဆွေးနွေးမှုကို လုပ်ဆောင်ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခြေခံမူနှင့် နိုင်ငံတကာဥပဒေအပေါ် စစ်မှန်သောလေးစားမှုပြသပါက ရေရှည်တည်တံ့၍ ဟန်ချက်ညီသော ဖြေရှင်းချက်နည်းလမ်း ရရှိမည်မှာ အပြည့်အဝ ဖြစ်နိုင်ခြေရှိကြောင်း စာလွှာတွင် ဖော်ပြထားသည်။
အမေရိကန်နှင့် အီရန်အကြား သဘောတူညီမှု ရရှိ၊ မရရှိသည်ကို “လာမယ့် ၁၀ ရက်လောက်ဆို” အဖြေသိရမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်း၌ “ငြိမ်းချမ်းရေး ဘုတ်အဖွဲ့” ပထမဆုံး အစည်းအဝေးဆိုသည်တွင် ပြောကြားခဲ့သည်။ အီရန်အနေဖြင့် အမေရိကန်နှင့် “အနက်အဓိပ္ပာယ်ရှိတဲ့ သဘောတူညီမှု” မဖြစ်မနေရရှိရမည် သို့မဟုတ်ပါက “မကောင်းတာတွေ ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ဆိုခဲ့သည်။ အီရန်အနေဖြင့် ၁၀ ရက်မှ ၁၅ ရက်အတွင်း အမေရိကန်နှင့် သဘောတူညီမှုရရှိရမည်ဟုလည်း ထရမ့်က ထိုနေ့ ညပိုင်းတွင် မီဒီယာများ ထပ်မံပြောကြားခဲ့သည်။ နျူကလီးယား သဘောတူညီချက်တွင် အမေရိကန်ဘက်၏ တောင်းဆိုချက်များကို အီရန်ဘက်က လက်ခံလာစေရန်အတွက် ထရမ့်က အီရန်အပေါ် “ကနဦး အကန့်အသတ်ရှိသော စစ်ရေးတိုက်ခိုက်မှုများ” ပြုလုပ်ရန် “စဉ်းစားလျက်” ရှိကြောင်း အမေရိကန် “The Wall Street Journal” က သတင်းဖော်ပြခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
伊朗致函联合国:如遭军事侵略将依《联合国宪章》作出果断回应
新华社联合国2月19日电(记者潘云召)伊朗常驻联合国代表伊拉瓦尼19日致函联合国秘书长古特雷斯和安理会当月轮值主席说,如遭军事侵略,伊朗将根据《联合国宪章》第五十一条行使自卫权,作出果断且相称的回应。
信函说,伊方已多次声明,伊朗既不寻求紧张局势,也不寻求战争,更不会发动任何战争。然而,如果遭受军事侵略,伊朗将根据《联合国宪章》第五十一条行使自卫权,作出果断且相称的回应。在这种情况下,敌对势力在地区的所有基地、设施和资产,都将构成伊朗防御性回应的合法目标。美国将对任何不可预见及失控的后果承担全部和直接责任。
信函说,美国官员持续威胁对伊朗使用武力,美国总统近期也就可能对伊朗发动军事打击发表公开声明,这些行为公然违反《联合国宪章》和国际法,并有可能使地区陷入新一轮危机和动荡。
信函说,呼吁秘书长和安理会依据《联合国宪章》确保美国立即停止其非法使用武力的威胁,并履行其在《联合国宪章》下的义务。信函强调,安理会绝不能允许使用武力威胁和侵略行为被正常化、合法化或视为可接受的政治规范、外交工具。
信函说,伊朗以建设性的态度,认真、真诚地与美国政府进行了核谈判,如果美国以同样态度对待会谈,并表现出对《联合国宪章》原则和国际法的真正尊重,那么达成持久和平衡的解决方案是完全有可能的。
美国总统特朗普19日上午在所谓“和平委员会”首次会议上表示,美伊会否达成协议,“接下来十天左右”就会知道结果。伊朗必须与美国达成“有意义的协议”,否则“将会发生不好的事”。当天晚些时候,特朗普又对媒体称,伊朗应在10天到15天内同美国达成协议。另据美国《华尔街日报》报道,特朗普“正在考虑”对伊朗进行“初步的有限军事打击”,以迫使伊朗接受美方在核协议方面的要求。(完)
图说:1月12日,在伊朗首都德黑兰,人们参加集会。新华社记者 沙达提 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.