Asia
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတွင် ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးအမှု ကြားနာပွဲ ကျင်းပ
သည်ဟိတ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) တွင် ဖေဖော်ဝါရီ ၂၃ ရက်က ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးအမှုနှင့် စပ်လျဉ်း၍ ကြားနာပွဲ ကျင်းပခဲ့သည်။
ကြားနာမှုတွင် အစိုးရရှေ့နေ၊ ဒူတာတေး၏ ရှေ့နေနှင့် အခြားသော သက်ဆိုင်ရာ ဥပဒေကိုယ်စားလှယ်များက ခုံရုံးထံသို့ ထွက်ဆိုလျှောက်လဲမှုများ လုပ်ဆောင်ခဲ့သည်။ ဒူတာတေးကိုယ်တိုင်ကမူ ခုံရုံးသို့ လာရောက်ခြင်းမရှိပေ။
လုပ်ငန်းစဉ်အရ ကြားနာမှုကို ၄ ရက်ဆက်တိုက် ပြုလုပ်မည်ဖြစ်သည်။ ICC က ဒူတာတေးသည် “လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု” ကျူးလွန်သည်ဟု စွဲချက်တင်ထားသည်။ ခုံရုံးသည် ကြားနာမှုအကြောင်းအရာအရ ဒူတာတေးအနေဖြင့် စွဲဆိုခံထားရသောပြစ်မှုအား ကျူးလွန်ခဲ့သည်ကို အပြည့်အဝယုံကြည်သင့်၊ မသင့် အတည်ပြုသွားမည်ဖြစ်သည်။ စွဲဆိုချက်များသည် အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း အတည်ပြုခြင်းခံရပါက ယင်းအမှုသည် တရားဝင်စီရင်သည့်အဆင့်သို့ ဝင်ရောက်သွားမည်ဖြစ်သည်။ သာမန်အားဖြင့် ကြားနာမှုပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ခုံရုံးက စွဲဆိုချက်အား အတည်ပြုခြင်း ရှိ၊ မရှိ ဟူသည့် ဆုံးဖြတ်ချက်ကို လုပ်ဆောင်သွားမည်ဖြစ်သည်။
ဒူတာတေးသည် ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်တွင် ပြည်ပမှ ပြန်လာ၍ ဖိလစ်ပိုင်နိုင်ငံ မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ရဲများ၏ ဖမ်းဆီးမှုခံခဲ့ရပြီး သက်ဆိုင်ရာဘက်က ၎င်းထံ ICC ဖမ်းဝရမ်း ထုတ်ပြခဲ့သည်။ ဒူတာတေးလိုက်ပါလာသော လေယာဉ်သည် ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဒူတာတေးသည် ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်တွင် ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ICC တွင် ကျင်းပသော ပထမဆုံးကြားနာမှုကို တက်ရောက်ခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ICC က ကျန်းမာရေးအကြောင်းပြချက်ဖြင့် ဒူတာတေးအား ယာယီလွှတ်ပေးရန် ရှေ့နေ၏လျှောက်ထားချက်ကိုပယ်ချခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ICC က ဒူတာတေး၏ ကျန်းမာရေးအခြေအနေသည် စီရင်မှုမလုပ်ဆောင်မီ ကြားနာမှုအား တက်ရောက်ရန် သင့်လျော်သည်ဟု အတည်ပြုသတ်မှတ်ခဲ့သည်။
ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံ Davao မြို့တော်ဝန်နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ICC က ဒူတာတေး ဦးဆောင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းရှိ၊ မရှိ အခြေအနေနှင့်စပ်လျဉ်း၍ “ကနဦးစုံစမ်းစစ်ဆေးမှု” လုပ်ဆောင်မည်ဟု ဖိလစ်ပိုင်အစိုးရထံ အကြောင်းကြားခဲ့သည်။ ဖိလစ်ပိုင်သည် ၂၀၁၉ ခုနှစ်တွင် ICC မှ တရားဝင်နုတ်ထွက်ခဲ့သည်။ (Xinhua)
—————–
(Chinese Version)
国际刑事法院举行菲律宾前总统杜特尔特案听证会
新华社海牙2月23日电(记者邵海军)位于荷兰海牙的国际刑事法院23日举行菲律宾前总统杜特尔特案听证会。
听证会上,检方、杜特尔特辩护律师及其他相关方法律代表分别向法庭作陈述。杜特尔特本人未出庭。
按照日程,听证会将持续4天。国际刑事法院指控杜特尔特犯有“反人类罪”。法庭将根据听证会内容,确定是否有充分理由相信杜特尔特实施了被指控的罪行。如果指控得到全部或部分确认,案件将进入正式审理程序。一般听证会后60天内法庭将作出是否确认指控的决定。
2025年3月11日,杜特尔特从境外返回抵达马尼拉国际机场后被警方拘留,有关方面向其出示了国际刑事法院的逮捕令。载有杜特尔特的飞机于12日抵达海牙,杜特尔特于14日通过视频连线的方式参加了国际刑事法院举行的首次聆讯。2025年11月28日,国际刑事法院驳回律师以健康原因为由要求临时释放杜特尔特的申请。今年1月26日,国际刑事法院认定杜特尔特身体状况适合参加审前听证会。
杜特尔特在担任菲律宾达沃市市长和菲总统期间发起反毒行动。2018年2月,国际刑事法院通知菲律宾政府,将对杜特尔特领导的打击毒品犯罪行动是否有违反人权的情况展开“初步调查”。菲律宾2019年正式退出国际刑事法院。(完)
图说:2月23日,在荷兰海牙,两名记者在国际刑事法院外拍摄。新华社发(孙晶晶摄)
