North America
အမေရိကန်ပြည်တွင်းတွင် အခွန်စည်းကြပ်မှုအပေါ် အဖက်ဖက်မှ အားပြိုင်မှုများ ဆက်လက်တည်ရှိနေ
နယူးယောက်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်တရားရုံးချုပ်က အမေရိကန် “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ” တွင် သမ္မတကို စည်းကြပ်ခွန် အကြီးအကျယ်ကောက်ခံသည့် အခွင့်အာဏာပေးအပ်ထားခြင်း မရှိကြောင်း ယူဆသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ အမေရိကန် တရားရုံးချုပ်၏ အခွန်စည်းကြပ်မှုဆိုင်ရာ နောက်ဆုံးစီရင်ချက် ထုတ်ပြန်ပြီးနောက် ဘက်အသီးသီးက မည်သို့ တုံ့ပြန်မှု ရှိသနည်း။ အမေရိကန်ပြည်တွင်း၌ အခွန်စည်းကြပ်မှုမူဝါဒအပေါ် အဖက်ဖက်မှ အားပြိုင်မှုများသည် မည်သည့်ဦးတည်ချက်ကို လျှောက်လှမ်းမည်နည်း။
ဘက်အသီးသီးက မည်သို့ တုံ့ပြန်မှု ရှိသနည်း
အမေရိကန် သမ္မတ ထရမ့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း၌ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ” ကို အကြိမ်ကြိမ် မှီငြမ်း၍ အခွန်စည်းကြပ်မှုများ အကြီးအကျယ်လုပ်ဆောင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် အမေရိကန် အသေးစား ကုမ္ပဏီလုပ်ငန်း ၅ ခုနှင့် ပြည်နယ် ၁၂ ခု တို့က ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ ဖက်ဒရယ်အစိုးရအပေါ် တရားစွဲဆိုခဲ့သည်။ တရားရုံးချုပ် စီရင်ချက်မချသေးမီ လက်အောက်ခံတရားရုံးများက အစိုးရ၏ စည်းကြပ်ခွန်မူဝါဒများသည် တရားဥပဒေချိုးဖောက်ကြောင်း စီရင်ချက်ချထားပြီး ဖြစ်သည်။
အမေရိကန် တရားရုံးချုပ်က ဖေဖော်ဝါရီ ၂၀ ရက်တွင် မဲရလဒ် ၆ မဲ၊ ၃ မဲဖြင့် အကြီးစား အခွန်စည်းကြပ်မှု မူဝါဒများသည် တရားဥပဒေနှင့်မလျော်ညီကြောင်း ဆုံးဖြတ်ခဲ့သည်။ တရားသူကြီးချုပ် John Roberts က အများစု တရားသူကြီးများ ကိုယ်စားရေးသားသော သဘောထားမှတ်ချက်တွင် လွှတ်တော်က အခြားသူအား အခွန်စည်းကြပ်ခွင့်အာဏာ ကျင့်သုံးရန် ပေးအပ်ချိန်တွင် တိကျရှင်းလင်းသောပြဋ္ဌာန်းချက်များနှင့် တင်းကျပ်သည့်အကန့်အသတ်များ ထားရှိကြောင်း၊ သို့သော် “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ” တွင် ယင်းကဲ့သို့ အခွန်စည်းကြပ်ခွင့် အာဏာမျိုး အပ်နှင်းထားခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။
ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ၎င်းအနေဖြင့် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အပေါ် “အလွန်အမင်း စိတ်ပျက်မိကြောင်း” ပြောကြားခဲ့သည်။ အခြားတစ်ဖက်တွင်မူ အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Chuck Schumer စသည့် ပုဂ္ဂိုလ်များက တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်သည် “ကြီးမားသည့် အောင်နိုင်မှု” ဖြစ်သည်ဟု ပြောဆိုကြသည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန် ပြည်တွင်း၌ ဒီမိုကရက်တစ်ပါတီနှင့် စီးပွားရေးလောကမှ ကောက်ခံထားသော စည်းကြပ်ခွန်များကို ပြန်အမ်းပေးရန် တောင်းဆိုသံများ ပွက်ပွက်ညံလျက်ရှိသည်။
