North America
အမေရိကန် ကုန်သွယ်ရေး မသေချာမရေရာမှုကို ဘက်ပေါင်းစုံက အာရုံစိုက်လျက်ရှိ
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန် ပြည်ထာင်စု တရားရုံးချုပ်က မကြာသေးမီရက်တွင် စီရင်ချက်အား ထုတ်ပြန်ခဲ့ပြီး အမေရိကန် “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ (IEEPA)” က သမ္မတအား စည်းကြပ်ခွန် ကျယ်ကျယ်ပြန့်ပြန့်ကောက်ခံရန် ခွင့်ပြုထားခြင်းမရှိဟု ယူဆဆုံးဖြတ်ခဲ့သည်။ ယင်းနောက် အမေရိကန်သမ္မတထရမ့်သည် နိုင်ငံနှင့် ဒေသအားလုံးမှ လာသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မသေချာရေရာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ ဥရောပသမဂ္ဂ (EU)၊ ဂျပန်စသည့် အမေရိကန်၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများက အမေရိကန်ဘက်က သက်ဆိုင်ရာ အချက်အလက်များကို အတည်ပြုပေးရန် စောင့်ဆိုင်းနေကြောင်း တုံ့ပြန်ခဲ့ကြသည်။ အမေရိကန်ပြည်တွင်းတွင် စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းမှ စည်းကြပ်ခွန် ပြန်အမ်းရန် တောင်းဆိုမှုများ ဆက်လက်မြင့်တက်လာခဲ့သည်။
အမေရိကန်အနေဖြင့် EU နှင့် ရရှိထားသော ကုန်သွယ်ရေးသဘောတူညီချက်ကို လိုက်နာရန် မျှော်လင့်ကြောင်း ဥရောပကောင်စီက ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “အမေရိကန်ရဲ့ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အနေနဲ့ ပူးတွဲကြေညာချက်ထဲက ကတိကဝတ်တွေကို အမေရိကန် လိုက်နာဆောင်ရွက်မယ်လို့ EU မျှော်လင့်တယ်” ၊ မည်သည့်အစီအမံများဖြင့် စီရင်ချက်များအား တုံ့ပြန်သွားမည်ကို အမေရိကန်ဘက်က အတိအလင်းအတည်ပြုရန် မျှော်မှန်းကြောင်း ဥရောပကောင်စီက ထပ်လောင်းပြောကြားခဲ့သည်။
စီးပွားရေးလုပ်ငန်း အန္တရာယ်များကို ဘက်အသီးသီးအနေဖြင့် သတိပြုသင့်ပြီး ကုမ္ပဏီလုပ်ငန်းသည် “တရားဥပဒေဆိုင်ရာ တိုက်ခိုက်မှုများ” မဟုတ်ဘဲ “ခန့်မှန်းတွက်ဆနိုင်မှု” လိုအပ်ကြောင်း၊ မည်သည့်စည်းကြပ်ခွန်အစီအစဉ်အသစ်မဆို ရှင်းလင်းတိကျသော သတ်မှတ်ချက်များ မဖြစ်မနေရှိရမည်ဖြစ်ကြောင်း ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌ Christine Lagarde က CBS သတင်းဌာန၏ မေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။
ဂျာမနီစက်မှုစီးပွားလောကက အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်၏ စီရင်ချက်ကို စောင့်ကြည့်သည့်သဘောထားရှိသည်။ “စီရင်ချက်က အရေးကြီးပါတယ်” ၊ သို့သော် ၎င်း၏ သက်ရောက်မှုကို လက်ရှိတွင် သုံးသပ်ဆုံးဖြတ်ရန် ခက်ခဲနေဆဲဖြစ်ရာ ယင်းကလည်း ကုမ္ပဏီလုပ်ငန်းများ “ဆက်တိုက်ရင်ဆိုင်နေရတဲ့ မသေချာမရေရာမှုတွေ” ကိုလည်း မြင့်တက်စေခဲ့သည်ဟု ဂျာမနီစက်မှုအင်ဂျင်နီယာလုပ်ငန်းအသင်း (VDMA) က ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
အဆိုပါစီရင်ချက်ကို ကြိုဆိုကြောင်း ကနေဒါနိုင်ငံက ဖော်ပြခဲ့သည်။ ဤစီရင်ချက်က “အရေးပါတဲ့ အောင်မြင်မှု” ဖြစ်သော်လည်း တိုက်ပွဲက ဆက်လက်ရှိဦးမှာဖြစ်သည့်အတွက် “အိမ်ဖြူတော်ရဲ့ နောက်ဆက်တွဲ တုံ့ပြန်ချက်ကို အနီးကပ် အာရုံစိုက်နေဖို့ လိုအပ်တယ်” ဟု ကနေဒါနိုင်ငံ Ontario ပြည်နယ်အုပ်ချုပ်ရေးမှူး Doug Ford က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ဩစတြေးလျဘက်တွင် “စီရင်ချက်၏ သက်ရောက်မှုတွေကို သုံးသပ်” လျက်ရှိကြောင်း၊ ဩစတြေးလျဘက်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ကုန်သွယ်ရေးကို ထောက်ခံပြီး “တရားမျှတမှုမရှိသော စည်းကြပ်ခွန်” ကို အစဉ် ကန့်ကွက်ကြောင်း ဩစတြေးလျ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Don Farrell က ပြောကြားခဲ့သည်။
