Connect with us

Asia

Dokdo ကျွန်း အချုပ်အခြာအာဏာအရေးနှင့် စပ်လျဉ်း၍ တောင်ကိုရီးယားက ဂျပန်အား ပြင်းပြင်းထန်ထန် ကန့်ကွက်

Dokdo ကျွန်း (ဂျပန်အခေါ် Takeshima ကျွန်း) ၏ အရှေ့နှင့်အနောက် ကျွန်းနှစ်ကျွန်းအား ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ Shimane ခရိုင်တွင် “Takeshima ကျွန်းနေ့” ဟူသည့်လှုပ်ရှားမှုအား ကျင်းပ၍ Dokdo ကျွန်း (ဂျပန်အခေါ် Takeshima ကျွန်း) အပေါ် အချုပ်အခြာအာဏာရှိမှုကို အကြိမ်ကြိမ်အဆိုပြုခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။
တောင်ကိုရီးယားအစိုးရအနေဖြင့် ဂျပန်ဘက်က အဆိုပါလှုပ်ရှားမှုအား ချက်ချင်းပယ်ဖျက်ပေးရန် ထပ်မံအလေးအနက် တိုက်တွန်းတောင်းဆိုကြောင်း၊ Dokdo ကျွန်းသည် သမိုင်း၊ ပထဝီတည်နေရာနှင့် နိုင်ငံတကာဥပဒေတို့တွင် တောင်ကိုရီးယားနိုင်ငံပိုင် နယ်မြေပိုင်နက်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် Dokdo ကျွန်းအပေါ် မမှန်ကန်သော၊ ယုတ္တိမရှိသော တောင်းဆိုချက်အား ချက်ချင်းရပ်တန့်ရန်နှင့် နှိမ့်ချသောသဘောထားဖြင့် သမိုင်းကို တည့်မတ်စွာရှုမြင်သင့်ကြောင်း ကြေညာချက်က ဆိုထားသည်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုနေ့တွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဂျပန်သံရုံး Deputy Chief of Mission ဖြစ်သူ Hirotaka Matsuo အား ထပ်မံခေါ်ယူတွေ့ဆုံခဲ့ပြီး တောင်ကိုရီးယားဘက်၏ ဆန့်ကျင်ကန့်ကွက်သော သဘောထားအား သတင်းစကားပါးလိုက်ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ၏ Dokdo ကျွန်းကို ဂျပန်နိုင်ငံပိုင်ဆိုင်သည်ဟူသော ပြောဆိုချက်နှင့် စပ်လျဉ်း၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည့်အပြင် Hirotaka Matsuo ကိုလည်း ခေါ်ယူတွေ့ဆုံကာ တောင်ကိုရီးယားဘက်၏ ဆန့်ကျင်ကန့်ကွက်သော သဘောထားကို ဖော်ပြခဲ့သည်။
Dokdo ကျွန်းသည် ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်း ပင်လယ်ပြင်တွင် တည်ရှိပြီး ဧရိယာမှာ ၀.၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဂျပန် စသည့် နိုင်ငံအားလုံးက အဆိုပါကျွန်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း ဆိုကြသည်။ လက်ရှိတွင် ထိုကျွန်းစုကို တောင်ကိုရီးယားနိုင်ငံမှ လက်တွေ့ထိန်းချုပ်ထားသည်။ (Xinhua)

——————-
(Chinese Version)
韩国就独岛主权问题向日本表示强烈抗议
新华社首尔2月22日电(记者黄昕欣)韩国外交部22日发表声明,就日本岛根县举办所谓“独岛日”活动并反复主张独岛(日本称“竹岛”)主权表示强烈抗议。
声明说,韩国政府再次严正敦促日方立即废除该活动。独岛在历史、地理和国际法上均是韩国固有领土,日本政府应立即停止对独岛的不当、牵强主张,并以谦逊态度正视历史。
据韩联社报道,韩国外交部当天再次召见日本驻韩国大使馆总括公使松尾裕敬,传达了韩方抗议立场。
韩国外交部20日发表声明,就日本外务大臣茂木敏充声称独岛属于日本一事表示强烈抗议,并召见松尾裕敬,表达了韩方抗议立场。
独岛位于朝鲜半岛东部海域,面积约0.18平方公里。韩国、朝鲜、日本都宣称对该岛拥有主权。目前,韩国实际控制这一岛屿。(完)
图说:这是2013年10月28日拍摄的独岛(日本称“竹岛”)东西两岛的资料照片。新华社记者彭茜摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.