စီရင်ချက်ထုတ်ပြန်ပြီးနောက် ဥရောပသမဂ္ဂက အမေရိကန်ဘက်ကို “ကုန်သွယ်မှုဆက်ဆံရေး၏ ကြိုတင်ခန့်မှန်းနိုင်မှု” ထိန်းထားရန် တိုက်တွန်းပြောကြားခဲ့သည်။ ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ Olof Gill က ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်ဘက်က “စီရင်ဆုံးဖြတ်ချက်အား မည်သည့်အစီအမံများဖြင့် တုံ့ပြန်မည်ကို အတိအလင်းအတည်ပြုရန်” စောင့်ဆိုင်းနေကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။ ဂျာမနီ စက်မှုနှင့် ကုန်သည်ကြီးများအသင်းချုပ် (DIHK) က အမေရိကန်အနေဖြင့် အခွန်အသစ်များကို ထင်သလို ထပ်မံစည်းကြပ်ရန်မှာ ပို၍ခက်ခဲနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကနေဒါက အမေရိကန်တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ကနေဒါ-အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကနေဒါအစိုးရတာဝန်ခံ ဝန်ကြီး Dominic LeBlanc က အဆိုပါစီရင်ချက်မှာ အမေရိကန်ဘက်က “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ” အရ ကနေဒါအပေါ် စည်းကြပ်ခွန်ကောက်ခံခြင်းမှာ “အဓိပ္ပာယ်မဲ့သည်” ဟူသော ကနေဒါဘက်က ရေရှည်ရပ်တည်ချက်ကို ပိုမိုအထောက်အပံ့ဖြစ်စေကြောင်း လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။
ဂျပန်အစိုးရအနေဖြင့် အမေရိကန်သို့ ကုန်ပစ္စည်းတင်ပို့မှု ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့်အပေါ် အထူး သတိပြုလျက်ရှိကြောင်း၊ အသေးစိတ်သတင်းအချက်အလက်များကို အမေရိကန်ဘက်နှင့် အတည်ပြုလျက်ရှိကြောင်း ကျိုဒိုသတင်းဌာနက သတင်းဖော်ပြထားသည်။
ဘရာဇီး ဒုတိယ သမ္မတနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီး Geraldo Alckmin က စီရင်ချက်က “ဘရာဇီးအတွက် အလွန်အရေးကြီးကြောင်း”၊ နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုများကို သတိထား စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စည်းကြပ်ခွန် အစီအမံသစ်များ ထရမ့်အစိုးရ ကြေညာ
စီရင်ချက်ချသည့်နေ့တွင်ပင် အမေရိကန် အိမ်ဖြူတော်ဝက်ဘ်ဆိုက်က ထရမ့်လက်မှတ်ရေးထိုးသော အမိန့်တစ်ရပ်ကို ထုတ်ပြန်ပြီး ယင်းမတိုင်မီ “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ” ကို ကိုးကား၍ ထုတ်ပြန်ခဲ့သည့် သက်ဆိုင်ရာ စည်းကြပ်ခွန်အစီအမံများကို အဆုံးသတ်လိုက်ကြောင်း အတည်ပြုခဲ့သည်။
အမေရိကန် တရားရုံးချုပ်က တရားဥပဒေချိုးဖောက်ကြောင်း စီရင်ဆုံးဖြတ်ခဲ့သည့် စည်းကြပ်ခွန်များကို အစားထိုးရန်အတွက် ထရမ့်က နိုင်ငံနှင့် ဒေသအားလုံးမှ လာသော ကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်ရန် ဖေဖော်ဝါရီ ၂၀ ရက်တွင် စာရွက်စာတမ်းများ လက်မှတ်ရေးထိုးခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်တွင် ထရမ့်က ယင်းအခွန်နှုန်းထားကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြောင်း ကြေညာခဲ့ပြန်သည်။ အဆိုပါဆုံးဖြတ်ချက်မှာ “၁၉၇၄ ခုနှစ် ကုန်သွယ်ရေး ဥပဒေ” ပုဒ်မ ၁၂၂ အရ ထုတ်ပြန်ခြင်း ဖြစ်သည်။ ၎င်းပုဒ်မတွင် ဖက်ဒရယ်အစိုးရကို အများဆုံး အခွန် ရက်ပေါင်း ၁၅၀ ကောက်ခံခွင့် ပြုထားပြီး သက်တမ်းတိုးရန်အတွက် လွှတ်တော်၏သဘောတူညီချက် မဖြစ်မနေရရှိရန် လိုအပ်သည်။
