Europe
အမေရိကန်အနေဖြင့် ယူကရိန်းအရေးကိစ္စ၌ ရပ်တည်ချက်နှစ်မျိုးဖြစ်နေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆို
ဗလာဒီဗော့စတော့ခ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် ယူကရိန်းအရေးကိစ္စ၌ ရပ်တည်ချက်နှစ်မျိုးဖြစ်နေကြောင်း၊ အမေရိကန်ဘက်က ယူကရိန်းအကျပ်အတည်းအား ညှိနှိုင်းဖြေရှင်းပေးသည့်ရလဒ်ကို ဖြစ်ရပ်မှန်ဖြင့် သုံးသပ်ဆုံးဖြတ်ရန်လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့တွင် မြူးနစ်လုံခြုံရေးအစည်းအဝေး စသည့်အခမ်းအနားများ၌ ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ ပြောဆိုချက်အပေါ် Maria Zakharova က တုံ့ပြန်ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်သတင်းအရ သိရသည်။
အမေရိကန်အနေဖြင့် ရပ်တည်ချက်နှစ်မျိုးဖြစ်နေသည်ဟု Maria Zakharova က ယူဆသည်။ စေ့စပ်ညှိနှိုင်းသူ အခန်းကဏ္ဍမှ စိတ်ရင်းစေတနာအမှန်ဖြင့် ပါဝင်လိုသူရှိမည်ဆိုပါက ပဋိပက္ခဖြစ်ပွားသည့်တစ်ဘက်အား စစ်ရေးအရ ပံ့ပိုးပေးနေမှုကို ရပ်တန့်သင့်ကြောင်း၊ ထိုမှသာ သံတမန်ဆက်ဆံရေးအပိုင်းတွင် ရလဒ်ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
မာကိုရူဘီယိုက “အမေရိကန်က ရုရှား၊ ယူကရိန်း နှစ်နိုင်ငံကိုယ်စားလှယ်တွေကို ဆွေးနွေးညှိနှိုင်းရေးစားပွဲပေါ် လာရောက်ပေးစေနိုင်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောနိုင်ငံဖြစ်တယ်” ဟူသည့် ပြောဆိုချက်နှင့် စပ်လျဉ်း၍ Maria Zakharova က ထိုသို့ပြောဆိုချက်သည် မတိကျကြောင်း၊ ရုရှား-ယူကရိန်း ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ပေးရန် နိုင်ငံများစွာက အဆိုပြုခဲ့ဖူးကြောင်း၊ ရုရှားနှင့် ယူကရိန်းသည် ဘီလာရုစ်နှင့် တူကီယဲတို့၏ စေ့စပ်ပေးမှုဖြင့် ဆွေးနွေးညှိနှိုင်းဖူးကြောင်း ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာချိန်မှစ၍ ရုရှား-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တို့သည် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု အကြိမ်များစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးနိုင်ငံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လုံခြုံရေး အရေးကိစ္စ လုပ်ငန်းအဖွဲ့သည် အစည်းအဝေးသုံးကြိမ် ကျင်းပပြီးဖြစ်ကြောင်း၊ အမေရိကန်ဘက်က ယူကရိန်းအကျပ်အတည်းအား ညှိနှိုင်းဖြေရှင်းပေးသည့်ရလဒ်ကိုမူ ဖြစ်ရပ်မှန်ဖြင့် သုံးသပ်ဆုံးဖြတ်ရန် လိုအပ်ကြောင်း Maria Zakharova က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
扎哈罗娃:美国在乌克兰问题上的立场具有双重性
新华社符拉迪沃斯托克2月20日电(记者孙萍)俄罗斯外交部发言人扎哈罗娃19日表示,美国在乌克兰问题上的立场具有双重性,美方调解乌克兰危机的效果需要通过事实来评判。
据俄外交部网站消息,扎哈罗娃当天就美国国务卿鲁比奥在慕尼黑安全会议等场合的涉乌克兰问题言论作出回应。扎哈罗娃认为美国立场存在双重性。她强调,如果有人真诚希望扮演调解人角色,就应停止在军事上支持冲突一方,只有这样才能在外交上收获成果。
针对鲁比奥称“美国是世界上唯一能够让俄乌两国代表坐到谈判桌前的国家”,扎哈罗娃表示,这种说法不准确,许多国家都曾主动提出协助安排俄乌谈判,俄乌曾在白俄罗斯和土耳其的协调下举行过谈判。
扎哈罗娃说,自美国总统特朗普重返白宫以来,俄美两国领导人已进行数次通话。今年以来,由俄罗斯、美国和乌克兰三国代表组成的安全问题工作组已举行三次会议。至于美国调解乌克兰危机的效果如何,还需要通过事实来评判。(完)
图说:这张视频截图显示,2025年12月25日,俄罗斯外交部发言人扎哈罗娃在莫斯科举行的外交部例行记者会上讲话。新华社发
