North America
ကာတာလေတပ်အခြေစိုက်စခန်းမှ အမေရိကန်တပ်သား ရာနှင့်ချီ ရွှေ့ပြောင်းထွက်ခွာခဲ့ကြောင်း အမေရိကန်မီဒီယာ ဆို
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ကာတာနိုင်ငံရှိ Al Udeid လေတပ်အခြေစိုက်စခန်းမှ ရွှေ့ပြောင်းထွက်ခွာသွားသည့် အမေရိကန်တပ်သား ရာနှင့်ချီရှိပြီဖြစ်ကြောင်း အမေရိကန် The New York Times က ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အမေရိကန်ရေတပ်၏ ပဉ္စမရေတပ်သင်္ဘောအုပ်စုသည် ဘာရိန်းရှိ အခြေစိုက်စခန်းများစွာမှလည်း ဝန်ထမ်းများကို ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ လက်ရှိတွင် အမေရိကန်စစ်တပ်သည် အီရတ်၊ ဆီးရီးယား၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ ယူအေအီးစသည့် နိုင်ငံများတွင် တပ်စွဲထားသေးကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
ယင်းမှာ ပိုမိုကြာရှည်သော ပဋိပက္ခအတွက် ပြင်ဆင်မှုလုပ်ထားပုံရပြီး ပင်တဂွန်က “အီရန်ရဲ့တုံ့ပြန်မှုက ဒေသတွင်းရှိ အမေရိကန်စစ်တပ်အခြေစိုက်စခန်းတွေအတွက် ကြီးမားအရေးပါတဲ့ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပုံရတယ်” ဟု အမေရိကန် think tank အဖွဲ့ Cato Institute မှ အကြီးတန်းသုတေသီ Katherine Thompson က ပြောကြားခဲ့သည်။ ပင်တဂွန်က စစ်ပွဲသည် ၁၂ ရက်ထက်ပို၍ ကြာမြင့်နိုင်ခြေရှိသည်ဟု ယူဆကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
နျူကလီးယား သဘောတူညီချက်တွင် အမေရိကန်ဘက်၏ တောင်းဆိုချက်များကို အီရန်ဘက်က လက်ခံလာစေရန်အတွက် အမေရိကန် သမ္မတ ထရမ့်က ၎င်းသည် အီရန်အပေါ် “ကနဦး အကန့်အသတ်ရှိတဲ့ စစ်ရေးတိုက်ခိုက်မှုတွေ” ပြုလုပ်ရန် စဉ်းစားလျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၀ ရက်တွင် အိမ်ဖြူတော်၌ အတည်ပြုခဲ့သည်။ အကယ်၍ အီရန်အပေါ် “ကနဦး အကန့်အသတ်ရှိတဲ့ စစ်ရေးတိုက်ခိုက်မှု” ပြုလုပ်ပါက ပထမဆုံးအကြိမ် တိုက်ခိုက်မှုသည် လာမည့်ရက်အနည်းငယ်အတွင်း လုပ်ဆောင်နိုင်ခြေရှိပြီး ပစ်မှတ်မှာ စစ်ဘက်ဆိုင်ရာ သို့မဟုတ် အစိုးရ အဆောက်အအုံအချို့ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အကယ်၍ အီရန်သည် ယူရေနီယံသန့်စင်ခြင်း လှုပ်ရှားမှုကို ရပ်တန့်ရန် ဆက်လက် ငြင်းဆိုပါက အမေရိကန်အနေဖြင့် အီရန်အစိုးရ၏ အဓိကကျသော အဆောက်အအုံများအပေါ် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ပြီး ရွယ်ရည်ချက်မှာ “အစိုးရကို ဖြုတ်ချရန်” ဖြစ်နိုင်ကြောင်း The Wall Street Journal ၏ ဖေဖော်ဝါရီ ၁၉ ရက် သတင်းဖော်ပြချက်အရ သိရသည်။
Al Udeid လေတပ်အခြေစိုက်စခန်းသည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ အကြီးဆုံး စစ်အခြေစိုက်စခန်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇွန်လတွင် အီရန်အား အစ္စရေး တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ၁၂ ရက်ကြာ ပဋိပက္ခကာလအတွင်း အမေရိကန်သည် အီရန်နျူကလီးယားအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တုံ့ပြန်သောအားဖြင့် အီရန်က Al Udeid လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
美媒:数百美军士兵从卡塔尔空军基地撤离
新华社华盛顿2月20日电 据美国《纽约时报》20日报道,已有数百名美军士兵从卡塔尔的乌代德空军基地撤离。
报道援引五角大楼官员的话说,美国海军第五舰队在巴林的多个基地也已进行人员撤离。目前,美军还驻扎在位于伊拉克、叙利亚、科威特、沙特阿拉伯、约旦和阿联酋的基地。
美国智库凯托学会高级研究员凯瑟琳·汤普森说,这看起来像是在为一场更持久的冲突做准备,五角大楼似乎“预见到伊朗的反应可能对该地区美军基地构成重大风险”。报道说,五角大楼认为战争可能持续超过12天。
美国总统特朗普20日在白宫确认,他正在考虑对伊朗进行“初步的有限军事打击”,以迫使伊朗接受美方在核协议方面的要求。据《华尔街日报》19日报道,如果对伊朗进行“初步的有限军事打击”,首轮攻击可能在未来几天内进行,目标将是部分军事或政府设施;如果伊朗仍拒绝停止铀浓缩活动,美方将针对伊朗政府的关键设施发动大规模行动,目的或是“推翻政权”。
乌代德空军基地是美国在中东地区最大军事基地。2025年6月,以色列突袭伊朗引发的12天军事冲突期间,美国轰炸伊朗核设施,作为回击,伊朗用导弹打击乌代德空军基地。(完)
图说:这是从空中拍摄的美国国防部所在地五角大楼(2020年2月19日摄)。 新华社记者 刘杰 摄