ထရမ့်က ၎င်းတွင် အခြားရွေးချယ်စရာ များစွာရှိကြောင်း၊ အမေရိကန်က အခြားနိုင်ငံနှင့် ကုမ္ပဏီလုပ်ငန်းများ၏ မမျှတသည့် ကုန်သွယ်ရေးလုပ်ရပ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ရန်အတွက် အမေရိကန်အစိုးရအနေဖြင့် “၁၉၇၄ ခုနှစ် ကုန်သွယ်ရေး ဥပဒေ” ပုဒ်မ ၃၀၁ အရ “မမျှတသော ကုန်သွယ်ရေးလုပ်ရပ်” ဟူသော စုံစမ်းစစ်ဆေးမှုအချို့ကို စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ထရမ့်အစိုးရသည် အခြားနည်းလမ်းများမှတစ်ဆင့် အခွန်စည်းကြပ်ခြင်းနှင့်အတူ ၂၀၂၆ ခုနှစ် အမေရိကန်အစိုးရ၏ စည်းကြပ်ခွန်ဝင်ငွေမှာ “ပြောင်းလဲမှု မရှိသလောက်နီးပါးဖြစ်မည်” ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။
အမေရိကန် Think Tank အဖွဲ့ဖြစ်သည့် The Conference Board ၏ အကြီးတန်း စီးပွားရေးပညာရှင် Erin McLaughlin က တရားရုံးချုပ်၏ စီရင်ချက်မှာ ထရမ့်အစိုးရအတွက်ဆိုလျှင် “ထိုးနှက်ချက်” တစ်ခုဖြစ်ကြောင်း ဆိုသည်။
ထရမ့်အစိုးရက “၁၉၆၂ ခုနှစ် ကုန်သွယ်ရေး တိုးချဲ့မှု ဥပဒေ” ပုဒ်မ ၂၃၂ ၊ “၁၉၇၄ ခုနှစ် ကုန်သွယ်ရေး ဥပဒေ” ပုဒ်မ ၂၀၁ ၊ ပုဒ်မ ၃၀၁၊ ပုဒ်မ ၁၂၂ နှင့် ၁၉၃၀ ပြည့်နှစ် “စမုတ်-ဟောလီ စည်းကြပ်ခွန် ဥပဒေ” ပုဒ်မ ၃၃၈ စသည်တို့ကို ကိုးကား၍ အခွန်တိုးမြှင့်စည်းကြပ်နိုင်ကြောင်း၊ သို့သော် လုပ်ထုံးလုပ်နည်း သို့မဟုတ် အခွန်နှုန်းထား စသည့်ကဏ္ဍများတွင် အကန့်အသတ်များစွာ ရှိကြောင်း သုံးသပ်သူများက ထောက်ပြကြသည်။
စည်းကြပ်ခွန်ဆိုင်ရာ အားပြိုင်မှုများ မည်သည့်ဦးတည်ချက်သို့ လျှောက်လှမ်းမည်နည်း
လက်ရှိကြည့်လျှင် ထရမ့်အစိုးရ၏ စည်းကြပ်ခွန်မူဝါဒများသည် တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်မှုကြောင့် ဦးတည်ချက် ချိုးကွေ့ပြောင်းလဲခြင်း မရှိဘဲ အခြားနည်းလမ်းဖြင့် ဆက်လက်၍ အခွန်တိုးမြှင့် ကောက်ခံလျက်ရှိသည်။ အနာဂတ်တွင် အမေရိကန် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီနှစ်ရပ်၊ အစိုးရနှင့် စီးပွားရေးလောက၊ အမေရိကန်နှင့် ကုန်သွယ်ရေးမိတ်ဖက်များအကြားတွင် စည်းကြပ်ခွန်နှင့် သက်ဆိုင်သည့် အားပြိုင်မှုများ ဆက်လက်ရှိနေဦးမည် ဖြစ်ပေသည်။
Chuck Schumer စသည့်သူများ၏ “ကုန်သွယ်ရေး စစ်ပွဲအဆုံးသတ်ရန်” တောင်းဆိုသံများကို ရင်ဆိုင်ရာတွင် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ၊ ရီပက်ဘလစ်ကန်ပါတီဝင် Mike Johnson က လွှတ်တော်နှင့် ဖက်ဒရယ်အစိုးရသည် ရှေ့ဆက်သွားမည့် အကောင်းဆုံးလမ်းကြောင်းကို လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စည်းကြပ်ခွန်ကို ပြည်ပ ပို့ကုန်လုပ်ငန်းရှင်များက တာဝန်ယူကျခံရမည်ဖြစ်ပြီး