North America
တစ်ကမ္ဘာလုံး ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံသည့်အမိန့်အား ထရမ့် လက်မှတ်ရေးထိုး
နယူးယောက်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် နိုင်ငံနှင့်ဒေသအားလုံးမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံသည့် အမိန့်အား မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြောင်း၊ “ချက်ချင်းနီးပါးအသက်ဝင်မည်” ဟု ပြောကြားခဲ့သည်။
အဆိုပါအမိန့်တွင်ပါဝင်သည့် စည်းကြပ်ခွန်သည် အမေရိကန် ပြည်ထာင်စု တရားရုံးချုပ်က ဥပဒေချိုးဖောက်ရာကျသည်ဟု ဆုံးဖြတ်ခံထားရသော စည်းကြပ်ခွန်အား အစားထိုးရန် ရည်ရွယ်သည်ဟု ထရမ့်က ထိုနေ့အစောပိုင်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်သည် ထိုနေ့နံနက်ပိုင်း၌ စီရင်ချက်ထုတ်ပြန်ခဲ့ရာ အမေရိကန် “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ” တွင် သမ္မတက စည်းကြပ်ခွန် ပမာဏအများအပြား ကောက်ခံရန် အခွင့်အာဏာအပ်နှင်းထားခြင်းမရှိဟု ယူဆသည်။ ယင်းသည် ထရမ့်အစိုးရ စည်းကြပ်ခွန်မူဝါဒတွင် ကြီးမားသောထိုးနှက်မှု တွေ့ကြုံရသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထရမ့်က ၎င်းအနေဖြင့် “အခြားရွေးချယ်ချက်” အများအပြားရှိသေးကြောင်း၊ အမေရိကန်က “အခြားသောနိုင်ငံနှင့် လုပ်ငန်းကုမ္ပဏီများ၏ တရားမျှတမှုမရှိသော ကုန်သွယ်ရေးလုပ်ဆောင်ချက်ကြောင့် ထိပါးခံရခြင်းမရှိစေရန်” ကာကွယ်သည့်အနေဖြင့် အမေရိကန်အစိုးရက “၁၉၇၄ ခုနှစ် ကုန်သွယ်ရေးဥပဒေ” ပုဒ်မ ၃၀၁ အရ “တရားမျှတမှုမရှိသော ကုန်သွယ်မှုလုပ်ရပ်” ဆိုသည့် စုံစမ်းစစ်ဆေးမှု အချို့ကို စတင်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
特朗普签署行政令对全球商品加征10%关税
新华社纽约2月20日电(记者刘亚南)美国总统特朗普20日傍晚在社交媒体发文称,他刚刚签署行政令,对来自所有国家和地区的商品加征10%的关税,“几乎立即生效”。
特朗普在当天早些时候举行的新闻发布会上表示,这一行政令所涉及的关税旨在取代已经被美国最高法院裁定违法的关税。
美国最高法院当天上午公布裁决,认定美国《国际紧急经济权力法》没有授权总统征收大规模关税,这意味着特朗普政府关税政策受到重大挫折。特朗普回应称,他还有众多“其他选择”,美国政府将启动几项依据《1974年贸易法》第301条进行的所谓“不公平贸易行为”调查,以保护美国“免受其他国家和企业不公平贸易行为的侵害”。(完)
图说:1月22日,美国总统特朗普在瑞士达沃斯与乌克兰总统泽连斯基会谈后离开。新华社记者 彭子洋 摄
