Connect with us

International Organizations

“နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” ထိပါးတိုက်စားခံနေရသည်ဟု ဂူတာရက်စ် ဆို

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ နိုင်ငံစုံနန်းတော်၌ ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၁ ကြိမ်မြောက် အစည်းအဝေးတွင် အမှာစကားပြောကြားနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွင်း နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးသည် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရပြီး “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” သည် ထိပါးတိုက်စားခံနေရကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၁ ကြိမ်မြောက် အစည်းအဝေး၌ ပြောကြားခဲ့သည်။
ဂူတာရက်စ်က ၎င်းအနေဖြင့် ယခုလ လဆန်းပိုင်းတွင် ပါလက်စတိုင်းပြည်သူများ၏ လွှဲပြောင်း၍မရသော အခွင့်အရေးများ ကျင့်သုံးရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မတီ (CEIRPP) ထံသို့ တင်ပြချက် လုပ်ဆောင်ခဲ့ရာ အ‌ကြောင်းအရာများတွင် ပါလက်စတိုင်း သိမ်းပိုက်ခံထားရသော နယ်မြေပေါ်၌ ဖြစ်ပွားသည့် “လူ့အခွင့်အရေး၊ လူသားဂုဏ်သိက္ခာနှင့် နိုင်ငံတကာဥပဒေအား ပြောင်ပြောင်တင်းတင်းချိုးဖောက်သည့် လုပ်ရပ်” များပါဝင်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအခြေအနေသည် ဆိုးရွားလာပြီး အတိအလင်းဖြစ်ကာ တမင်ရည်ရွယ်ချက်ရှိသောကြောင့် “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” သည် ပေါ်ပေါ်တင်တင် အခြေအနေတွင် တိုက်စားခံနေရကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိုကဲ့သို့အခြေအနေ ဖြစ်ပွားနေမှုကို လုံးဝခွင့်ပြု၍မရကြောင်း ၎င်းက ဆိုသည်။
နိုင်ငံအသီးသီးအနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ၊ “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း” နှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအား ကာကွယ်ပေးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများက နိုင်ငံတကာ ဘဏ္ဍာရေးဖွဲ့စည်းပုံအတွင်း စစ်မှန်သော ပါဝင်ခွင့်နှင့် ပိုမိုအလေးသာသော ပြောဆိုခွင့်များ ပိုင်ဆိုင်မှုကို သေချာစေခြင်းတို့ကို လုပ်ဆောင်ရန်လည်း ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၁ ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး မတ် ၃၁ ရက်တွင် ကျင်းပပြီးစီးမည်ဖြစ်သည်။ (Xinhua)

——————-
(Chinese Version)
古特雷斯说“两国方案”正在被侵蚀
新华社日内瓦2月23日电(记者石松)联合国秘书长古特雷斯23日在联合国人权理事会第61届会议上表示,在巴以冲突中,国际法和人权正遭到公然侵犯,“两国方案”正在被侵蚀。
古特雷斯说,本月初,他向联合国巴勒斯坦人民行使不可剥夺权利委员会作了陈述,内容涉及在巴勒斯坦被占领土上发生的“公然侵犯人权、人类尊严和国际法的行为”。他说,当前的趋势严峻、明确且蓄意,“‘两国方案’正在光天化日之下被侵蚀”,国际社会绝不能允许这种情况发生。
古特雷斯呼吁各国捍卫《联合国宪章》《世界人权宣言》以及国际人权法,推动全球治理体系改革,确保发展中国家在国际金融架构中拥有真正的参与权和更有分量的话语权。
联合国人权理事会第61届会议2月23日在瑞士日内瓦开幕,将于3月31日结束。(完)
图说:2月23日,在瑞士日内瓦万国宫,联合国秘书长古特雷斯在联合国人权理事会第61届会议上讲话。新华社记者 连漪 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.