Asia
ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၈၀ ကျော် သေဆုံးစေခဲ့ကြောင်း ပါကစ္စတန်စစ်တပ် ဆို
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
ပါကစ္စတန်စစ်တပ်ဘက်က ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသများတွင် ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက လေကြောင်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သမား ၈၀ ကျော် သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်သတင်းရင်းမြစ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ပါကစ္စတန်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပါကစ္စတန်-အာဖဂန်နစ္စတန်နယ်စပ်တစ်လျှောက်ရှိ အကြမ်းဖက်စခန်း ၇ ခုနှင့် ပုန်းအောင်းရာနေရာများကို တိတိကျကျပစ်မှတ်ထား၍တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်ပြန်ကြားရေးနှင့် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၂၂ ရက် အစောပိုင်းတွင် လူမှုမီဒီယာပလက်ဖောင်းများ၌ ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ပါကစ္စတန်တွင် မကြာသေးမီက အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ပါကစ္စတန်ဘက်က ဤလုပ်ဆောင်ချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ပါကစ္စတန် စစ်တပ်သည် ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဒေသများကို ထပ်မံ တိုက်ခိုက်ခဲ့သောကြောင့် လူ ၁၈ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ယခုအကြိမ် တိုက်ခိုက်မှုသည် အရပ်ဘက်သုံးနှင့် ဘာသာရေးဆိုင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပါကစ္စတန်အား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။ (Xinhua)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများထဲတွင် ရှာဖွေရေး လုပ်ဆောင်နေသော ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(Chinese Version)
巴基斯坦军方称在巴阿边境空袭中打死80余人
新华社伊斯兰堡2月22日电(记者杨恺)巴基斯坦军方消息人士22日告诉新华社记者,巴军方21日夜间对巴基斯坦与阿富汗边境地区的空袭导致超过80名恐怖分子死亡。
巴基斯坦新闻和广播部22日凌晨在社交媒体平台发表声明说,巴军方发动空袭,精准打击巴基斯坦与阿富汗边境地区的7个恐怖分子营地及藏身处。声明说,巴方采取这一行动是鉴于巴基斯坦近期发生一系列自杀式炸弹袭击事件。
阿富汗政府发言人穆贾希德22日说,巴基斯坦军方再次空袭了阿巴边境地区,造成18人死亡、5人受伤。阿富汗国防部当日发表声明强烈谴责巴基斯坦,称此次遭受袭击的是阿民用目标和宗教场所。(完)
图说1:2月22日,在阿富汗东部楠格哈尔省,当地居民聚集在遭空袭的民居旁。新华社发(塞夫拉赫曼·萨菲摄)
图说2:2月22日,在阿富汗东部楠格哈尔省,当地安全部队人员在遭空袭后的废墟中展开搜寻工作。新华社发(塞夫拉赫曼·萨菲摄)
