Connect with us

Africa & Middle East

စစ်ပွဲ၏နောက်ဆက်တွဲရလဒ်က “ဒေသတစ်ခုလုံးအပေါ် သက်ရောက်မှုရှိမည်” ဟု အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြော

အီရန်နိုင်ငံ မြို့တော်တီဟီရန် မြင်ကွင်းများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ရန်သူက အီရန်အပေါ် စစ်ပွဲစတင်ပါက ၎င်း၏နောက်ဆက်တွဲသည် ပဋိပက္ခဖြစ်သည့် ကာယကံရှင်ဘက်တွင်သာ ဖြစ်ပွားမည်မဟုတ်ဘဲ “ဒေသတစ်ခုလုံးအပေါ် သက်ရောက်မှုရှိမည်” ဖြစ်ကြောင်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု အီရန် Mehr သတင်းဌာန၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။
Kazem Gharibabadi သည် ထိုနေ့တွင် ဂျီနီဗာမြို့၌ ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ အီရန်အပေါ် စစ်ရေးခြိမ်းခြောက်မှုနှင့်စပ်လျဉ်း၍ Kazem Gharibabadi က အီရန်အနေဖြင့် မိမိလုံခြုံရေးအား ခိုင်မာစွာ ကာကွယ်သွားမည်ဖြစ်ကြောင်း၊ ရန်သူသည် အီရန်အပေါ် စစ်ပွဲစတင်နိုင်သော်လည်း စစ်ပွဲအား မည်သို့အဆုံးသတ်မည်နည်းကို အီရန်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တပ်မတော် စစ်ဦးစီးချုပ် Amir Hatami က အီရန်၏အင်အားကို မဟာဗျူဟာနည်းလမ်းဖြင့် လျှော့ချရန် ကြိုးပမ်းနေသူရှိကြောင်း၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် “နောက်ဆုံးအခိုက်အတန့်အထိ တိုက်ပွဲဝင်သွားမည်” ဖြစ်ကာ အီရန်နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန် Tasnim သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
Amir Hatami သည် ထိုနေ့တွင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တပ်မတော် စစ်ဦးစီးတက္ကသိုလ် ဘွဲ့နှင်းသဘင်၌ အမှာစကားပြောကြားရာတွင် ရန်သူက အီရန်အပေါ် ခြိမ်းခြောက်မှုများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးနှင့် စိတ်ဓာတ်ရေးရာ စသည့်ကဏ္ဍစုံပါဝင်ပြီး ပိုမိုကျယ်ပြန့်သော ရောစပ်စစ်ပွဲ (Hybrid War) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရောစပ်စစ်ပွဲအား ကိုင်တွယ်စီမံရန်အတွက် ပြင်ဆင်မှု မဖြစ်မနေ လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Amir Hatami သည် အမေရိကန်စစ်တပ်က အခြားနိုင်ငံ၌ စစ်ရေးအရစွက်ဖက်မှု ရှုံးနိမ့်ခြင်းကို ဥပမာထား၍ ပြည်ပအင်အားစုများက ခြိမ်းခြောက်မှုနှင့် အကျပ်ကိုင်မှု နည်းလမ်းဖြင့် အီရန်အား “ကျူးကျော်ဝင်ရောက်” သော်လည်း နောက်ဆုံးတွင် အရေးနိမ့်မှုနှင့်သာ အဆုံးသတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်၏ အသစ်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပရန် သတ်မှတ်ထားကြောင်း အိုမန်နိုင်ငံခြားရေးဝန်ကြီး Sayyid Badr bin Hamad bin Hamood Albusaidi က ဖေဖော်ဝါရီ ၂၂ ရက်တွင် အတည်ပြုခဲ့သည်။ အမေရိက်နှင့် အီရန်၏ ဒုတိယအကြိမ် တစ်ဆင့်ခံဆွေးနွေးညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ဂျီနီဗာမြို့၌ ကျင်းပခဲ့သည်။ အမေရိကန်နှင့် အီရန် တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းမှုပြီးနောက် ကွဲလွဲမှုများရှိနေဆဲဖြစ်သော်လည်း ဆွေးနွေးညှိနှိုင်းမှုသည် ယခင်အကြိမ်ထက် တိုးတက်မှုရှိလာကြောင်း၊ နှစ်ဖက်အနေဖြင့် ထိတွေ့မှုများ ဆက်လက်လုပ်ဆောင်သွားရန် သဘောတူညီကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် အမေရိကန်က လတ်တလောကာလအတွင်း အရှေ့အလယ်ပိုင်းဒေသ၌ စစ်သည်အင်အား ပမာဏအများအပြား စုစည်းလာခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်ကလည်း လတ်တလောရက်ပိုင်းတွင် ၎င်းအနေဖြင့် အီရန်အပေါ် “အကန့်အသတ်ဖြင့် တိုက်ခိုက်မှု” လုပ်ဆောင်ရန် စဉ်းစားနေကြောင်း ဝန်ခံခဲ့သည်။ (Xinhua)

——————-
(Chinese Version)
伊朗副外长:战争的后果将“波及整个地区”
新华社德黑兰2月23日电(记者沙达提 陈霄)据伊朗迈赫尔通讯社23日报道,伊朗副外长加里巴巴迪当天表示,如果敌人对伊朗发动战争,那么其后果将不会局限于冲突当事方,“而是将波及整个地区”。
加里巴巴迪在瑞士日内瓦举行的联合国人权理事会会议上发表上述言论。加里巴巴迪提到美国对伊朗的军事威胁时表示,伊朗将坚决捍卫自身安全。敌人可以对伊朗发动战争,但战争如何结束将由伊朗决定。
另据伊朗塔斯尼姆通讯社报道,伊朗伊斯兰共和国军队总司令哈塔米23日说,有人企图通过战略手段削弱伊朗。伊朗武装部队将“战斗到最后一刻”,捍卫伊朗主权和领土完整。
哈塔米当天在伊朗伊斯兰共和国军队指挥和参谋大学毕业典礼上发表讲话时说,敌人对伊朗的威胁涵盖政治、经济、社会、军事和心理等多个领域,是更广泛的混合战争的一部分。伊朗武装部队必须做好应对混合战争的准备。
哈塔米以美军在他国的失败军事干预为例说,外部势力以威胁和恐吓为手段“入侵”伊朗,但最终都会以失败告终。
阿曼外交大臣巴德尔22日确认,美国和伊朗新一轮谈判定于26日在瑞士日内瓦举行。美国和伊朗第二轮间接谈判17日在日内瓦举行。美伊官员在谈判结束后均表示,尽管分歧仍存,但谈判较上一轮取得进展,双方同意继续接触。与此同时,美国近期在中东地区大规模集结兵力。美国总统特朗普近日承认,他在考虑对伊朗进行“有限军事打击”。(完)
图说:这是2月22日拍摄的伊朗首都德黑兰景色。新华社记者沙达提摄