Connect with us

Asia

ကမ္ဘောဒီးယားဘက်က ထိုင်းနယ်စပ်ကို လက်ပစ်ဗုံး ပစ်ခတ်ခဲ့သည်ဟု ထိုင်းစစ်တပ် ဆို

ထိုင်းနိုင်ငံ ချန်သာဘူရီပြည်နယ် နယ်စပ်ဂိတ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ကင်းလှည့်အဖွဲ့တစ်ခုက ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် Sisaket ပြည်နယ် နယ်စပ်ဒေသတွင် ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် ကမ္ဘောဒီးယားဘက်က ကင်းလှည့်စခန်း အနီးအနားသို့ ၄၀ မီလီမီတာရှိသော လက်ပစ်ဗုံး ပစ်ခတ်ခဲ့ကြောင်း၊ ထိုင်းဘက်၌ ထိခိုက်သေဆုံးသူ မရှိခဲ့ကြောင်း ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ Winthai Suwari က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံသည် တိုက်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ တုံ့ပြန်မှု ပြုလုပ်ခဲ့ကြောင်း၊ သတိပေးခြင်းနှင့် မိမိကိုယ်ကိုယ်ကာကွယ်ခြင်း အစီအမံအဖြစ် တိုက်ခိုက်လာသော ဦးတည်ချက်သို့ M79 လက်ပစ်ဗုံး ပစ်ခတ်ခဲ့ကြောင်း Winthai က ပြောကြားခဲ့သည်။ ယခုအကြိမ်ဖြစ်ရပ်သည် ကမ္ဘောဒီးယားဘက် တပ်ဖွဲ့များ အလှည့်ကျတာဝန်ထမ်းဆောင်ခြင်းနှင့် ဆက်စပ်နိုင်ခြေရှိကြောင်း၊ အသစ်ရောက်ရှိလာသော တပ်ဖွဲ့များသည် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားကွပ်ကဲမှုများကို မရင်းနှီးသေးသောကြောင့် မြေပြင်၌ လက်တွေ့ဖော်ဆောင်ရာတွင် အမှားအယွင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းဘက်က ကနဦး သုံးသပ်ယူဆခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
泰军方说柬方向泰边境发射榴弹
新华社曼谷2月24日电(记者常天童)泰国陆军发言人文泰24日发表声明说,泰方一巡逻队当天上午在四色菊府边境地区执行巡逻任务时,柬埔寨方面向巡逻点附近发射了一枚40毫米榴弹,未造成泰方人员伤亡。
文泰说,事发后,泰方依据交战规则进行了回应,向来袭方向发射M79榴弹作为警示和自卫措施。泰方初步评估认为,此次事件可能与柬方部队轮换有关,新到部队对相关规章及指挥控制尚不熟悉,导致现场执行出现失误。(完)
图说:这是2025年12月26日拍摄的泰国尖竹汶府边境口岸。新华社记者 孙玮彤 摄