Connect with us

North America

အမေရိကန် အရှေ့မြောက်ပိုင်းတွင် လေမုန်တိုင်းတိုက်ခတ်၊ ဒေသအများအပြား အရေးပေါ်အခြေအနေများ ကြေညာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆီးနှင်းဖုံးလွှမ်းနေသော လမ်းမထက်၌ လူများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် အရှေ့မြောက်ပိုင်းတစ်လွှားတွင် ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းမှစ၍ ဆောင်းရာသီ လေမုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ကြောင်း အမေရိကန် မီဒီယာသတင်းများ သတင်းဖော်ပြချက်များအရ သိရသည်။ နယူးယောက်ပြည်နယ်၊ နယူးဂျာစီပြည်နယ်၊ ကွန်နက်တီကတ်ပြည်နယ်နှင့် နယူးယောက်မြို့ အားလုံးကို အရေးပေါ်အခြေအနေများ ကြေညာခဲ့သည်။

နယူးယောက်မြို့တွင် ဆီးနှင်းကျဆင်းမှု ၁၂ လက်မမှ ၁၈ လက်မ (၃၀.၅ စင်တီမီတာမှ ၄၅.၇ စင်တီမီတာခန့်) အထိ ရှိပြီး တစ်နာရီလျှင် ၅၅ မိုင် (တစ်နာရီလျှင် ၈၈ ကီလိုမီတာ ခန့်) အထိ လေပြင်း တိုက်ခတ်မည်ဟု ခန့်မှန်းရသည်။ နယူးယောက်မြို့ မြို့တော်ဝန် Zohran Mamdani က ထိုနေ့တွင် ၎င်းမြို့ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဆီးနှင်းကျမှုကြောင့် နယူးယောက်မြို့ရှိ စာသင်ကျောင်းများကို ဖေဖော်ဝါရီ ၂၃ ရက်၌ ကျောင်းတစ်ရက်ပိတ်ထားကာ ခရီးသွားလာခွင့် တားမြစ်မိန့်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ခရီးသွားလာခွင့်တားမြစ်မိန့်သည် ဖေဖော်ဝါရီ ၂၂ ရက် ည ၉ နာရီမှ ၂၃ ရက် မွန်းတည့်အထိ ကြာမြင့်သည်။
အနီးနားရှိ နယူးဂျာစီပြည်နယ်တွင်လည်း ခရီးသွားလာခွင့် တားမြစ်မိန့်ထုတ်ပြန်ခဲ့သည်။ တားမြစ်ကာလအတွင်း လမ်းမ၊ တံတားနှင့် အမြန်လမ်းပေါ်တွင် မည်သည့်မော်တော်ကားမျှ မောင်းနှင်၍ မရကြောင်း သိရသည်။

နယူးယောက် John F. Kennedy အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆိုက်ရောက်မည့် လေယာဉ်ခရီးစဉ် သုံးပုံနှစ်ပုံနှင့် ထွက်ခွာမည့် လေယာဉ်ခရီးစဉ် ၃၀၂ ခုကို ဖျက်သိမ်းခဲ့ပြီး အခြားသော လေယာဉ်ခရီးစဉ် ၉၅ ခု နှောင့်နှေးခဲ့ကြောင်း၊ နယူးယောက်ရှိ LaGuardia လေဆိပ်တွင် လေယာဉ်ခရီးစဉ် ၂၄၃ ခု ဖျက်သိမ်းခဲ့ပြီး ၁၂၂ ခု နှောင့်နှေးခဲ့ကြောင်း၊ နယူးဂျာစီပြည်နယ်ရှိ Newark အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ခရီးစဉ် ၁၉၅ ခု ဖျက်သိမ်းခဲ့ပြီး ၁၀၆ ခု နှောင့်နှေးခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ လေယာဉ်ခရီးစဉ် ခြေရာခံမှုနှင့် လေကြောင်းလိုင်း အချက်အလက် ပလက်ဖောင်း “FlightAware” ဝက်ဘ်ဆိုက်မှ အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ရထားဘူတာတွင် ဆီးနှင်းဖုံးလွှမ်းများ ဖုံးလွှမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
美国东北部遭遇暴风雪 多地进入紧急状态
新华社纽约2月22日电(记者徐静)综合多家美国媒体报道,一场冬季风暴22日上午开始席卷美国东北部。纽约州、新泽西州、康涅狄格州以及纽约市均宣布进入紧急状态。
纽约市预计将迎来12至18英寸(约合30.5厘米至45.7厘米)降雪,并伴有高达每小时55英里(约合88公里)强风。纽约市市长祖赫兰·马姆达尼当天宣布该市进入紧急状态,纽约市学校23日因下雪停课一天,并发布旅行禁令。旅行禁令从22日晚9时持续至23日中午12时。
邻近的新泽西州也发布了旅行禁令。禁令期间,任何车辆不得在街道、桥梁和高速公路上行驶。
全球航班跟踪和航空数据平台“航班跟踪网站”的数据显示,22日,纽约约翰·肯尼迪国际机场三分之二的到达航班和302个出发航班已被取消,另有95个航班延误。纽约拉瓜迪亚机场取消243个航班,122个航班延误。新泽西州纽瓦克机场则有195个航班被取消,106个航班延误。(完)
English Caption 1: People are seen in snow on a street in New York, the United States, on Feb. 22, 2026. (Xinhua/Zhang Fengguo)
English Caption 2: A subway station is seen in snow in New York, the United States, on Feb. 22, 2026. (Xinhua/Zhang Fengguo)