North America
ထရမ့်က အီရန်အပေါ် “အသေးစား တိုက်ခိုက်မှု” ပြီးမှ “အကြီးစား တိုက်ခိုက်မှု” လုပ်ဆောင်ရန် စဉ်းစားနေဟု သတင်းပေါ်ထွက်
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က အခြားသော အကြံပေးပုဂ္ဂိုလ်များအား ၎င်းအနေဖြင့် “အနာဂတ် ရက်အနည်းငယ်အတွင်းမှာ (အီရန်အပေါ်) ကနဦးတိုက်ခိုက်မှု လုပ်ဆောင်ရန် အားသာ” ကြောင်း၊ ထို့နောက် အနာဂတ် လအနည်းငယ်အတွင်း ပမာဏပိုမိုကြီးမားသော စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခြင်းဖြင့် အီရန်က “အလျှော့ပေးလိုက်လျော” ကာ အမေရိကန်၏ တောင်းဆိုချက်နှင့်အညီ သဘောတူညီချက် ရရှိစေလိုကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန် The New York Times က ဖေဖော်ဝါရီ ၂၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။
နောက်ဆုံး ဆုံးဖြတ်ချက် မချမှတ်ရသေးသော်လည်း ထရမ့်သည် အနာဂတ်ရက်အနည်းငယ်အတွင်း အီရန်အပေါ် တိုက်ခိုက်မှုလုပ်ဆောင်ရန် အားသာကြောင်း၊ ထိုမှတစ်ဆင့် အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်သည့်စွမ်းရည်အား မဖြစ်မနေ စွန့်လွှတ်ရမည်ကို အီရန်ခေါင်းဆောင်ထံ ပြောကြားလိုခြင်းဖြစ်ကြောင်း၊ ထရမ့်လက်ရှိစဉ်းစားနေသည့် တိုက်ခိုက်မှုပစ်မှတ်အတိုင်းအတာမှာ ကျယ်ပြန့်လှပြီး အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရုံးချုပ်၊ အီရန် နျူကလီးယားအဆောက်အဦနှင့် ပဲ့ထိန်းဒုံးကျည် စသည်တို့ ပါဝင်ကြောင်း ထရမ့်အစိုးရ အတွင်းပိုင်း သတင်းအရင်းအမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်၏တောင်းဆိုချက်များကို အီရန်ဘက်မှ ဖြည့်ဆည်းပေးရန် “ဦးတည်ချက်ရှိသည့်” ကနဦးတိုက်ခိုက်မှုက ဖိအားပေးနိုင်ခြင်းမရှိပါက အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီအား ဖြုတ်ချရန်အတွက် ထရမ့်အနေဖြင့် “ယခုနှစ်နှောင်းပိုင်းကာလမှာ (ပမာဏပိုမိုကြီးမားတဲ့) စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်တဲ့ ဖြစ်နိုင်ခြေကို ထိန်းသိမ်းထား” ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထရမ့်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် အိမ်ဖြူတော် စစ်ပွဲအခြေအနေရေးရာ ဆွေးနွေးသည့်အခန်း၌ အစည်းအဝေးကျင်းပစဉ် အီရန်တိုက်ခိုက်ရေးအစီအစဉ်အား ဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်သူများတွင် ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ အမေရိကန်စစ်တပ် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ Dan Caine ၊ အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဥက္ကဋ္ဌ John Ratcliffe စသည်တို့ ပါဝင်ကြောင်း သိရသည်။
