Africa & Middle East
ကင်ညာနိုင်ငံတွင် မွမ်ဘာဆာ-နိုင်ရိုဘီ ရထားဖြင့် ခရီးသွားခြင်း
နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
မွမ်ဘာဆာ-နိုင်ရိုဘီ စံသံလမ်းအကျယ် ရထားလမ်း (မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်း) သည် အရှေ့ဘက်တွင် ကင်ညာနိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သည့် မွမ်ဘာဆာမှ အစပြုပြီး အနောက်ဘက်တွင် မြို့တော် နိုင်ရိုဘီအထိ ချိတ်ဆက်ထားရာ စုစုပေါင်း အရှည် ၄၈၀ ကီလိုမီတာခန့်ရှိပြီး ၂၀၁၇ ခုနှစ် မေ ၃၁ ရက်တွင် စတင်လည်ပတ်ခဲ့သည်။
မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းသည် ကင်ညာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ တည်ဆောက်သည့် ပထမဆုံး ရထားလမ်း ဖြစ်သလို တရုတ်-ကင်ညာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု အထင်ကရ စီမံကိန်းလည်း ဖြစ်သည်။
မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းသည် ယင်းနေရာနှစ်ခုအကြား ခရီးသွားလာမှုကြာချိန်ကို များစွာ လျော့နည်းသွားစေခဲ့ပြီး ဒေသခံပြည်သူလူထု၏ စိတ်ထဲတွင် “အဆင်ပြေလွယ်ကူမှု” ၏ ကိုယ်စားပြုအမည် ဖြစ်လာရာ ယနေ့တိုင် ဘေးကင်းလုံခြုံစွာ လည်ပတ်မှုအနေဖြင့် ရက်ပေါင်း ၃,၀၀၀ ကျော် ရှိပြီ ဖြစ်သည်။ (Xinhua)

ကင်ညာနိုင်ငံ မွမ်ဘာဆာမြို့ရှိ မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်း မွမ်ဘာဆာဘူတာ၌ ခရီးသည်များ ရထားစီးရန် ဝင်ရောက်ရာတွင် မင်မင်းဆက်ခေတ်က ရေကြောင်းခရီးသွားပညာရှင် ကျိန့်ဟယ်ရုပ်တုရှေ့မှ ဖြတ်သန်းသွားသူများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မွမ်ဘာဆာ-နိုင်ရိုဘီ ခရီးသည်တင်ရထားဖြင့် ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမှ မွမ်ဘာဆာမြို့သို့ သွားရောက်ကြသော ခရီးသည်များအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————
(Chinese Version)
肯尼亚:乘坐蒙内铁路列车去旅行
新华社照片,内罗毕,2026年2月21日
蒙巴萨-内罗毕标轨铁路(蒙内铁路)东起肯尼亚港口城市蒙巴萨,西至首都内罗毕,全长约480公里,2017年5月31日开通运营。蒙内铁路是肯尼亚独立以来建设的首条铁路,也是中肯共建“一带一路”合作的标志性项目。蒙内铁路大大缩短了两地之间的旅行时间,成为当地民众心中“方便快捷”的代名词,至今已安全运营超过3000天。
1. 这是2月19日在肯尼亚蒙巴萨拍摄的蒙内铁路蒙巴萨站外景。 新华社记者 谢剑飞 摄
2. 2月19日,在肯尼亚蒙巴萨的蒙内铁路蒙巴萨站,旅客进站乘车时经过明朝航海家郑和的雕塑。新华社记者 谢剑飞 摄
3. 2月17日,旅客乘坐蒙内铁路客运列车从肯尼亚首都内罗毕前往蒙巴萨。新华社记者 谢剑飞 摄
