Africa & Middle East
လက်ဘနွန် ပစ်မှတ်နေရာများစွာအား အစ္စရေး တိုက်ခိုက်မှုပြုလုပ်၊ လူ ၁၃ ဦးထက်မနည်း သေဆုံး
ဘေရွတ်/ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်သည် ဖေဖော်ဝါရီ ၂၀ ရက်တွင် လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း Bekaa တောင်ကြားနှင့် အနောက်တောင်ပိုင်း Ein el-Hilweh ဒုက္ခသည်စခန်းအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဟစ်ဇ်ဘိုလာအဖွဲ့ ကွပ်ကဲရေးမှူး ၃ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးကာ လူဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့သည်။
အစ္စရေးစစ်တပ်သည် ထိုနေ့တွင် လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၆ ကြိမ် လုပ်ဆောင်ခဲ့ရာ ၎င်းအနက် ဟစ်ဇ်ဘိုလာအဖွဲ့ ပစ်မှတ်များလည်း ပါဝင်ကြောင်း လက်ဘနွန် လုံခြုံရေးဌာန သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း အဆောက်အဦတစ်ခုအပေါ် တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးနှင့် ဆေးကုသကယ်ဆယ်ရေးအဖွဲ့များစွာကလည်း အချင်းဖြစ်ပွားရာနေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း လက်ဘနွန် ပြည်သူ့ကာကွယ်ရေးဌာန သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းထောက်ထံ အတည်ပြုခဲ့သည်။
အစ္စရေးစစ်တပ်သည် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းတွင် လက်ဘနွန်နိုင်ငံ အနောက်တောင်ပိုင်း Sidon မြို့ အနီးတစ်ဝိုက်ရှိ Ein el-Hilweh ဒုက္ခသည်စခန်းအား လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ အဆိုပါ ပါလက်စတိုင်း ဒုက္ခသည်စခန်းတွင် လူ ၂ ဦး သေဆုံး၍ လူများစွာ ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
အစ္စရေးစစ်တပ်သည် ဖေဖော်ဝါရီ ၂၀ ရက်တွင် လက်ဘနွန်ပြည်တွင်းရှိ စစ်ရေးပစ်မှတ်များစွာအား တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ၎င်းအနက် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ ကွပ်ကဲရေးစင်တာတစ်ခုနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ကွပ်ကဲရေးစင်တာ တစ်ခု ပါဝင်ကြောင်း အစ္စရေးကာကွယ်ရေးတပ်က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အစ္စရေးနှင့် လက်ဘနွန်တို့သည် အပစ်ရပ်သဘောတူညီချက် ရရှိခဲ့သည်။ ထို့နောက် အစ္စရေးစစ်တပ်က လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့သည် “အပစ်ရပ်သဘောတူညီချက်” အား ချိုးဖောက်သည်ဟူသော အကြောင်းပြချက်ဖြင့် လက်ဘနွန်အပေါ်အကြိမ်များစွာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ (Xinhua)
——————–
(Chinese Version)
以色列打击黎巴嫩多处目标 至少13人死亡
新华社贝鲁特/耶路撒冷2月21日电(记者曹昌浩 陈君清)以色列军队20日空袭黎巴嫩东部贝卡谷地和西南部艾因赫勒韦难民营,已造成包括3名真主党指挥官在内的13人死亡、数十人受伤。
黎巴嫩安全部门消息人士告诉新华社记者,以军当天对黎巴嫩东部共实施6次空袭,其中包括真主党目标。黎巴嫩民防部门消息人士向新华社记者证实,以军对黎巴嫩东部一栋建筑的打击造成至少11人死亡、35人受伤,多支民防和医疗救援队仍在现场搜救。
黎巴嫩卫生部说,以军20日晚空袭黎巴嫩西南部赛达市附近的艾因赫勒韦难民营,造成这座巴勒斯坦难民营两人死亡、多人受伤。
以色列国防军20日发表声明称,以军当天对黎巴嫩境内多处军事目标实施打击,包括一处黎巴嫩真主党指挥中心和一处巴勒斯坦伊斯兰抵抗运动(哈马斯)指挥中心。
2024年11月,以色列同黎巴嫩达成停火协议。此后,以军仍以黎巴嫩真主党“违反停火协议”为由频繁对黎巴嫩发动空袭。(完)
图说:1月25日,在黎巴嫩奈拜提耶省宾特朱拜勒,士兵和救援人员查看空袭现场。新华社发(阿里·哈希绍摄)