အိမ်ဖြူတော်အနေဖြင့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ချမှတ်သော ဖြစ်စဉ်အား မှတ်ချက်ပြုရန် ငြင်းဆိုခဲ့ပြီး “သမ္မတရဲ့အတွေးအခေါ်ကို မီဒီယာတွေ ဆက်လက်ပြီး ခန့်မှန်းလို့ရပါတယ်၊ ဒါပေမဲ့ သမ္မတ ဘာလုပ်နိုင်လဲ ဒါမှမဟုတ် ဘာမလုပ်ဘူးလဲကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်” ဟုသာ ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် အမေရိကန်က အီရန်နိုင်ငံအနီးတစ်ဝိုက်၌ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်း ဖျက်သင်္ဘောအုပ်စုကို ဖြန့်ကြက်နေရာချထားပြီးဖြစ်သလို လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်လ် အာရ်ဖို့ဒ် ဖျက်သင်္ဘောအုပ်စုသည်လည်း အီရန်နိုင်ငံဆီသို့ ခုတ်မောင်းလျက်ရှိသည်။ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်လ် အာရ်ဖို့ဒ်သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် အီတလီနိုင်ငံ၏ တောင်ဘက်ရှိ မြေထဲပင်လယ်တွင် ခုတ်မောင်းသွားလာခဲ့ပြီး မကြာမီကာလအတွင်း အစ္စရေးနိုင်ငံ အနီးတစ်ဝိုက် ပင်လယ်ပြင်သို့ ရောက်ရှိမည်ဟု မျှော်မှန်းရကြောင်း The New York Times က သတင်းဖော်ပြသည်။
အမေရိကန်နှင့် အီရန်၏ အသစ်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပရန် စီစဉ်ထားသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က ဖေဖော်ဝါရီ ၂၂ ရက်တွင် အမေရိကန်မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်ထက် “ပိုမိုကောင်းမွန်သော သဘောတူညီချက်” ရရှိခြင်းသည် ဖြစ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သလို အီရန်အနေဖြင့် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုသည့် အခွင့်အရေးရှိကြောင်းလည်း ၎င်းက တစ်ချိန်တည်းတွင် အလေးထားပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
特朗普被曝考虑对伊朗先“小打”再“大打”
新华社华盛顿2月22日电 据美国《纽约时报》22日报道,美国总统特朗普已告诉其顾问,他“倾向于在未来数日(对伊朗)进行初步打击”,然后在未来数月发动一场更大规模的军事打击,迫使伊朗“屈服”并按美方要求达成协议。
报道援引特朗普政府内部知情人士的话说,尽管尚未作出最终决定,但特朗普倾向于在未来数日对伊朗进行初步打击,借此向伊朗领导人表明,伊朗方面必须同意放弃制造核武器的能力。特朗普正在考虑的打击目标范围广泛,包括伊朗伊斯兰革命卫队总部、伊朗核设施和弹道导弹等。
报道说,如果“针对性的”初步打击未能迫使伊朗满足美方要求,特朗普“保留今年晚些时候进行(更大规模)军事打击的可能性”,以推翻伊朗最高领袖哈梅内伊。
特朗普18日在白宫战情室召开会议讨论了打击伊朗的计划,出席会议的人员包括副总统万斯、国务卿鲁比奥、美军参谋长联席会议主席凯恩、中央情报局局长拉特克利夫等。
报道还说,白宫拒绝评论特朗普政府的决策过程,仅表示“媒体可以继续猜测总统的想法,但只有总统自己知道他可能会或可能不会做什么”。
目前,美方已在伊朗周边部署“亚伯拉罕·林肯”号航母打击群,“杰拉尔德·R·福特”号航母打击群也正驶向伊朗。《纽约时报》报道说,“杰拉尔德·R·福特”号航母22日在意大利以南的地中海航行,预计不久将抵达以色列附近海域。
美国和伊朗新一轮谈判定于26日在瑞士日内瓦举行。伊朗外长阿拉格齐22日在接受美国媒体采访时表示,达成比2015年伊朗核问题全面协议“更好的协议”是可能的,他同时强调伊朗拥有和平利用核能的权利。(完)
图说:1月22日,美国总统特朗普在瑞士达沃斯举行的世界经济论坛2026年年会上讲话。新华社记者 连漪 摄