အမေရိကန်အတွက် ကြီးမားသော ဝင်ငွေကို ဖော်ဆောင်ပေးမည်ဟု အမေရိကန် အစိုးရက ထိုမတိုင်မီ အကြိမ်ပေါင်းများစွာ ကြေညာခဲ့စေကာမူ လတ်တလောကာလအတွင်း သုတေသနရလဒ်များတွင် တိုးမြှင့်လိုက်သည့် စည်းကြပ်ခွန်များကို အဓိကအားဖြင့် အမေရိကန် လုပ်ငန်းရှင်များနှင့် စားသုံးသူများကသာ ကျခံနေရသည်ဟု ဖော်ပြထားသည်။ ငွေကြေးဖောင်းပွမှု ဖိအားမြင့်တက်လာခြင်းကြောင့် ထိုမတိုင်မီ ထရမ့်အစိုးရက ကော်ဖီ စသည့် သွင်းကုန်ပစ္စည်းများအပေါ် တိုးမြှင့်စည်းကြပ်ထားသည့် အခွန်အခများကို ဖယ်ရှားခဲ့ရပြီးဖြစ်သလို ပရိဘောဂအခွန် တိုးမြှင့်စည်းကြပ်မှုများကိုလည်း ရွှေ့ဆိုင်းခဲ့သည်။
အဖက်ဖက်မှ အာရုံစိုက် ဂရုပြုကြသည့် အခြားအချက်တစ်ခုမှာ လုပ်ငန်းရှင်များအနေဖြင့် အခွန်ပြန်အမ်းငွေကို အဆင်ပြေပြေရရှိနိုင်ခြင်း ရှိ၊ မရှိပင် ဖြစ်သည်။ အမေရိကန် ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ် Wharton စီးပွားရေးကျောင်း၏ ဘတ်ဂျက် တွက်ချက်မှုပုံစံနှင့်အညီ ခန့်မှန်းတွက်ချက်မှုများအရ တရားရုံးချုပ်၏ စည်းကြပ်ခွန်ဆိုင်ရာ နောက်ဆုံး စီရင်ချက်နှင့်သက်ဆိုင်သည့် အခွန်ပြန်အမ်းငွေပမာဏမှာ ကန်ဒေါ်လာ ၁၇၅ ဘီလီယံ ရှိကြောင်း သိရသည်။ အမေရိကန် သွင်းကုန်လုပ်ငန်းရှင်များနှင့် အစိုးရတို့အကြား အခွန်ပြန်အမ်းငွေနှင့်စပ်လျဉ်း၍ ရေရှည်တိုက်ပွဲဝင်ရနိုင်ခြေ ရှိသည်။
KPMG စာရင်းကိုင်လုပ်ငန်း ထိပ်တန်း စီးပွားရေးပညာရှင် Diane Swonk က တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်အပေါ် အလွန်အမင်း အကောင်းမြင်၍ မရဟု ယူဆသည်။ တရားရုံးချုပ် တရားသူကြီးများက အခွန်ပြန်အမ်းငွေအတွက် ရွေးချယ်စရာအလားအလာများ ချန်ထားသော်လည်း အခွန်ပြန်အမ်းသည့်လုပ်ငန်းစဉ်တွင် စာရွက်စာတမ်း အများအပြား တင်ပြရန် လိုအပ်မည်ဟု ခန့်မှန်းရရာ အိပ်မက်ဆိုးတစ်ခု ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ထရမ့်ကမူ ကောက်ခံထားသည့် စည်းကြပ်ခွန်များကို မည်သို့ စီမံရမည်ကို ရှင်းလင်းစွာ မသိရသေးကြောင်းနှင့် ယင်းပြဿနာကို တရားချုပ်က ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ အကယ်၍ အမေရိကန် နိုင်ငံတကာကုန်သွယ်ရေးတရားရုံးက နောက်ဆုံးတွင် အခွန်ပြန်အမ်းသည့် လုပ်ငန်းစဉ်များကို တာဝန်ယူစီမံမည်ဆိုပါက အခွန်ပြန်အမ်းငွေ ရယူလိုသော မည်သည့် သွင်းကုန်လုပ်ငန်းရှင်မဆို တရားစွဲဆိုမှုများ မဖြစ်မနေပြုလုပ်ရမည် ဖြစ်သည်။
အမေရိကန်တွင် ဥပဒေအရ တရားစွဲမှုတွင် ပါဝင်လာသော လုပ်ငန်းပေါင်း ၁,၀၀၀ ကျော် ရှိပြီဖြစ်ရာ ပေးဆောင်ထားသော စည်းကြပ်ခွန်များကို အစိုးရပြန်အမ်းပေးရန် တောင်းဆိုထားကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။ တရားစွဲဆိုသူများတွင် Costco နှင့် Reebok စသည့် လုပ်ငန်းကြီးများ ပါဝင်ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
国际观察|美国内各方围绕关税角力仍将持续
美国最高法院日前公布裁决,认定美国《国际紧急经济权力法》没有授权总统征收大规模关税。美国最高法院关税终裁公布后,各方有何反应?美国内各方围绕关税政策的博弈将走向何方?
