Asia
၉ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ (WPK) ညီလာခံတွင် ကင်ဂျုံအန်းအား အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ၏ ၉ ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ (WPK) ညီလာခံကို ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပခဲ့ပြီး ကင်ဂျုံအန်းအား WPK အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း KCNA သတင်းဌာန၏ ဖေဖော်ဝါရီ ၂၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ထိုနေ့တွင် “ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ” ဆုံးဖြတ်ချက်တစ်ရပ်ကို ညီလာခံက အတည်ပြုခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်တွင် “ကိုရီးယားအလုပ်သမားပါတီ (WPK) ကိုယ်စားလှယ်တစ်ရပ်လုံး၊ သန်းပေါင်းများစွာသော ပါတီဝင်များ၊ တစ်နိုင်ငံလုံးမှ ပြည်သူများနှင့် ပြည်သူ့ စစ်သည်အရာရှိများ၏ ခိုင်မာသောဆန္ဒနှင့် တညီတညွတ်တည်း တောင်းဆိုချက်များကို အခြေခံ၍ WPK ၉ ကြိမ်မြောက် ညီလာခံသည် ရဲဘော် ကင်ဂျုံအန်းအား WPK ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အပြည့်အဝထောက်ခံရန် ဆုံးဖြတ်ခဲ့သည်” ဟု ဖော်ပြထားသည်။
ညီလာခံက အဆိုပါနေ့တွင် WPK ဗဟိုကော်မတီဝင်၊ အရန်ကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ကင်ဂျုံအန်း၊ Pak Thae-song ၊ Jo Yong-won ၊ Ri Il Hwan စသည်တို့အား WPK ဗဟိုကော်မတီဝင်များအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ညီလာခံသည် “ကိုရီးယားအလုပ်သမားပါတီ (WPK) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ” ဆုံးဖြတ်ချက်ကို မဲခွဲ၍ တညီတညွတ် အတည်ပြုခဲ့ကြောင်း သတင်းတွင် ဖြည့်စွက် ဖော်ပြထားသည်။ (Xinhua)
…………………..
(Chinese Version)
朝鲜劳动党九大选举金正恩为总书记
新华社平壤2月23日电(记者王超)据朝中社23日报道,朝鲜劳动党第九次代表大会22日举行会议,选举金正恩为朝鲜劳动党总书记。
大会当天通过了《关于选举朝鲜劳动党总书记》的决议书。决议书说:“朝鲜劳动党第九次代表大会根据全体代表、数百万党员、全国人民和人民军官兵的坚定意志和一致要求,决定竭诚拥戴金正恩同志为朝鲜劳动党总书记。”
报道说,大会当天选举了朝鲜劳动党中央委员会委员和候补委员,金正恩、朴泰成、赵甬元、李日焕等当选朝鲜劳动党中央委员会委员。
报道还说,大会一致表决通过了《关于修改朝鲜劳动党章程》的决议书。(完)