ဂျပန်အစိုးရသည် အမေရိကန်သို့ ကုန်ပစ္စည်းတင်ပို့မှုတွင် ကမောက်ကမ ဖြစ်ပေါ်လာခြင်းအပေါ် အထူးသတိထားစောင့်ကြည့်နေပြီး အသေးစိတ်အချက်အလက်များကို အမေရိကန်ဘက်ထံ အတည်ပြုလျက်ရှိကြောင်း ဂျပန် Kyodo သတင်းဌာနက ဖော်ပြခဲ့သည်။ တောင်ကိုရီးယားဘက်သည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား “အကျိုးစီးပွားဟန်ချက်ညီမှု” ကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် အရင်းအမြစ် ဝန်ကြီး Kim Jung-kwan က ဖေဖော်ဝါရီ ၂၃ ရက်က ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန် ပြည်ထာင်စု တရားရုံးချုပ်၏ စည်းကြပ်ခွန်ဆိုင်ရာ စီရင်ချက်က အိန္ဒိယနှင့် အမေရိကန်အကြား ကုန်သွယ်ရေးသဘောတူညီချက်အလားအလာကို အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ အိန္ဒိယကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့သည် ဝါရှင်တန်သို့သွားရောက်ရန် ရွှေ့ဆိုင်းခဲ့ပြီး ရက်စွဲအတိအကျကိုမူ မသတ်မှတ်ရသေးကြောင်း ရိုက်တာသတင်းဌာနက အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာ ပုဂ္ဂိုလ်၏ စကားကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ ယခုလ အစောပိုင်းတွင် အမေရိကန်နှင့်အိန္ဒိယအကြား ကုန်သွယ်ရေးသဘောတူညီချက် ယာယီမူဘောင်ကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ နှစ်ဖက်သည် တရားဝင် ကုန်သွယ်ရေးသဘောတူညီချက်ကို မတ်လတွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း အိန္ဒိယအရာရှိက ထိုစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်နှင့် အခြားသော ကုန်သွယ်ရေးမိတ်ဖက်များ ရရှိထားပြီးဖြစ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို မဖြစ်မနေ လိုက်နာရမည်ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer က Fox သတင်းချန်နယ်၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။ အမေရိကန်သို့ တင်ပို့သော မလေးရှား၊ ကမ္ဘောဒီးယား ကုန်ပစ္စည်းများ၏ စည်းကြပ်ခွန်နှုန်းထားကို ယင်းမတိုင်မီ ရရှိထားသော သဘောတူညီမှုဖြစ်သော ၁၉ ရာခိုင်နှုန်းတွင် ထိန်းသိမ်းထားမည်ဟု ၎င်းက ဥပမာပေး ပြောကြားခဲ့သည်။
အမေရိကန်၏ ထပ်မံ၍ စည်းကြပ်ခွန် တစ်ဖက်သတ်တိုးမြှင့်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဘရာဇီးသမ္မတ လူလာက ဖေဖော်ဝါရီ ၂၂ ရက်တွင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအနေဖြင့် ပခုံးချင်းယှက် လက်တွဲဆောင်ရွက်ရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒဖြင့် တစ်ဖက်သတ်အနိုင်ကျင့်မှုကို တန်ပြန်ရန်၊ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် စည်းလုံးညီညွတ်ဖြင့် ရင်ဆိုင်ရန် တောင်းဆိုခဲ့သည်။ မက္ကဆီကိုအနေဖြင့် အလျင်စလိုတုံ့ပြန်မှုကြောင့် လက်တင်အမေရိကဒေသတွင်း စီးပွားရေးတည်ငြိမ်မှုအပေါ် ထိခိုက်ခြင်းကို ရှောင်ရှားရန် အမေရိကန်၏ စည်းကြပ်ခွန်အစီအမံအသစ်များ သက်ရောက်မှုအတိုင်းအတာကို သတိထား သုံးသပ်ခွဲခြမ်းစိတ်ဖြာမည်ဟု မက္ကဆီကို စီးပွားရေးဝန်ကြီး Marcelo Ebrard က ပြောကြားခဲ့သည်။