各方有何反应
美国总统特朗普2025年年初重返白宫后,多次援引《国际紧急经济权力法》推出大规模关税。去年4月,美国5家小企业和12个州分别就此对联邦政府发起诉讼。在最高法院裁决之前,下级法院已裁定政府一揽子关税政策违法。
美国最高法院20日以6比3的结果裁决大规模关税政策违法。首席大法官约翰·罗伯茨代表多数派大法官撰写的意见书说,国会在授权他人行使关税权力时会明确规定并加以严格限制,而《国际紧急经济权力法》中并无此类关税权力授权。
特朗普当天在新闻发布会上说,他对最高法院的裁决“深感失望”。另一方面,美国会参议院民主党领袖查克·舒默等人表示,最高法院裁决是“重大胜利”。同时,美国国内民主党与商界要求退还关税的呼声高涨。
欧盟在裁决公布后呼吁美方维持“贸易关系的可预测性”。欧盟委员会发言人奥洛夫·吉尔在声明中说,欧盟等待美方“明确将采取哪些措施来回应裁决”。德国工商总会发表声明说,美国再度肆意启动新关税可能会更困难。
加拿大对美最高法院的裁决表示欢迎。加拿大政府负责加美贸易的部长多米尼克·勒布朗在社交媒体上说,这一裁决进一步支持加方长期以来的立场,即美方根据《国际紧急经济权力法》加征关税“毫无道理”。
共同社报道,日本政府高度警惕对美出口出现混乱,正向美方确认详细信息。巴西副总统兼发展、工业与贸易部长阿尔克明表示,裁决“对巴西非常重要”,对后续发展持谨慎态度。
特朗普政府宣布新关税措施
就在裁决公布当天,美国白宫网站发布一项经特朗普签署的行政令,确认终止实施此前援引《国际紧急经济权力法》推出的相关关税措施。
为取代被美国最高法院裁定违法的关税,特朗普20日签署文件,对来自所有国家和地区的商品加征10%的关税。21日,特朗普又宣布将这一税率提高至15%。上述决定依据《1974年贸易法》第122条款发布。该条款允许联邦政府最多征收150天关税,延长须经国会同意。
特朗普表示,他有众多“其他选择”,美国政府将启动几项依据《1974年贸易法》第301条进行的所谓“不公平贸易行为”调查,以保护美国“免受其他国家和企业不公平贸易行为的侵害”。
美国财政部长贝森特称,随着特朗普政府通过其他途径加征关税,2026年美国政府关税收入预计“几乎不会发生变化”。
美国智库世界大型企业联合会高级经济学家埃琳·麦克劳克林说,最高法院的裁决对特朗普政府来说是一个“打击”。
分析人士指出,特朗普政府可援引《1962年贸易扩展法》第232条款、《1974年贸易法》第201条款、301条款、122条款,以及1930年《斯穆特-霍利关税法》第338条款等加征关税,但会在程序或税率等方面面临诸多限制。
关税博弈走向何方
目前来看,特朗普政府关税政策并未因最高法院裁决而转向,而是采取其他方案继续加征关税。未来,美国民主、共和两党,政府与商界,以及美国与贸易伙伴围绕关税的博弈仍将持续。
面对舒默等人发出的“结束贸易战”呼声,美国会众议院议长、共和党人迈克·约翰逊表示,国会和联邦政府将在未来几周就“最佳前进道路”作出决定。
尽管美国政府此前多次宣称,“关税由外国出口商承担”,给美国带来巨额收入,但近期多项研究结果显示,加征的关税主要由美国企业和消费者承担。由于通胀压力高企,特朗普政府此前已经取消对咖啡等进口商品的关税,也推迟了对家具加征关税。
各方关注的另一个焦点是,企业能否顺利获得退税。据美国宾夕法尼亚大学沃顿商学院的预算模型测算,最高法院关税终裁涉及的退税金额达1750亿美元。美国进口商与政府可能将围绕退税展开旷日持久的斗争。
毕马威会计师事务所首席经济学家戴安娜·斯旺克认为,不应对最高法院的裁决过于乐观。最高法院法官为退还关税留有选择空间,退税流程预计需要提交大量文件,“会是一场噩梦”。
特朗普称尚不清楚如何处理已征收的关税,并暗示这一问题将由法院裁决。若美国国际贸易法院最终负责处理退款流程,想要拿回税款的任何进口商都必须提起诉讼。
法庭记录显示,美国已经有超过1000家企业加入法律诉讼,要求政府返还已缴纳的关税。参与起诉的包括开市客、锐步等大型企业。(完)
1. 1月22日,美国总统特朗普在瑞士达沃斯举行的世界经济论坛2026年年会上讲话。新华社记者 连漪 摄
