Connect with us

International Organizations

အီရန်နှင့်စပ်လျဉ်းသည့် အခြေအနေအပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြောကြား

အီသီယိုးပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာမြို့ရှိ အာဖရိကသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအနေဖြင့် အီရန်နှင့်စပ်လျဉ်းသည့် အခြေအနေအပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Amir-Saeid Iravani အနေဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီ ဖေဖော်ဝါရီလ အလှည့်ကျဥက္ကဋ္ဌထံသို့ မကြာမီရက်ပိုင်းက စာလွှာပေးပို့ခဲ့သည်နှင့်စပ်လျဉ်း၍ မေးမြန်းခံရရာတွင် Stéphane Dujarric က အီရန်တည်ရှိရာဒေသ၌ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော အခြေအနေတင်းမာမှုများ၊ အရှိန်အဟုန်မပြတ်မြင့်တက်နေသော စစ်ရေးလှုပ်ရှားမှုနှင့် စစ်ရေးလေ့ကျင့်မှုများအပြင် အဆက်မပြတ် အင်အားဖြည့်တင်းနေသည့် ရေတပ်စစ်ရေးအခြေအနေများအပေါ် ကုလသမဂ္ဂအနေဖြင့် အထူးစိုးရိမ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန် နိုင်ငံတို့အနေဖြင့် ကွဲလွဲမှုများကို သံတမန်ရေးနည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းကြရန် ကုလသမဂ္ဂအနေဖြင့် တိုက်တွန်းအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက်က ပေးပို့သည့် Amir-Saeid Iravani ၏ စာလွှာတွင် အီရန်အနေဖြင့် အခြေအနေတင်းမာမှုကို မလိုလားသလို စစ်ပွဲကိုလည်း မလိုလားရာ မည်သည့်စစ်ပွဲကိုမျှ စတင်မည် မဟုတ်သည်ကို အီရန်ဘက်က အကြိမ်ကြိမ် ကြေညာခဲ့ကြောင်း၊ သို့သော် အကယ်၍ စစ်ရေးကျူးကျော်မှု ခံရပါက အီရန်အနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” အပိုဒ် ၅၁ အရ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အား ကျင့်သုံးပြီး ပြတ်ပြတ်သားသား အချိုးကျသည့် တုံ့ပြန်မှုကို လုပ်ဆောင်မည် ဖြစ်ကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီတို့အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ အမေရိကန်အား ၎င်း၏ လက်နက်အင်အားသုံးမည် ဟူသော တရားမဝင်ခြိမ်းခြောက်နေမှုကို ချက်ချင်းရပ်တန့်စေရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ တာဝန်ဝတ္တရားများကို ၎င်းထမ်းဆောင်စေရန်အတွက်လည်းကောင်း အာမခံချက်ပေးရန် အီရန်ဘက်က တိုက်တွန်းကြောင်း ဖော်ပြထားသည်။ (Xinhua)

——————
(Chinese Version)
联合国对与伊朗相关的局势“深感担忧”
新华社联合国2月20日电(记者潘云召)联合国秘书长发言人迪雅里克20日表示,联合国对与伊朗相关的局势“深感担忧”。
当天的例行记者会上,被问及关于伊朗常驻联合国代表伊拉瓦尼日前致函联合国秘书长和安理会当月轮值主席一事时,迪雅里克重申,联合国对伊朗所在地区日益紧张的局势、不断升级的军事活动和军事演习以及不断增强的海军军事存在深感担忧。联合国鼓励美国和伊朗继续通过外交途径化解分歧。
伊拉瓦尼在19日的信函中说,伊方已多次声明,伊朗既不寻求紧张局势,也不寻求战争,更不会发动任何战争。然而,如果遭受军事侵略,伊朗将根据《联合国宪章》第五十一条行使自卫权,作出果断且相称的回应。伊方呼吁秘书长和安理会依据《联合国宪章》确保美国立即停止其非法使用武力的威胁,并履行其在《联合国宪章》下的义务。(完)
1. 2月14日,在位于埃塞俄比亚首都亚的斯亚贝巴的非盟总部,联合国秘书长古特雷斯出席新闻发布会。新华社记者 谢剑飞 摄