အမေရိကန်ပြည်တွင်း လူထုသဘောထား အာရုံစိုက်သော အဓိကအချက်တစ်ချက်မှာ ကုမ္ပဏီလုပ်ငန်းများအနေဖြင့် အခွန်ပြန်အမ်းငွေကို ချော့မွေ့စွာ ရရှိနိုင်/ မရရှိနိုင်ခြင်းဖြစ်သည်။ တရားရုံးချုပ်၏ စည်းကြပ်ခွန် နောက်ဆုံး စီရင်ချက်နှင့် သက်ဆိုင်သည့် အခွန်ပြန်အမ်းငွေမှာ ကန်ဒေါ်လာ ၁၇၅ ဘီလီယံအထိ ရှိနိုင်ကြောင်း အမေရိကန် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်၏ Wharton ကျောင်းမှ ဘတ်ဂျက်ပုံစံတွက်ချက်မှုအရ သိရသည်။
သွင်းကုန်လုပ်ငန်းရှင်များသည် အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာနသို့ လျှောက်ထားရန် လိုအပ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှသာလျှင် အခွန်ပြန်အမ်းငွေ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းအရ သိရသည်။
“ဒါက ကြီးမားတဲ့ ကမောက်ကမဖြစ်မှုတွေ ဖြစ်လာနိုင်တယ်” ဟု အမေရိကန် Georgetown တက္ကသိုလ်မှ နိုင်ငံတကာကုန်သွယ်ရေးပါမောက္ခ Marc Busch က ပြောကြားခဲ့သည်။ ကုမ္ပဏီလုပ်ငန်းများက အရင်းအနှီးများပြန်လည်ရရှိရန် အယုံကြည်ရဆုံးနှင့် အမြန်ဆုံးနည်းလမ်းမှာ လွှတ်တော်က ကြားဝင်ပြီး အလိုအလျောက်ငွေပြန်အမ်းခြင်းကို ကြေညာခြင်းဖြစ်သည်ဟု ၎င်းက ယူဆသည်။ လွှတ်တော်၏ ကြားဝင်မှုမရှိပါက “ဒါက နှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော်အဆောက်အဦအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
综述|多方关注对美贸易不确定性
新华社北京2月23日电 综述|多方关注对美贸易不确定性 新华社记者俞懋峰
美国最高法院日前公布裁决,认定美国《国际紧急经济权力法》未授权总统征收大规模关税。此后,美国总统特朗普宣布将对来自所有国家和地区的商品加征15%的关税,令全球贸易不确定性再度上升。欧盟、日本等美国主要贸易伙伴回应,正等待美方明确相关信息。在美国国内,商界要求退还关税的呼声持续高涨。
欧盟委员会22日发表声明说,希望美方遵守与欧盟达成的贸易协议。“作为美国最大贸易伙伴,欧盟期待美国履行联合声明中的承诺。”欧盟委员会重申,希望美方明确将采取哪些措施回应裁决。
欧洲央行行长拉加德接受美国哥伦比亚广播公司采访时说,各方应警惕商业风险,企业需要“可预测性”,而不是“法律斗争”。任何新的关税计划都必须有清晰界定。
德国工商界对美最高法院裁决持观望态度。德国机械设备制造业联合会发表声明说,“裁决是重要的”,但目前其实际影响仍难以判断,这也增加了企业“持续面临的不确定性”。
加拿大对裁决表示欢迎。加拿大安大略省省长道格·福特在社交媒体上发文说,这一裁决是“重要胜利”,但斗争还将继续,“我们需要密切关注白宫的后续反应”。
澳大利亚贸易与旅游部长唐·法雷尔说,澳方正在“评估裁决的影响”,澳方支持自由和公平的贸易,一贯反对“不公正的关税”。
共同社报道,日本政府高度警惕对美出口出现混乱,正向美方确认详细信息。韩联社报道,韩国产业通商资源部长官金正官23日表示,韩方将继续与美国进行磋商,维护两国之间的“利益平衡”。
美最高法院关税裁决致使印度与美国的贸易协议前景产生变数。路透社援引印度贸易部人士的话报道,印度贸易谈判代表团已推迟前往华盛顿,具体日期待定。本月早些时候,白宫公布美国与印度达成的临时贸易协议框架。印度官员当时透露,双方计划3月签署正式贸易协议。
美国贸易代表贾米森·格里尔在接受福克斯新闻频道采访时表示,美国与其他贸易伙伴已达成的贸易协议必须得到遵守。他举例称,马来西亚、柬埔寨输美商品的关税税率将按此前达成的协议维持在19%。
针对美国再次单方面加征关税,巴西总统卢拉22日呼吁全球南方国家携手并肩,以多边主义对抗单边霸凌,以团结应对挑战。墨西哥经济部长马塞洛·埃布拉德表示,墨西哥将谨慎分析美国新关税措施的影响范围,避免仓促反应影响拉美地区经济稳定。
在美国国内,舆论关注的一个焦点是,企业能否顺利获得退税。据美国宾夕法尼亚大学沃顿商学院预算模型测算,最高法院关税终裁涉及的退税金额或达1750亿美元。
据报道,进口商可能需要向美国海关与边境保护局申请,并采取法律行动,才能获得退税。美国乔治城大学研究国际贸易的教授马克·布施说:“这意味着会出现很大的混乱。”他认为,企业追回资金最可靠、最快捷的方法是国会介入并宣布自动退款。如果没有国会介入,“这将耗时数年”。(完)
图说1:1月14日拍摄的江苏省港口集团南京港龙潭港区生产场景。新华社发(辛一 摄)
图说2:这是2025年11月9日在美国首都华盛顿拍摄的美国国会大厦。新华社记者 胡友松 摄
